ပုစြန္ထုပ္ေခ်းေဖာက္စဥ္၊ လက္ကိုဓားနဲ႔ထိမိရာက ေရာဂါကူးစက္ၿပီး ေသဆုံးခဲ့ရတဲ့အမ်ိဳးသား


Zawgyiျဖင့္ဖတ္ရန္

တ႐ုတ္ႏုိ္င္ငံ၊ Hangzhou မွာေနထိုင္တဲ့ အမ်ိဳးသားတစ္ေယာက္ဟာ ပုဇြန္ထုပ္ခ်က္ျပဳတ္စားေသာက္ဖုိ႔အတြက္ ေခ်းေဖာက္စဥ္မွာ အမွတ္မထင္၊ လက္ကို ဓားရွခဲ့ပါတယ္။ ဓားဒဏ္ရာကေတာ့ သာမန္အားျဖင့္ အေသးစား ေသြးထြက္မႈသာ ျဖစ္ခဲ့ေသာ္လည္း၊ အဲဒီအမိ်ဳးးသားဟာ ထင္မွတ္မထားတဲ့ ေရာဂါကူးစက္မႈကို ခံခဲ့ရၿပီး၊ (၃)ရက္အၾကာမွာ ေသဆုံးသြားခဲ့ေၾကာင္း တရုတ္ျပည္တြင္း မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။

အမ်ိဳးသားျဖစ္သူရဲ႕အမည္ကုိ Wang လုိ႔သာ ေဖာ္ျပထားၿပီး၊ သူဟာ ဓားထိခံခဲ့ရတဲ့ေနရာကေန ေသေစႏုိင္တဲ့ျပင္းထန္ ဘက္တီးရီးယားေတြ ကူးစက္ခံခဲ့ရတာ ျဖစ္ပါတယ္။ လက္ကုိ ဓားထိၿပီး သိပ္မၾကာခင္မွာပဲ ညာဘက္ေျခေထာက္ ေရာင္ကုိင္းလာခဲ့ၿပီး၊ မီးေလာင္ဖုကဲ့သုိ႔ ျပည္တည္နာေတြ ျဖစ္လာခဲ့ပါတယ္။

အေျခအေနက လုံးဝ မသက္သာလာလုိ႔ သူ႕ကို ေဆြမ်ိဴးေတြက အေရးေပၚေဆး႐ုံပုိ႔ခဲ့ပါတယ္။ စစ္ေဆးမႈအရ Wang ရဲ႕ ကိုယ္တြင္းအဂၤါေတြရဲ႕အလုပ္လုပ္မႈဟာ ကေမာက္ကမေတြ ျဖစ္ေနတာမုိ႔ ေဒါက္တာေတြက လူနာကုိ Intensive Care Unit (ICU) မွာ အျမန္ေျပာင္းေရႊ႕ၿပီး အေရးေပၚကုသမႈ ေပးခဲ့ရပါတယ္။

အဲဒီေနာက္ အဖ်ားက ျပင္းထန္လာခဲ့ၿပီး၊ ကုိမာဝင္သြားပါတယ္။ မိသားစုဝင္ေတြဟာ အဲဒီေတာ့မွ စုိးရိမ္ရေကာင္းမွန္း သိၾကပါတယ္။ ေဒါက္တာေတြကလည္း လူနာရဲ႕ျဖစ္စဥ္အတြက္ အေတာ္ေလး စဥ္းစားရခက္ေနၿပီး၊ ဘာေၾကာင့္ ဒီလုိျဖစ္တယ္ဆုိတာကို တပ္အပ္မေျပာႏုိင္ခဲ့ပါဘူး။ ေဒါက္တာေတြက မိသားစုဝင္ေတြကို ထူးျခားျဖစ္စဥ္ ေမးတဲ့အခါ Wang ဟာ ၿပီးခဲ့တဲ့(၃)ရက္က ေစ်းကိုသြားၿပီး ပုဇြန္ထုပ္ဝယ္ခဲ့ေၾကာင္း၊ ေခ်းေဖာက္ရာ လက္ကို ဓားထိခဲ့ေၾကာင္း ဆုိပါတယ္။ အဲဒီေနာက္ ဆရာဝန္ေတြက အေသးစိတ္ထပ္မံစစ္ေဆးရာမွာေတာ့ လူနာရဲ႕ ကိုယ္တြင္းမွာ Vibrio vulnificus လုိ႔ေခၚတဲ့ အလြန္ရွားပါးျပင္းထန္တဲ့ ဘက္တီးရီးယား ကူူးစက္ခံထားရတာကုိ ေတြ႕ရွိခဲ့တာပါ။ ဒီဘက္တီးရီးယားက လူကို ရက္အနည္းငယ္အတြင္း ေသေစႏုိင္ပါသတဲ့။

အသားစိမ္းစားသူေတြ၊ အသားကို မက်က္တက်က္ခ်က္ျပဳတ္ၿပီး စားသူေတြမွာ ဒီဘက္တီးရီးယား ကူးစက္ႏုိင္ပါတယ္။ ထိခိုက္ရွနာတစ္ခုခုကေန ခႏၶာကုိယ္အတြင္းကို ထုိးေဖာက္ဝင္ေရာက္တဲ့ ဘက္တီးရီးယားျဖစ္ၿပီး၊ လူကုိ အမ်ိဳးမ်ိဳးဒုကၡေပးကာ အသက္ကုိ ေသေစသည္အထိ ျပင္းထန္မႈကုိ ျဖစ္ေစတယ္လုိ႔ ေဒါက္တာေတြက ေျပာပါတယ္။

ေဒါက္တာေတြဟာ Wang ကုိ ပဋိဇီဝပုိးသတ္ေဆး (၃)ႀကိမ္အထိေပးကာ ေစာင့္ၾကည့္႐ုံသာ တက္ႏုိင္ခဲ့ပါတယ္။ အဲဒိေနာက္ အေျခအေန ပုိမုိဆုိးရြားလာခဲ့ၿပီး၊ ေသဆုံးသြားပါေတာ့တယ္။ ေဒါက္တာေတြက အခြံမာပင္လယ္စာေတြကုိ ကိုင္တြယ္တဲ့အခါမွာလည္း သတိအထူးထားသင့္ေၾကာင္း အႀကံေပးခဲ့ပါတယ္။ ေနာက္ၿပီး ငါးစသည္တုိ႔ ကိုင္တြယ္ၿပီးပါကလည္း လက္ကုိ ဆပ္ျပာနဲ႔ သန္႔ရွင္းေအာင္ ေဆးေၾကာသင့္ပါတယ္။

လင္းသူရိန္

Credit:shwemom

Unicodeဖြင့်ဖတ်ရန်

ပုစွန်ထုပ်ချေးဖောက်စဉ်၊ လက်ကိုဓားနဲ့ထိမိရာက ရောဂါကူးစက်ပြီး သေဆုံးခဲ့ရတဲ့အမျိုးသား

တရုတ်နိုင်ငံ၊ Hangzhou မှာနေထိုင်တဲ့ အမျိုးသားတစ်ယောက်ဟာ ပုဇွန်ထုပ်ချက်ပြုတ်စားသောက်ဖို့အတွက် ချေးဖောက်စဉ်မှာ အမှတ်မထင်၊ လက်ကို ဓားရှခဲ့ပါတယ်။ ဓားဒဏ်ရာကတော့ သာမန်အားဖြင့် အသေးစား သွေးထွက်မှုသာ ဖြစ်ခဲ့သော်လည်း၊ အဲဒီအမျိုးးသားဟာ ထင်မှတ်မထားတဲ့ ရောဂါကူးစက်မှုကို ခံခဲ့ရပြီး၊ (၃)ရက်အကြာမှာ သေဆုံးသွားခဲ့ကြောင်း တရုတ်ပြည်တွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အမျိုးသားဖြစ်သူရဲ့အမည်ကို Wang လို့သာ ဖော်ပြထားပြီး၊ သူဟာ ဓားထိခံခဲ့ရတဲ့နေရာကနေ သေစေနိုင်တဲ့ပြင်းထန် ဘက်တီးရီးယားတွေ ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ လက်ကို ဓားထိပြီး သိပ်မကြာခင်မှာပဲ ညာဘက်ခြေထောက် ရောင်ကိုင်းလာခဲ့ပြီး၊ မီးလောင်ဖုကဲ့သို့ ပြည်တည်နာတွေ ဖြစ်လာခဲ့ပါတယ်။

အခြေအနေက လုံးဝ မသက်သာလာလို့ သူ့ကို ဆွေမျိူးတွေက အရေးပေါ်ဆေးရုံပို့ခဲ့ပါတယ်။ စစ်ဆေးမှုအရ Wang ရဲ့ ကိုယ်တွင်းအင်္ဂါတွေရဲ့အလုပ်လုပ်မှုဟာ ကမောက်ကမတွေ ဖြစ်နေတာမို့ ဒေါက်တာတွေက လူနာကို Intensive Care Unit (ICU) မှာ အမြန်ပြောင်းရွှေ့ပြီး အရေးပေါ်ကုသမှု ပေးခဲ့ရပါတယ်။

အဲဒီနောက် အဖျားက ပြင်းထန်လာခဲ့ပြီး၊ ကိုမာဝင်သွားပါတယ်။ မိသားစုဝင်တွေဟာ အဲဒီတော့မှ စိုးရိမ်ရကောင်းမှန်း သိကြပါတယ်။ ဒေါက်တာတွေကလည်း လူနာရဲ့ဖြစ်စဉ်အတွက် အတော်လေး စဉ်းစားရခက်နေပြီး၊ ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာကို တပ်အပ်မပြောနိုင်ခဲ့ပါဘူး။ ဒေါက်တာတွေက မိသားစုဝင်တွေကို ထူးခြားဖြစ်စဉ် မေးတဲ့အခါ Wang ဟာ ပြီးခဲ့တဲ့(၃)ရက်က ဈေးကိုသွားပြီး ပုဇွန်ထုပ်ဝယ်ခဲ့ကြောင်း၊ ချေးဖောက်ရာ လက်ကို ဓားထိခဲ့ကြောင်း ဆိုပါတယ်။ အဲဒီနောက် ဆရာဝန်တွေက အသေးစိတ်ထပ်မံစစ်ဆေးရာမှာတော့ လူနာရဲ့ ကိုယ်တွင်းမှာ Vibrio vulnificus လို့ခေါ်တဲ့ အလွန်ရှားပါးပြင်းထန်တဲ့ ဘက်တီးရီးယား ကူူးစက်ခံထားရတာကို တွေ့ရှိခဲ့တာပါ။ ဒီဘက်တီးရီးယားက လူကို ရက်အနည်းငယ်အတွင်း သေစေနိုင်ပါသတဲ့။

အသားစိမ်းစားသူတွေ၊ အသားကို မကျက်တကျက်ချက်ပြုတ်ပြီး စားသူတွေမှာ ဒီဘက်တီးရီးယား ကူးစက်နိုင်ပါတယ်။ ထိခိုက်ရှနာတစ်ခုခုကနေ ခန္ဓာကိုယ်အတွင်းကို ထိုးဖောက်ဝင်ရောက်တဲ့ ဘက်တီးရီးယားဖြစ်ပြီး၊ လူကို အမျိုးမျိုးဒုက္ခပေးကာ အသက်ကို သေစေသည်အထိ ပြင်းထန်မှုကို ဖြစ်စေတယ်လို့ ဒေါက်တာတွေက ပြောပါတယ်။

ဒေါက်တာတွေဟာ Wang ကို ပဋိဇီဝပိုးသတ်ဆေး (၃)ကြိမ်အထိပေးကာ စောင့်ကြည့်ရုံသာ တက်နိုင်ခဲ့ပါတယ်။ အဲဒိနောက် အခြေအနေ ပိုမိုဆိုးရွားလာခဲ့ပြီး၊ သေဆုံးသွားပါတော့တယ်။ ဒေါက်တာတွေက အခွံမာပင်လယ်စာတွေကို ကိုင်တွယ်တဲ့အခါမှာလည်း သတိအထူးထားသင့်ကြောင်း အကြံပေးခဲ့ပါတယ်။ နောက်ပြီး ငါးစသည်တို့ ကိုင်တွယ်ပြီးပါကလည်း လက်ကို ဆပ်ပြာနဲ့ သန့်ရှင်းအောင် ဆေးကြောသင့်ပါတယ်။

လင်းသူရိန်

Credit:shwemom       

မှတ်ချက်များ