အေတြးလြန္ျခင္းက အသက္တိုေစႏုိင္တယ္လို႔ ေဆးသိပၸံပညာရွင္မ်ားေတြ႕ရွိ


Zawgyiျဖင့္ဖတ္ရန္

အေတြးလြန္ျခင္းက အသက္တိုေစတယ္ဆိုတာ အရင္ကေတာ့ မသိေပမယ့္ အိပ္ေရးပ်က္တယ္၊ ေခါင္းကိုက္တယ္ေလာက္ေတာ့ သိထားတယ္ဗ်။ မလိုအပ္ဘဲ ကိစၥတစ္ခုကို အရွည္ရွည္ေတြႀကိဳေတြးပူတတ္တဲ့သူတို႔၊ အလုပ္မွာ ဦးေႏွာက္ကိုအလုပ္လုပ္တာ အရမ္းမ်ားသြားတဲ့သူေတြဆိုရင္ေတာ့ ဒီလိုခံစားခ်က္ကို နားလည္ႏုိင္မယ္ထင္ပါတယ္။ ဒါေၾကာင့္အေတြးလြန္ျခင္း၊ မလိုအပ္ဘဲ စဥ္းစားခန္းဖြင့္ျခင္းတို႔က သင့္ရဲ႕သက္တမ္းနဲ႔ဘယ္လိုဆက္စပ္မႈရွိေနသလဲဆိုတာ ကၽြန္ေတာ္တုိ႔ၾကည့္လိုက္ၾကရေအာင္လား။

Fox 10 Phoenix မွ ေဖာ္ျပခ်က္အရ နယူးေယာက္မွ သိပၸံပညာရွင္မ်ားအေနနဲ႔ မလိုအပ္ဘဲ စဥ္းစားေတြးေခၚျခင္းဟာ ခႏၶာအတြက္ ေဘးထြက္ဆိုးက်ိဳးေတြ ျဖစ္လာႏုိင္တယ္ဆိုၿပီး ရွာေဖြေတ႕ြရွိခဲ့ၾကပါတယ္တဲ့။

ပညာရွင္မ်ားရဲ႕ေဆာင္းပါးအရ လူတုိင္းရဲ႕ ဦးေႏွာက္ထဲမွာ “rest” လို႔ေခၚတဲ့ ပရိုတင္းဓာတ္ေတြဟာ တစ္ဦးနဲ႔တစ္ဦးကြဲျပားစြာ တည္္ရွိေနၾကပါတယ္။ ဒီ ပရိုတင္းဓာတ္ “rest” ေတြဟာ ဦးေႏွာက္ရဲ႕လုပ္ေဆာင္ခ်က္ေတြနဲ႔ ဆက္စပ္ကာ အေထာက္အပံ့ေတြေပးတဲ့ အစြမ္းသတၱိရွိေနတာကိုလည္း သြားေတြ႕ခဲ့ရပါတယ္။ “Rest” လို႔ေခၚတဲ့ ပရိုတင္းဓာတ္သာ သတ္မွတ္ထားတဲ့ ပမာဏထက္မ်ားရင္ သို႔မဟုတ္ နည္းေနမယ္ဆိုရင္ လူေတြအေနနဲ႔ ဘယ္လိုအက်ိဳးဆက္ေတြရရွိမလဲဆိုတာကို ပညာရွင္ေတြ ဆက္လက္ေလ့လာခဲ့ၾကပါေတာ့တယ္။

အတိအက်နဲ႔အေသခ်ာဆံုးရလဒ္ကိုထုတ္ေပးတဲ့ စစ္တမ္းေကာက္ျခင္းနဲ႔ ေလ့လာမႈကို အစျပဳခဲ့ၾကသတဲ့။ စစ္တမ္းအရ ဦးေႏွာက္ထဲ “rest” ပရိုတင္းပမာဏ ပိုနည္းေနခဲ့မယ္ဆိုရင္ လူ႕သက္တမ္းကို ပိုတိုေစပါတယ္ဆုိၿပီး ေတြ႕ရွိခဲ့ၾကပါတယ္။ ဆိုလိုတာ စစ္တမ္းမွာ အသက္ ၆၀ တန္း သို႔မဟုတ္ ၇၀ တန္းမွ ေသဆံုးသြားသူေတြရဲ႕ ဦးေႏွာက္ထဲက “rest” ပရိုတင္းနဲ႔ လူ႕သက္တမ္းေစ့ေနႏုိင္သြားတယ္လို႔ ဆိုႏုိင္မယ့္ အသက္ ၁၀၀ တမ္း ေသဆံုးသူေတြထဲက “rest” ပရိုတင္းတုိ႔ကို ယွဥ္ၾကည့္လိုက္တဲ့အခါ အသက္ ၁၀၀ တမ္းမွေသဆံုးသြားတဲ့သူေတြဆီက “rest” ပရိုတင္းဓာတ္ဟာ တျခားလူေတြထက္ ပိုမ်ားေနပါတယ္တဲ့ေလ။

ဒီ “rest” ပရိုတင္းဓာတ္ဟာ နမည္အတုိင္းပဲ ဦးေႏွာက္ကို အနားေပးကာမွ ထြက္လာတဲ့ပရိုတင္းဓာတ္တစ္မ်ိဳးျဖစ္တာေၾကာင့္ စဥ္းစားေတြးေခၚတာေတြကို အစဥ္မျပတ္ ျပဳလုပ္ေနရတဲ့သူေတြကေတာ့ ဦးေႏွာက္ကို အျမဲတေစ အလုပ္ခိုင္းေနတဲ့အတြက္ ပရိုတင္းဓာတ္ထြက္ဖို႔ဆိုတာ သိပ္ေတာ့မလြယ္ကူလွပါဘူး။ ဒါေၾကာင့္လည္း စိတ္ကို အကန္႔အသတ္နဲ႔အနားေပးတဲ့လူေတြကသာ သက္ဆိုးရွည္ႏုိင္တယ္ဆိုၿပီး ေလ့လာမႈအရ သိခဲ့ရတာပါ။

ဒီေဆာင္းပါးကိုေတာ့ ဟားဗတ္ေဆးတကၠသိုလ္ရဲ႕ ေဆးပညာေဆာင္းပါးတစ္ခုျဖစ္တဲ့ “Nature” မွာ မၾကာေသးခင္ကမွ ေဖာ္ျပထားခဲ့တာပဲျဖစ္ပါတယ္။

Penny

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

အတွေးလွန်ခြင်းက အသက်တိုစေနိုင်တယ်လို့ ဆေးသိပ္ပံပညာရှင်များတွေ့ရှိ

အတွေးလွန်ခြင်းက အသက်တိုစေတယ်ဆိုတာ အရင်ကတော့ မသိပေမယ့် အိပ်ရေးပျက်တယ်၊ ခေါင်းကိုက်တယ်လောက်တော့ သိထားတယ်ဗျ။ မလိုအပ်ဘဲ ကိစ္စတစ်ခုကို အရှည်ရှည်တွေကြိုတွေးပူတတ်တဲ့သူတို့၊ အလုပ်မှာ ဦးနှောက်ကိုအလုပ်လုပ်တာ အရမ်းများသွားတဲ့သူတွေဆိုရင်တော့ ဒီလိုခံစားချက်ကို နားလည်နိုင်မယ်ထင်ပါတယ်။ ဒါကြောင့်အတွေးလွန်ခြင်း၊ မလိုအပ်ဘဲ စဉ်းစားခန်းဖွင့်ခြင်းတို့က သင့်ရဲ့သက်တမ်းနဲ့ဘယ်လိုဆက်စပ်မှုရှိနေသလဲဆိုတာ ကျွန်တော်တို့ကြည့်လိုက်ကြရအောင်လား။

Fox 10 Phoenix မှ ဖော်ပြချက်အရ နယူးယောက်မှ သိပ္ပံပညာရှင်များအနေနဲ့ မလိုအပ်ဘဲ စဉ်းစားတွေးခေါ်ခြင်းဟာ ခန္ဓာအတွက် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုပြီး ရှာဖွေတေ့ွရှိခဲ့ကြပါတယ်တဲ့။

ပညာရှင်များရဲ့ဆောင်းပါးအရ လူတိုင်းရဲ့ ဦးနှောက်ထဲမှာ “rest” လို့ခေါ်တဲ့ ပရိုတင်းဓာတ်တွေဟာ တစ်ဦးနဲ့တစ်ဦးကွဲပြားစွာ တည်ရှိနေကြပါတယ်။ ဒီ ပရိုတင်းဓာတ် “rest” တွေဟာ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေနဲ့ ဆက်စပ်ကာ အထောက်အပံ့တွေပေးတဲ့ အစွမ်းသတ္တိရှိနေတာကိုလည်း သွားတွေ့ခဲ့ရပါတယ်။ “Rest” လို့ခေါ်တဲ့ ပရိုတင်းဓာတ်သာ သတ်မှတ်ထားတဲ့ ပမာဏထက်များရင် သို့မဟုတ် နည်းနေမယ်ဆိုရင် လူတွေအနေနဲ့ ဘယ်လိုအကျိုးဆက်တွေရရှိမလဲဆိုတာကို ပညာရှင်တွေ ဆက်လက်လေ့လာခဲ့ကြပါတော့တယ်။

အတိအကျနဲ့အသေချာဆုံးရလဒ်ကိုထုတ်ပေးတဲ့ စစ်တမ်းကောက်ခြင်းနဲ့ လေ့လာမှုကို အစပြုခဲ့ကြသတဲ့။ စစ်တမ်းအရ ဦးနှောက်ထဲ “rest” ပရိုတင်းပမာဏ ပိုနည်းနေခဲ့မယ်ဆိုရင် လူ့သက်တမ်းကို ပိုတိုစေပါတယ်ဆိုပြီး တွေ့ရှိခဲ့ကြပါတယ်။ ဆိုလိုတာ စစ်တမ်းမှာ အသက် ၆၀ တန်း သို့မဟုတ် ၇၀ တန်းမှ သေဆုံးသွားသူတွေရဲ့ ဦးနှောက်ထဲက “rest” ပရိုတင်းနဲ့ လူ့သက်တမ်းစေ့နေနိုင်သွားတယ်လို့ ဆိုနိုင်မယ့် အသက် ၁၀၀ တမ်း သေဆုံးသူတွေထဲက “rest” ပရိုတင်းတို့ကို ယှဉ်ကြည့်လိုက်တဲ့အခါ အသက် ၁၀၀ တမ်းမှသေဆုံးသွားတဲ့သူတွေဆီက “rest” ပရိုတင်းဓာတ်ဟာ တခြားလူတွေထက် ပိုများနေပါတယ်တဲ့လေ။

ဒီ “rest” ပရိုတင်းဓာတ်ဟာ နမည်အတိုင်းပဲ ဦးနှောက်ကို အနားပေးကာမှ ထွက်လာတဲ့ပရိုတင်းဓာတ်တစ်မျိုးဖြစ်တာကြောင့် စဉ်းစားတွေးခေါ်တာတွေကို အစဉ်မပြတ် ပြုလုပ်နေရတဲ့သူတွေကတော့ ဦးနှောက်ကို အမြဲတစေ အလုပ်ခိုင်းနေတဲ့အတွက် ပရိုတင်းဓာတ်ထွက်ဖို့ဆိုတာ သိပ်တော့မလွယ်ကူလှပါဘူး။ ဒါကြောင့်လည်း စိတ်ကို အကန့်အသတ်နဲ့အနားပေးတဲ့လူတွေကသာ သက်ဆိုးရှည်နိုင်တယ်ဆိုပြီး လေ့လာမှုအရ သိခဲ့ရတာပါ။

ဒီဆောင်းပါးကိုတော့ ဟားဗတ်ဆေးတက္ကသိုလ်ရဲ့ ဆေးပညာဆောင်းပါးတစ်ခုဖြစ်တဲ့ “Nature” မှာ မကြာသေးခင်ကမှ ဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။

Penny

Credit:Shwemom

မှတ်ချက်များ