အမ်ိဳးသမီးမ်ားသည္ အမ်ိဳးသားမ်ားထက္ ကားေမာင္းေတာ္ေၾကာင္း စစ္တမ္္းတစ္ခု ေဖာ္ျပ


Zawgyiျဖင့္ဖတ္ရန္


ယူေကမွာ ေကာက္ယူခဲ့တဲ့ စစ္တမ္းတစ္ခုမွာေတာ့ ကားေမာင္းေတာ္တဲ့သူေတြဟာ အမ်ိဳးသားမ်ားမဟုတ္ဘဲ၊ အမ်ိဳးသမီးမ်ားသာ ျဖစ္ေၾကာင္း ေတြ႕ရွိခဲ့တယ္လုိ႔ ဆုိပါတယ္။ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ ကားေမာင္းရာမွာ ပုိၿပီးလုံၿခဳံစိတ္ခ်ရၿပီး၊ ပုိၿပီးေတာ့လည္း ေတာ္ၾကတယ္လုိ႔ Confused.com က ျပဳလုပ္ခဲ့တဲ့ အဲဒီစစ္တမ္းက ဆုိပါတယ္။

ဒီစစ္တမ္းကုိေတာ့ ယာဥ္စမ္းကမ္းလမ္းစည္းကမ္းဆုိင္ရာ ဥပေဒခ်ိဳးေဖာက္ျခင္း ရွိမရွိနဲ႔ တုိင္းတာခဲ့တာျဖစ္ၿပီး၊ တကယ္ကားေမာင္း ကၽြမ္းက်င္သူေတြဟာ ယာဥ္စည္းကမ္း လမ္းစည္းကမ္းကိုလည္း လုိက္နာၾကသလုိ၊ ကားကိုလည္း သူမ်ားထက္ ပုိၿပီးကၽြမ္းက်င္ေအာင္ ေမာင္းႏွင္ႏုိင္ၾကပါတယ္။

အဂၤလန္နဲ႔ ေဝးလ္မွာ ၿပီးခဲ့တဲ့ (၂၀၁၈)ခုႏွစ္က ယာဥ္စမ္းကမ္း လမ္းစည္းကမ္းခ်ိဳးေဖာက္ခဲ့လုိ႔ အေရးယူခံရမႈ (၅၃၉၀၀၀)ထဲမွာ အမ်ိဳးသားေတြက (၇၉)%နဲ႔ အမ်ားဆုံးက်ဴးလြန္ထားပါတယ္။ ဆုိရရင္ ဒီယာဥ္စမ္းခ်ိဳးေဖာက္သူေတြထဲမွာ အမ်ိဳးသား (၄၂၅၈၁၀)အထိ ပါဝင္ခဲ့ၿပီး အမ်ိဳးသမီးေတြကေတာ့ (၁၁၃၁၉၀)သာ ပါဝင္ခဲ့တဲ့ သေဘာပါ။

သတ္မွတ္ျမန္ႏႈန္းထက္ ပိုေမာင္းသူေတြထဲမွာ အမ်ိဳးသမီးေတြဟာ (၇)%သာရွိၿပီး၊ မူး/ေမာင္းမႈနဲ႔ အေရးယူခံရသူေတြမွာေတာ့ အမ်ိဳးသားေတြက (၅)ဆအထိ ပုိမ်ားေနတယ္လုိ႔ ဆုိပါတယ္။ လမ္းေပၚမွာ အမွားျပဳလုပ္မႈမွာလည္း အမ်ိဳးသားေတြက (၂)ဆပုိသာၿပီး၊ အာမခံေတာင္းဆုိမႈမွာလည္း အမ်ိဳးသားေတြက (၂)ဆ ပိုမ်ားတယ္လုိ႔ သိရပါတယ္။

သုိ႕ေသာ္လည္း ယာဥ္ေမာင္းလိုင္စင္အတြက္ လက္ေတြ႕ကားေမာင္းျပတဲ့အခါမွာေတာ့ အမ်ိဳးသားေတြက ေအာင္ျမင္တာ ပုိျမန္ၿပီး၊ အမ်ိဳးသမီးေတြကေတာ့ ယာဥ္ေမာင္းလုိင္စင္ ေလွ်ာက္ထားတဲ့အခါမွာ မၾကာခဏ က်႐ႈံးတတ္တယ္လုိ႔ သိရပါတယ္။ ယမန္ႏွစ္က အဂၤလန္နဲ႔ေဝးလ္မွာ ယာဥ္ေမာင္းေလွ်ာက္ထားသူ (၁.၆)သန္း ရွိခဲ့ၿပီး၊ (၅၅)% က်႐ႈံးခဲ့ပါတယ္။ ဒီအထဲမွာ (၃၁)%ဟာ အမ်ိဳးသမီးေတြ ျဖစ္ေနပါတယ္။

ဒီလုိပဲ လုိင္စင္ေအာင္ျမင္တဲ့ (၄၅)%အနက္၊ (၂၂)%က အမိ်ဳးသမီးေတြျဖစ္ၿပီး၊ (၂၃)%က အမ်ိဳးသားေတြျဖစ္ေၾကာင္း သိရပါတယ္။ အျခားစစ္တမ္းတစ္ခုမွာေတာ့ Ford ကားေမာင္းသူေတြဟာ အဆုိးဆုံးျဖစ္ေၾကာင္း ေဖာ္ျပထားေၾကာင္း သိရပါတယ္။ သုိ႔ေပမယ့္ BMW ကားသမားေတြကေတာ့ နေမာ္နမဲ့ကားေမာင္းမႈ၊ အရွိန္ျပင္းစြာ ကားေမာင္းမႈမွာ ဦးေဆာင္ေနပါတယ္။

လင္းသူရိန္

Credit:shwemom

Unicodeဖြင့်ဖတ်ရန်

အမျိုးသမီးများသည် အမျိုးသားများထက် ကားမောင်းတော်ကြောင်း စစ်တမ်းတစ်ခု ဖော်ပြ

ယူကေမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ခုမှာတော့ ကားမောင်းတော်တဲ့သူတွေဟာ အမျိုးသားများမဟုတ်ဘဲ၊ အမျိုးသမီးများသာ ဖြစ်ကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ကားမောင်းရာမှာ ပိုပြီးလုံခြုံစိတ်ချရပြီး၊ ပိုပြီးတော့လည်း တော်ကြတယ်လို့ Confused.com က ပြုလုပ်ခဲ့တဲ့ အဲဒီစစ်တမ်းက ဆိုပါတယ်။

ဒီစစ်တမ်းကိုတော့ ယာဉ်စမ်းကမ်းလမ်းစည်းကမ်းဆိုင်ရာ ဥပဒေချိုးဖောက်ခြင်း ရှိမရှိနဲ့ တိုင်းတာခဲ့တာဖြစ်ပြီး၊ တကယ်ကားမောင်း ကျွမ်းကျင်သူတွေဟာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကိုလည်း လိုက်နာကြသလို၊ ကားကိုလည်း သူများထက် ပိုပြီးကျွမ်းကျင်အောင် မောင်းနှင်နိုင်ကြပါတယ်။

အင်္ဂလန်နဲ့ ဝေးလ်မှာ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်က ယာဉ်စမ်းကမ်း လမ်းစည်းကမ်းချိုးဖောက်ခဲ့လို့ အရေးယူခံရမှု (၅၃၉၀၀၀)ထဲမှာ အမျိုးသားတွေက (၇၉)%နဲ့ အများဆုံးကျူးလွန်ထားပါတယ်။ ဆိုရရင် ဒီယာဉ်စမ်းချိုးဖောက်သူတွေထဲမှာ အမျိုးသား (၄၂၅၈၁၀)အထိ ပါဝင်ခဲ့ပြီး အမျိုးသမီးတွေကတော့ (၁၁၃၁၉၀)သာ ပါဝင်ခဲ့တဲ့ သဘောပါ။

သတ်မှတ်မြန်နှုန်းထက် ပိုမောင်းသူတွေထဲမှာ အမျိုးသမီးတွေဟာ (၇)%သာရှိပြီး၊ မူး/မောင်းမှုနဲ့ အရေးယူခံရသူတွေမှာတော့ အမျိုးသားတွေက (၅)ဆအထိ ပိုများနေတယ်လို့ ဆိုပါတယ်။ လမ်းပေါ်မှာ အမှားပြုလုပ်မှုမှာလည်း အမျိုးသားတွေက (၂)ဆပိုသာပြီး၊ အာမခံတောင်းဆိုမှုမှာလည်း အမျိုးသားတွေက (၂)ဆ ပိုများတယ်လို့ သိရပါတယ်။

သို့သော်လည်း ယာဉ်မောင်းလိုင်စင်အတွက် လက်တွေ့ကားမောင်းပြတဲ့အခါမှာတော့ အမျိုးသားတွေက အောင်မြင်တာ ပိုမြန်ပြီး၊ အမျိုးသမီးတွေကတော့ ယာဉ်မောင်းလိုင်စင် လျှောက်ထားတဲ့အခါမှာ မကြာခဏ ကျရှုံးတတ်တယ်လို့ သိရပါတယ်။ ယမန်နှစ်က အင်္ဂလန်နဲ့ဝေးလ်မှာ ယာဉ်မောင်းလျှောက်ထားသူ (၁.၆)သန်း ရှိခဲ့ပြီး၊ (၅၅)% ကျရှုံးခဲ့ပါတယ်။ ဒီအထဲမှာ (၃၁)%ဟာ အမျိုးသမီးတွေ ဖြစ်နေပါတယ်။

ဒီလိုပဲ လိုင်စင်အောင်မြင်တဲ့ (၄၅)%အနက်၊ (၂၂)%က အမျိုးသမီးတွေဖြစ်ပြီး၊ (၂၃)%က အမျိုးသားတွေဖြစ်ကြောင်း သိရပါတယ်။ အခြားစစ်တမ်းတစ်ခုမှာတော့ Ford ကားမောင်းသူတွေဟာ အဆိုးဆုံးဖြစ်ကြောင်း ဖော်ပြထားကြောင်း သိရပါတယ်။ သို့ပေမယ့် BMW ကားသမားတွေကတော့ နမော်နမဲ့ကားမောင်းမှု၊ အရှိန်ပြင်းစွာ ကားမောင်းမှုမှာ ဦးဆောင်နေပါတယ်။

လင်းသူရိန်

Credit:shwemom

မှတ်ချက်များ