ဂ်စ္ကန္ကန္ေကာင္ေလးေတြကို မိန္းကေလးေတြ ပိုသေဘာက်ရတဲ့ အေၾကာင္းအရင္းမ်ား


Zawgyiျဖင့္ဖတ္ရန္

ေကာင္မေလးေတာ္ေတာ္မ်ားမ်ားက ဂ်စ္ကန္ကန္ မိုက္တီးမိုက္ကန္း ေနတတ္တဲ့ ေကာင္ေလးေတြကို ပိုသေဘာက်တတ္ၾကပါတယ္။ လိမၼာၿပီး ခပ္ေအးေအးေနတတ္တဲ့ ေကာင္ေလးေတြထက္ ဂ်စ္ကန္ကန္ေနတတ္ၿပီး ဆိုးသြမ္းတယ္လို႔ ထင္ရတဲ့ ေကာင္ေလးေတြကို ဘာလို႔ ပိုသေဘာက်တတ္ၾကတာလဲ။

စိတ္လႈပ္႐ွားေစႏိုင္တယ္

ဆိုးသြန္းတဲ့ ေကာင္ေလးေတြ၊ ဂ်စ္ကန္ကန္ေကာင္ေလးေတြဟာ ပတ္ဝန္းက်င္က လူေတြကို ဂ႐ုမစိုက္တတ္ၾကပဲ သူတို႔မွန္တယ္ ထင္တဲ့အရာကို လုပ္တတ္ၾကပါတယ္။ ဘယ္အရာကိုမဆို မေၾကာက္မ႐ြံ ရင္ဆိုင္တတ္ၾကၿပီးေတာ့ စြန္႔စားဖို႔ ဝန္မေလးၾကသူေတြ ျဖစ္ၾကပါတယ္။ သူတုိ႔ရဲ႕ အျပဳအမူတိုင္းက တစ္ဖက္သားကို စိတ္လႈပ္႐ွားႏိုင္စြမ္း ႐ွိလို႔ေနပါတယ္။

ေယာက်္ားပီသတဲ့ စိတ္ဓာတ္႐ွိတယ္

သူတုိ႔ေတြဟာ အျပင္ပန္းမွာသာ ဂ်စ္ကန္ကန္နဲ႔ ဘယ္သူ႕ကိုမွ အေလးမထားသလို ေနတတ္ၾကေပမယ့္ သူတုိ႔ရဲ႕ အတြင္းစိတ္ေတြက ႐ိုးသားၾကပါတယ္။ လူတစ္ဖက္သားအေပၚမွာ စာနာနားလည္တတ္္ၾကၿပီးေတာ့ မတရားမႈေတြကို လက္ပိုက္ၾကည့္မေနတတ္ၾကပါဘူး။ အမွားတစ္စံုတစ္ခုလုပ္မိရင္လည္း ကိုယ့္အမွားကို တာဝန္ယူစိတ္အျပည့္ ႐ွိတတ္ၾကပါတယ္။

အခ်စ္ကိုိ တန္ဖိုးထားတတ္တယ္

ဂ်စ္ကန္ကန္ေကာင္ေလးေတြက အခ်စ္ကို တန္ဖိုးထားတတ္ၾကသူေတြပါ။ သူတို႔နားမွာ မိန္းကေလးေတြ ဝိုင္းဝိုင္းလည္ေနေပမယ့္လို႔ သူတို႔ခ်စ္သူက လြဲၿပီး က်န္တဲ့သူေတြကို ေခါင္းထဲမထည့္တတ္ပါဘူး။ တျခားေကာင္မေလးေတြကို လံုးဝစိတ္မဝင္စားပဲ ခပ္ေခ်ေခ် တံု႔ျပန္တတ္ၾကပါတယ္။ ဒီလိုမ်ိဳး တံုျပန္ေလ တျခားသူေတြရဲ႕ စိတ္ဝင္စားမႈကို ခံရေလ ျဖစ္ေစတတ္သူေတြပါ။ သူတို႔ ခ်စ္သူတစ္ေယာက္ကိုသာ တန္ဖိုးထားျမတ္ႏိုးတတ္ၾကပါတယ္။

့ေ႐ွ႕က မားမားမတ္မတ္ ရပ္တည္ေပးတယ္

ဘယ္လိုအေၾကာင္းမ်ိဳးမဆို၊ ဘယ္လိုအႏၱရာယ္မ်ိဳးမဆို သူတို႔ခ်စ္ရသူေတြအေပၚ ဘယ္လိုဒုကၡမ်ိဳးမွ မက်ေရာက္ေအာင္ ေ႐ွ႕က မားမားမတ္မတ္ ရပ္တည္ေပးတတ္သူေတြပါ။ သူတုိ႔တန္ဖိုးထားရသူေတြအတြက္ တိုက္ခိုက္ဖို႔ ဝန္မေလးတတ္ၾကပါဘူး။ အရာရာကို ေ႐ွ႕ကကာကြယ္ေပးတတ္တဲ့ သူရဲေကာင္းေလးေတြ ျဖစ္ၾကပါတယ္။

Khin

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

ဂျစ်ကန်ကန်ကောင်လေးတွေကို မိန်းကလေးတွေ ပိုသဘောကျရတဲ့ အကြောင်းအရင်းများ

ကောင်မလေးတော်တော်များများက ဂျစ်ကန်ကန် မိုက်တီးမိုက်ကန်း နေတတ်တဲ့ ကောင်လေးတွေကို ပိုသဘောကျတတ်ကြပါတယ်။ လိမ္မာပြီး ခပ်အေးအေးနေတတ်တဲ့ ကောင်လေးတွေထက် ဂျစ်ကန်ကန်နေတတ်ပြီး ဆိုးသွမ်းတယ်လို့ ထင်ရတဲ့ ကောင်လေးတွေကို ဘာလို့ ပိုသဘောကျတတ်ကြတာလဲ။

စိတ်လှုပ်ရှားစေနိုင်တယ်

ဆိုးသွန်းတဲ့ ကောင်လေးတွေ၊ ဂျစ်ကန်ကန်ကောင်လေးတွေဟာ ပတ်ဝန်းကျင်က လူတွေကို ဂရုမစိုက်တတ်ကြပဲ သူတို့မှန်တယ် ထင်တဲ့အရာကို လုပ်တတ်ကြပါတယ်။ ဘယ်အရာကိုမဆို မကြောက်မရွံ ရင်ဆိုင်တတ်ကြပြီးတော့ စွန့်စားဖို့ ဝန်မလေးကြသူတွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ အပြုအမူတိုင်းက တစ်ဖက်သားကို စိတ်လှုပ်ရှားနိုင်စွမ်း ရှိလို့နေပါတယ်။

ယောကျ်ားပီသတဲ့ စိတ်ဓာတ်ရှိတယ်

သူတို့တွေဟာ အပြင်ပန်းမှာသာ ဂျစ်ကန်ကန်နဲ့ ဘယ်သူ့ကိုမှ အလေးမထားသလို နေတတ်ကြပေမယ့် သူတို့ရဲ့ အတွင်းစိတ်တွေက ရိုးသားကြပါတယ်။ လူတစ်ဖက်သားအပေါ်မှာ စာနာနားလည်တတ်ကြပြီးတော့ မတရားမှုတွေကို လက်ပိုက်ကြည့်မနေတတ်ကြပါဘူး။ အမှားတစ်စုံတစ်ခုလုပ်မိရင်လည်း ကိုယ့်အမှားကို တာဝန်ယူစိတ်အပြည့် ရှိတတ်ကြပါတယ်။

အချစ်ကို တန်ဖိုးထားတတ်တယ်

ဂျစ်ကန်ကန်ကောင်လေးတွေက အချစ်ကို တန်ဖိုးထားတတ်ကြသူတွေပါ။ သူတို့နားမှာ မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေပေမယ့်လို့ သူတို့ချစ်သူက လွဲပြီး ကျန်တဲ့သူတွေကို ခေါင်းထဲမထည့်တတ်ပါဘူး။ တခြားကောင်မလေးတွေကို လုံးဝစိတ်မဝင်စားပဲ ခပ်ချေချေ တုံ့ပြန်တတ်ကြပါတယ်။ ဒီလိုမျိုး တုံပြန်လေ တခြားသူတွေရဲ့ စိတ်ဝင်စားမှုကို ခံရလေ ဖြစ်စေတတ်သူတွေပါ။ သူတို့ ချစ်သူတစ်ယောက်ကိုသာ တန်ဖိုးထားမြတ်နိုးတတ်ကြပါတယ်။

့ရှေ့က မားမားမတ်မတ် ရပ်တည်ပေးတယ်

ဘယ်လိုအကြောင်းမျိုးမဆို၊ ဘယ်လိုအန္တရာယ်မျိုးမဆို သူတို့ချစ်ရသူတွေအပေါ် ဘယ်လိုဒုက္ခမျိုးမှ မကျရောက်အောင် ရှေ့က မားမားမတ်မတ် ရပ်တည်ပေးတတ်သူတွေပါ။ သူတို့တန်ဖိုးထားရသူတွေအတွက် တိုက်ခိုက်ဖို့ ဝန်မလေးတတ်ကြပါဘူး။ အရာရာကို ရှေ့ကကာကွယ်ပေးတတ်တဲ့ သူရဲကောင်းလေးတွေ ဖြစ်ကြပါတယ်။

Khin

Credit:Aunty May

မှတ်ချက်များ