ခင္ပြန္းျဖစ္သူ လင္းလင္းေတာင္ မမွတ္မိႏိုင္ေလာက္ေအာင္ အမိုက္စားလွေနတဲ့ ခ်စ္သုေဝ
Zawgyi ျဖင့္ဖတ္ရန္
ဆရာဝန္၊ အဆိုေတာ္၊ သ႐ုပ္ေဆာင္ ဘက္စုံထူးခြၽန္တဲ့ ခ်စ္သုေဝဟာ လူႀကီး၊ လူငယ္မေ႐ြး ႀကိဳက္ႏွစ္သက္ အားေပးျခင္းခံရသူေလး တစ္ေယာက္ပါ။ ခ်စ္သုေဝက သူမရဲ႕ အႏုပညာသက္တမ္း (၁၀) ႏွစ္ေက်ာ္အတြင္း ေအာင္ျမင္မႈေတြမ်ားစြာ ရရွိခဲ့ၿပီး တစ္ေန႔တစ္ျခား ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို ပိုင္ဆိုင္ရရွိထားတာပဲ ျဖစ္ပါတယ္။ ခ်စ္သုေဝက အခုလက္ရွိမွာလည္း ခ်စ္စရာေကာင္းတဲ့ မိသားစုေလးနဲ႔အတူတူ သာယာေပ်ာ္႐ႊင္တဲ့ ဘဝေလးကို တည္ေဆာက္ထားတာ ျဖစ္ပါတယ္။
ဒီတစ္ေခါက္မွာေတာ့ ခ်စ္သုေဝက ခ်စ္စရာေကာင္းၿပီး ဆြဲေဆာင္မႈရွိတဲ့ ပုံရိပ္ေတြကို မွ်ေဝေပးထားတာကို ေတြ႕ရပါတယ္။ ပရိသတ္ေတြအတြက္ ခ်စ္သုေဝရဲ႕ ပုံရိပ္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
ခ်စ္သုေဝက ရတနာဆိုင္ ပြဲတစ္ခုမွာ သီခ်င္းဆို ေဖ်ာ္ေျဖၿပီး တက္ေရာက္ခဲ့တာပဲ ျဖစ္ပါတယ္။ ခ်စ္သုေဝက အနက္ေရာင္ဝတ္စုံေလးကို အထာက်က် ဝတ္ဆင္ထားၿပီး မမွတ္မိႏိုင္ေလာက္ေအာင္ လွေနတာပဲ ျဖစ္ပါတယ္။
ခ်စ္သုေဝက ""လူတိုင္းမွာ စိတ္အေမွာင္ေတြဆိုတာအနည္းနဲ႔အမ်ား ရွိၾကတာပါပဲ။ ဒါေတြကို အသိ၊ သတိနဲ႔ ဘယ္လိုထိန္းကြပ္ႏိုင္တယ္ဆိုတဲ့ အရာေတြကပဲ ကိုယ့္တန္ဖိုးကို တက္ေစ၊ က်ေစတာ" ဆိုၿပီး တန္ဖိုးရွိတဲ့ စာစုေလးကို မွ်ေဝထားပါတယ္။
"အိမ္မွဦးဘုဂလန႔္မွာ ပုံမ်ားကိုၾကည့္၍ ဤပုံမ်ားမွာေဒၚထရီဇာမဟုတ္ေၾကာင္း၊ ဟန္ေဆာင္ထားတာႀကီးသာျဖစ္ေၾကာင္း၊ အားေပးစကားမ်ားေျပာၾကား၍ ကိုယ့္ဘာသာ ဟုတ္လွၿပီထင္ေနေသာ ေဒၚထရီဇာမွာ ဘာေျပာရမည္ေတာင္ မသိေတာ့ပါေၾကာင္း၊ အားငယ္သြားေၾကာင္း၊ ဘယ္ေတာ့မွအမိုက္စား တည္လို႔ရမွာ မဟုတ္ေၾကာင္း နားလည္သြားရပါတယ္လို႔။" ဆိုၿပီး သူမကိုယ္သူမ ေျပာထားပါေသးတယ္။
ခ်စ္သုေဝကေတာ့ ကေလးႏွစ္ေယာက္ အေမလို႔ မထင္ရေလာက္ေအာင္ အရမ္းလန္းေနတာပဲေနာ္။ ပရိသတ္ႀကီးလည္း ခ်စ္စရာေကာင္းတဲ့ ခ်စ္သုေဝရဲ႕ ပုံရိပ္ေတြကို သေဘာက်ၾကမယ္ ထင္ပါတယ္။
Credit : momolay
Unicode ဖြင့်ဖတ်ရန်
ခင်ပွန်းဖြစ်သူ လင်းလင်းတောင် မမှတ်မိနိုင်လောက်အောင် အမိုက်စားလှနေတဲ့ ချစ်သုဝေ
ဆရာဝန်၊ အဆိုတော်၊ သရုပ်ဆောင် ဘက်စုံထူးချွန်တဲ့ ချစ်သုဝေဟာ လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက် အားပေးခြင်းခံရသူလေး တစ်ယောက်ပါ။ ချစ်သုဝေက သူမရဲ့ အနုပညာသက်တမ်း (၁၀) နှစ်ကျော်အတွင်း အောင်မြင်မှုတွေများစွာ ရရှိခဲ့ပြီး တစ်နေ့တစ်ခြား ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ရရှိထားတာပဲ ဖြစ်ပါတယ်။ ချစ်သုဝေက အခုလက်ရှိမှာလည်း ချစ်စရာကောင်းတဲ့ မိသားစုလေးနဲ့အတူတူ သာယာပျော်ရွှင်တဲ့ ဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာတော့ ချစ်သုဝေက ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်တွေကို မျှဝေပေးထားတာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ချစ်သုဝေရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ချစ်သုဝေက ရတနာဆိုင် ပွဲတစ်ခုမှာ သီချင်းဆို ဖျော်ဖြေပြီး တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်သုဝေက အနက်ရောင်ဝတ်စုံလေးကို အထာကျကျ ဝတ်ဆင်ထားပြီး မမှတ်မိနိုင်လောက်အောင် လှနေတာပဲ ဖြစ်ပါတယ်။
ချစ်သုဝေက ""လူတိုင်းမှာ စိတ်အမှောင်တွေဆိုတာအနည်းနဲ့အများ ရှိကြတာပါပဲ။ ဒါတွေကို အသိ၊ သတိနဲ့ ဘယ်လိုထိန်းကွပ်နိုင်တယ်ဆိုတဲ့ အရာတွေကပဲ ကိုယ့်တန်ဖိုးကို တက်စေ၊ ကျစေတာ" ဆိုပြီး တန်ဖိုးရှိတဲ့ စာစုလေးကို မျှဝေထားပါတယ်။
လက်ရှိ နာမည်ကြီးနေတဲ့ MV နဲ့ပတ်သက်ပြီး ဆင်ဆာလူကြီးတွေကို ရှက်တက်ဖို့ ပြောလာတဲ့ ဂစ်တာ နိုင်ဇော်
"အိမ်မှဦးဘုဂလန့်မှာ ပုံများကိုကြည့်၍ ဤပုံများမှာဒေါ်ထရီဇာမဟုတ်ကြောင်း၊ ဟန်ဆောင်ထားတာကြီးသာဖြစ်ကြောင်း၊ အားပေးစကားများပြောကြား၍ ကိုယ့်ဘာသာ ဟုတ်လှပြီထင်နေသော ဒေါ်ထရီဇာမှာ ဘာပြောရမည်တောင် မသိတော့ပါကြောင်း၊ အားငယ်သွားကြောင်း၊ ဘယ်တော့မှအမိုက်စား တည်လို့ရမှာ မဟုတ်ကြောင်း နားလည်သွားရပါတယ်လို့။" ဆိုပြီး သူမကိုယ်သူမ ပြောထားပါသေးတယ်။
ချစ်သုဝေကတော့ ကလေးနှစ်ယောက် အမေလို့ မထင်ရလောက်အောင် အရမ်းလန်းနေတာပဲနော်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ချစ်သုဝေရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Credit : momolay




မှတ်ချက်များ