ဆယ္လီေတြအဖမ္းခံရတုန္းက ရိုက္ကူးခဲ႔တဲ့ ျပစ္မႈမွတ္တမ္းဓာတ္ပုံမ်ား


Zawgyiျဖင့္ဖတ္ရန္

ဆယ္လီေတြကေတာ့ ျပစ္မႈက်ဴးလြန္လို႔ အဖမ္းခံထားရတာေတာင္ ျပစ္မႈမွတ္တမ္းဓာတ္ပံုေတြထဲမွာ ၿပံဳးေနႏုိင္ၾကသူေတြပါ။ ပံုေကာင္းေကာင္း ထြက္ခ်င္လို႔လားေတာ့ မသိ။ အဂၤလန္ ေဘာလံုးအေက်ာ္အေမာ္ ဝိန္း႐ူနီကေတာ့ ျပစ္မႈမွတ္တမ္း ဓာတ္ပံုအ႐ိုက္ခံလုိက္ရတဲ့ ဆယ္လီေတြထဲ မၾကာေသးခင္ကမွ စာရင္းဝင္သြားသူလည္း ျဖစ္ပါတယ္။ တျခား ဘယ္သူေတြကေရာ ဘယ္လိုျပစ္မႈေတြနဲ႔ ျပစ္မႈမွတ္တမ္းပံုေတြထဲမွာ မ်က္ႏွာေျပာင္ထားၾကေသးလဲသိခ်င္ရင္ ေအာက္မွ ဆက္ၾကည့္လုိက္ေနာ္။

Wayne Rooney

အဂၤလန္ေဘာလံုးစတား Wayne Rooney ကေတာ့ ၂၀၁၈ ဒီဇင္ဘာ ၁၆ တုန္းက အဖမ္းခံခဲ့ရပါတယ္။ ျပစ္မႈကေတာ့ အမ်ားျပည္သူေတြအေရွ႕ မူးယစ္ရမ္းကားမႈနဲ႔ ဆဲဆိုမႈတို႔ ျဖစ္ပါတယ္။ မၾကာခင္မွာေတာ့ ခံဝန္နဲ႔ ျပန္လြတ္လာခဲ့တာပါ။ အရက္မူးေနတုန္း အိပ္ေဆးေသာက္မိလိုက္လို႔ မူးယစ္ရမ္းကားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

Reese Witherspoon

သ႐ုပ္ေဆာင္ မင္းသမီး Reese Witherspoon ကေတာ့ ၂၀၁၄ ဧၿပီလတုန္းက အဖမ္းခံခဲ့ရတာပါ။ ခင္ပြန္းျဖစ္သူ Jim Toth က အရက္မူးၿပီး ကားေမာင္းတဲ့အမႈနဲ႔ အဖမ္းခံခဲ့ရတဲ့အခါ သူမက ရဲေတြကို ေစာဒကတက္ ရန္ျပဳခဲ့တဲ့ အမႈနဲ႔ပါ။

Lindsay Lohan

Lindsay Lohan ကေတာ့ ျပစ္မႈမွတ္တမ္း အမ်ားအျပားရိွခဲ့ဖူးသူပါ။ အရက္မူးၿပီး ကားေမာင္းတာေတြေရာ၊ မူးယစ္ေဆးအမႈေတြေရာ အစံုပါပဲ။ အဆိုးဆံုးကေတာ့ ၂၀၁၃ တုန္းက ကိုယ့္ကိုယ္ကို ရဲလက္အပ္ခဲ့တဲ့ အျဖစ္ပါ။

Macaulay Culkin

ဒီပံုကေတာ့ Home Alone ႐ုပ္ရွင္ထဲက မင္းသား Macaulay Culkin ရဲ႕ ၂၀၀၄ တုန္းက ျပစ္မႈမွတ္တမ္းပံုပါ။ မူးယစ္ေဆး လက္ဝယ္ေတြ႔ရိွမႈနဲ႔ အဖမ္းခံခဲ့ရတာပါ။

Paris Hilton

Paris ကေတာ့ ျပစ္မႈမွတ္တမး္ပံုထဲမွာေတာင္ ႏႈတ္ခမ္းနီ အဆိုးမပ်က္ပါဘူး။ ၂၀၀၇ တုန္းက စည္းကမ္းမဲ့ ကားေမာင္းမႈနဲ႔ အဖမ္းခံခဲ့ရတာပါ။

Justin Bieber

JB ကေတာ့ ၂၀၁၄ တုန္းက စည္းကမ္းမဲ့ ကားေမာင္ႏွင္မႈနဲ႔ အဖမ္းခံခဲ့ရတာပါ။ ျပစ္မႈမွတ္တမ္း ဓာတ္ပံုအ႐ိုက္ခံရတာေတာင္ အၿပံဳးမပ်က္ပါဘူးေနာ္။

Ref: Mirror

Credit:shwemom

Unicodeဖြင့်ဖတ်ရန်

ဆယ်လီတွေအဖမ်းခံရတုန်းက ရိုက်ကူးခဲ့တဲ့ ပြစ်မှုမှတ်တမ်းဓာတ်ပုံများ

ဆယ်လီတွေကတော့ ပြစ်မှုကျူးလွန်လို့ အဖမ်းခံထားရတာတောင် ပြစ်မှုမှတ်တမ်းဓာတ်ပုံတွေထဲမှာ ပြုံးနေနိုင်ကြသူတွေပါ။ ပုံကောင်းကောင်း ထွက်ချင်လို့လားတော့ မသိ။ အင်္ဂလန် ဘောလုံးအကျော်အမော် ဝိန်းရူနီကတော့ ပြစ်မှုမှတ်တမ်း ဓာတ်ပုံအရိုက်ခံလိုက်ရတဲ့ ဆယ်လီတွေထဲ မကြာသေးခင်ကမှ စာရင်းဝင်သွားသူလည်း ဖြစ်ပါတယ်။ တခြား ဘယ်သူတွေကရော ဘယ်လိုပြစ်မှုတွေနဲ့ ပြစ်မှုမှတ်တမ်းပုံတွေထဲမှာ မျက်နှာပြောင်ထားကြသေးလဲသိချင်ရင် အောက်မှ ဆက်ကြည့်လိုက်နော်။

Wayne Rooney

အင်္ဂလန်ဘောလုံးစတား Wayne Rooney ကတော့ ၂၀၁၈ ဒီဇင်ဘာ ၁၆ တုန်းက အဖမ်းခံခဲ့ရပါတယ်။ ပြစ်မှုကတော့ အများပြည်သူတွေအရှေ့ မူးယစ်ရမ်းကားမှုနဲ့ ဆဲဆိုမှုတို့ ဖြစ်ပါတယ်။ မကြာခင်မှာတော့ ခံဝန်နဲ့ ပြန်လွတ်လာခဲ့တာပါ။ အရက်မူးနေတုန်း အိပ်ဆေးသောက်မိလိုက်လို့ မူးယစ်ရမ်းကားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Reese Witherspoon

သရုပ်ဆောင် မင်းသမီး Reese Witherspoon ကတော့ ၂၀၁၄ ဧပြီလတုန်းက အဖမ်းခံခဲ့ရတာပါ။ ခင်ပွန်းဖြစ်သူ Jim Toth က အရက်မူးပြီး ကားမောင်းတဲ့အမှုနဲ့ အဖမ်းခံခဲ့ရတဲ့အခါ သူမက ရဲတွေကို စောဒကတက် ရန်ပြုခဲ့တဲ့ အမှုနဲ့ပါ။

Lindsay Lohan

Lindsay Lohan ကတော့ ပြစ်မှုမှတ်တမ်း အများအပြားရှိခဲ့ဖူးသူပါ။ အရက်မူးပြီး ကားမောင်းတာတွေရော၊ မူးယစ်ဆေးအမှုတွေရော အစုံပါပဲ။ အဆိုးဆုံးကတော့ ၂၀၁၃ တုန်းက ကိုယ့်ကိုယ်ကို ရဲလက်အပ်ခဲ့တဲ့ အဖြစ်ပါ။

Macaulay Culkin

ဒီပုံကတော့ Home Alone ရုပ်ရှင်ထဲက မင်းသား Macaulay Culkin ရဲ့ ၂၀၀၄ တုန်းက ပြစ်မှုမှတ်တမ်းပုံပါ။ မူးယစ်ဆေး လက်ဝယ်တွေ့ရှိမှုနဲ့ အဖမ်းခံခဲ့ရတာပါ။

Paris Hilton

Paris ကတော့ ပြစ်မှုမှတ်တမ်းပုံထဲမှာတောင် နှုတ်ခမ်းနီ အဆိုးမပျက်ပါဘူး။ ၂၀၀၇ တုန်းက စည်းကမ်းမဲ့ ကားမောင်းမှုနဲ့ အဖမ်းခံခဲ့ရတာပါ။

Justin Bieber

JB ကတော့ ၂၀၁၄ တုန်းက စည်းကမ်းမဲ့ ကားမောင်နှင်မှုနဲ့ အဖမ်းခံခဲ့ရတာပါ။ ပြစ်မှုမှတ်တမ်း ဓာတ်ပုံအရိုက်ခံရတာတောင် အပြုံးမပျက်ပါဘူးနော်။

Ref: Mirror


Credit:shwemom

မှတ်ချက်များ