ဂ်င္စင္းထက္ ၄၄ ဆ အစြမ္းအာနိသင္ရွိေသာ ျမန္မာျပည္ပင္လယ္ကမ္းစပ္မွ ဓနိဖူးေျခာက္






Zawgyiျဖင့္ဖတ္ရန္


ဓနိပင္သည္ ပင္လယ္ေရငန္ေရာက္ေသာ ဒီေရေတာ မ်ားတြင္ ျဖစ္ထြန္း သည္။ အုန္းပင္ေပါက္ႏွင့္ ဆင္တူပါသည္။အျခား သီးႏွံမ်ား ကဲ့သို႔ ဓာတ္ေျမၾသဇာ ေကြၽးရျခင္း၊ ေပါင္းျမက္ ရွင္းလင္းျခင္း လုံး၀ လုပ္စရာ မလိုေသာအပင္ျဖစ္ကာ ဒီေရ မ်ားႏွင့္ ပါလာေသာ ႏုန္း ေျမ မ်ားသည ္ ဓနိၿခံ အတြင္းတြင္ တင္က်န္ေန ခဲ့ၿပီး သဘာဝေျမၾသဇာ အျဖစ္ႏွင့္ ဓနိပင္ မ်ား ကို ႀကီးထြားေစေသာေၾကာင့္ ဓနိထြက္ အစားအစာမွန္သမွ် သဘာဝစစ္စစ္ ေအာ္ဂင္းနစ္မ်ားသာ ျဖစ္ေပသည္။


ဓနိပင္သည္ လူသားတို႔အတြက္ အသုံးအေဆာင္မ်ား အစားအစာမ်ား ေပးစြမ္းသည္သာမက ဓနိဖူးသည္ ဂ်င္စင္းထက္သာေသာ ေဆးဘက္ဝင္ အဖိုးတန္ရတနာ တပါးျဖစ္ေနသည္ကို သိရွိသူ ရွားပါးလွေပသည္။

ဓနိဖူးေျခာက္သည္ ကိုးရီးယားလူမ်ိဳး အမ်ားစုရဲ႕တန္ဖိုးထားရေသာ ဂ်င္ဆင္းထက္ ဓနိဖူးတြင္ Antioxidant အဆေပါင္း ၄၄ဆပိုသည္ ဟု ကိုရီးယား အစားအစာႏွင့္အဟာရပညာရွင္မ်ား ဆိုပါသည္။ ထို႔ေၾကာင့္ ယခုအခါ ဓနိဖူးေျခာက္သည္ ကိုးရီးယားႏိုင္ငံ၏ VIP အစားအစာအျဖစ္ေနရာယူလ်က္ရွိေနပါသည္။

ဓနိဖူးေျခာက္ ေသာက္သုံးျခင္းျဖင့္ ရရွိႏိုင္ေသာ အက်ိဳးေက်းဇူးမ်ားဆီးခ်ိဳ ေသြးခ်ိဳ ေသြးတိုး အေရျပားယားနာအမ်ိဳးမ်ိဳး ေသြးတြင္းအဆီမ်ားျခင္းႏွင့္ အစာအိမ္ေရာဂါမ်ား ေပ်ာက္ကင္းႏိုင္ပါသည္။ ေသာက္သုံးနည္းကေတာ့ ေရေႏြးနဲ႔စိမ္ အေရာင္မေျပာင္းမခ်င္း ေရေႏြးထည့္ေသာက ္အာနိသင္မျပယ္ပါ။အျဖဴေရာင္ျဖစ္မွ ဓနိဖူးအားသြန္ပစ္ပါ။

ျမန္မာျပည္မွာေတာ့ဓနိဖူးေျခာက္ေရေႏြးၾကမ္းကို တြင္တြင္က်ယ္က်ယ္ မေသာက္တတ္က်ေသးေပမယ့္ ဂ်ပန္ႏွင့္ ကိုရီးယားႏိုင္ငံမ်ားမွာေတာ့ ေဈးႀကီးတဲ့ပစၥည္းပါ။ ယခုျမန္မာျပည္မွာ စတင္ထုတ္လုပ္ေနၿပီဆိုေတာ့ မိမိ၏ က်န္းမာေရးကို အထူးအေထာက္အကူျပဳေသာ ျမန္မာျပည္ဖြား ဓနိဖူးေျခာက္ ေရေႏြးၾကမ္းကို ေန႔စဥ္ေသာက္သုံးသင့္ပါေၾကာင္း ေစတနာမ်ားစြာျဖင့္ ေရးသားတိုက္တြန္းလိုက္ရေလေတာ့သတည္း ။


ဓနိ

ဓနိသည္ ပင္လယ္ဒီေရ ေရာက္ရွိေသာ ေနရာမ်ားတြင္ ေပါက္ေရာက္ျဖစ္ထြန္းသည္။ ျမစ္ကမ္းနားစပ္၊ ေခ်ာင္းကမ္းနားစပ္ စသည္တို႔တြင္ ဓနိမ်ား ေပါက္ေရာက္လ်က္ ရွိသည္ကို ေတြ႕ျမင္ႏိုင္သည္။ ဓနိပ်စ္ကို အိမ္အမိုးအတြက္ အသုံးျပဳၾကသည္။ ျမန္မာႏိုင္ငံတြင္ ပဲခူးျမစ္ကမ္းေဘးႏွင့္ ဧရာဝတီေဒသတို႔တြင္ ဓနိမ်ား ထြက္ရွိသည္။

အ႐ြက္ႏွင့္ အ႐ိုးသည္ အစိမ္းေရာင္ရွိသည္။ ဓနိ႐ြက္မ်ားမွာ အုန္းလက္ကဲ့သို႔ ပုံသဏၭာန္ ရွိသည္။ သို႔ေသာ္ ဓနိလက္သည္ အုန္းလက္ထက္ ပို၍ အျပားႀကီးသည္။ ေက်းလက္ေဒသမ်ားတြင္ ဓနိ၏ အ႐ိုးအေျခာက္မ်ားႏွင့္ ( အရပ္အေခၚ – ဓနိေဘာင္) အေျခာက္မ်ားကို ထင္းမီးအတြက္ အသုံးျပဳၾကသည္။ ထို႔ျပင္ ဓနိ႐ိုးကို ၿခံစည္း႐ိုး အကာအရံ အျဖစ္လည္းေကာင္း၊ အိမ္နံရံအကာအျဖစ္လည္းေကာင္း အသုံးျပဳၾကသည္။

ဓနိ႐ြက္အႏုမ်ား၏ သင္းပ်ံ႕ေသာ ရနံ႔ေၾကာင့္ ေကာက္ညႇင္းထုပ္ ျပဳလုပ္ရာတြင္ ဖတ္အျဖစ္လည္း အသုံးျပဳၾကသည္။ ထိုအခါ ေကာက္ညႇင္းထုပ္သည္ ဓနိ၏ သင္းပ်ံ႕ေသာရနံ႔တို႔ျဖင့္ စားခ်င္စဖြယ္ ျဖစ္လာသည္။
ရခိုင္လို ရီအုန္းပင္ဟု ေခၚသည္။

ဓနိပ်စ္ ျပဳလုပ္ပုံ

ေက်းလက္ေဒသမ်ားတြင္သာမက ၿမိဳ႕ျပတြင္လည္း ဓနိပ်စ္ကို မိုးရာသီတြင္ မိုးဒဏ္မွ ကာကြယ္ရန္ အတြက္ အမိုးအကာအျဖစ္ အသုံးျပဳၾကသည္။

ဓနိပ်စ္ ျပဳလုပ္ရန္ ပထမဦးစြာ ဓနိေတာမ်ားမွ လုံေလာက္စြာ သက္တမ္းရင့္ေသာ ဓနိလက္မ်ားကို ခုတ္ယူရသည္။ ထိုခုတ္ယူထားေသာ ဓနိလက္မ်ားမွ အ႐ြက္ကို ဓားျဖင့္ အ႐ြက္၏ အရင္းနားမွ ကပ္ကာ ျဖတ္ယူသည္။ ထို ဓနိ႐ြက္မ်ားကို စနစ္တက် ဓနိအ႐ိုး၏ အေၾကာကို ႀကိဳးအျဖစ္ အသုံးျပဳကာ ပန္းစည္းမ်ားကဲ့သို႔ ထုပ္ပိုးခ်ည္ေႏွာင္သည္။ ၎ခ်ည္ၿပီးသည္မ်ားကို အရပ္အေခၚ ဓနိေပါ ဟု ေခၚသည္။ အေရအတြက္ တစ္ခုအတြက္ တစ္ေပါ၊ ႏွစ္ခုအတြက္ ႏွစ္ေပါ အစရွိသျဖင့္ ေရတြက္သည္။


ဓနိေတာထဲရွိ ဓနိေပါမ်ားကို ဓနိပ်စ္မည့္ေနရာ သို႔မဟုတ္ အိမ္သို႔ သယ္ယူၾကသည္။ ဓနိတံအတြက္ ဝါးပိုးကဲ့သို႔ေသာ အေခါင္းပြသည့္ ဝါးကို ဓားျဖင့္စိတ္ကာ ျပဳလုပ္ၾကသည္။ ဝါးတံကို ဓနိ႐ြက္၏ အလယ္တြင္ထား ေခါက္ခ်ိဳးညီ အျပားပုံစံျပဳလုပ္ၾကသည္။ ထို႔ေနာက္ ဓနိ႐ြက္ရွိ အူတိုင္ေခ်ာင္းျဖင့္ ကန႔္လန႔္ျဖတ္ ထိုးေဖာက္ကာ ကြၽတ္မထြက္သြားေအာင္ ျပဳၾကသည္။ ဓနိထိုးၿပီးသည္ကို ခ်က္ခ်င္းအသုံးျပဳသည္လည္း ရွိ၏။

သို႔မဟုတ္ဘဲ ထိုးၿပီးေသာ ဓနိပ်စ္မ်ားကို ႏွပ္ၿပီးမွ အသုံးျပဳသည္လည္း ရွိသည္။ ဓနိပ်စ္ကို ႏွပ္ရာတြင္ (၇) ရက္ (၈) ရက္ခန႔္ ၾကာသည္။ ႏွပ္သည့္နည္းမွာ ဓနိပ်စ္မ်ားကို ေလလုံေနလုံေအာင္ ပတ္ပတ္လည္တြင္ ကာရံထားျခင္းျဖစ္သည္။ ပထမဦးစြာ ဓနိပ်စ္မ်ားကို ပတ္ပတ္လည္တြင္ ေကာက္႐ိုးျဖင့္ အုပ္၏။ ထို႔ေနာက္ ႐ႊံ႕ေပ်ာ့ သို႔မဟုတ္ ႐ႊံ႕ေပ်ာ့ႏွင့္ ႏြားေခ်းကိုစပ္ကာ အေပၚယံမွ မံ၏။ ဤနည္းျဖင့္ ဓနိပ်စ္ကို ႏွပ္ၾကသည္။ ဓနိပ်စ္ကို အမိုးအကာ အလို႔ငွာ အလိုရွိသလို အသုံးျပဳၾကသည္။



ေရငန္ႀကိဳက္ ဓနိဖက္မ်ားတြင္ အခ်ိဳ႕မွာ သုံးေလးႏွစ္ၾကာသည္ အထိ ပိုးမစား၊ မပ်က္စီးဘဲ ခိုင္ခံ့သည္လည္း ရွိသကဲ့သို႔၊ အခ်ိဳ႕မွာ တႏွစ္အတြင္း ပိုးစား၊ ေဆြးေျမ့ပ်က္စီးသြားသည္ကို ေတြ႕ရမည္။ ယင္းမွာ ဓနိပင္၏ အရည္အေသြးႏွင့္ မသက္ဆိုင္လွဘဲ ခုတ္ယူသည့္ အခ်ိန္ကာလ ျဖစ္ေသာ ေရေသေရထရက္ႏွင့္ သက္ဆိုင္သည္။ ပိုးစားလြယ္ေသာ ဓနိဖက္သည္ ေရထရက္မ်ား၌ ခုတ္ယူေသာ ဓနိပင္မွ ပ်စ္ထားေၾကာင္း၊ ၾကာရွည္ခံလွေသာ ဓနိဖက္သည္ ေရေသရက္မ်ား၌ ခုတ္ယူပ်စ္ထားေၾကာင္း ဆိုၾကသည္။


ဓနိသီး

ဓနိသီးသည္ စားေသာက္၍ ရႏိုင္ေသာ အသီးျဖစ္၏။ ဓနိခိုင္မွာ အဝိုင္းပုံစံရွိသည္။ ဓနိသီးမ်ားသည္ ႏုနယ္စဥ္တြင္ အသီးထဲ၍ အရည္သာရွိ၍ ရင့္လာေသာ အခါ အဆံတည္ၿပီးလွ်င္ စားေသာက္၍ ရႏိုင္၏။ အဆံမွာ အျဖဴေရာင္ျဖစ္ၿပီး ထန္းသီးကဲ့သို႔ပင္ ခြဲစားရ၏။ အဆံမွာ ဘဲဥပုံစံရွိၿပီး အ႐ြယ္မွာ မ်ားေသာအားျဖင့္ ငုံးဥခန႔္ သို႔မဟုတ္ ထို႔ထက္အနည္းငယ္ ႀကီး၏။ အသီးတစ္ခုတြင္ အဆံတစ္ခုသာပါရွိသည္။

ဓနိသၾကား

ဓနိ ရည္ဟာ အရည္ေသြးေကာင္းမြန္ေသာ သၾကားထုက္လို႔ရပါေသးတယ္ခင္ဗ်။ျမင့္မိုရ္ဦး (လမ္းျပၾကယ္စင္ စာေပပရဟိတ မဂၢဇင္း)

Photo မ်ားႏွင့္ အခ်က္အလက္မ်ားအတြက္ သက္ဆိုင္ရာ ပညာရွင္မ်ားအား Credit ေပးပါတယ္။

ဤ စာစုမွ်ေဝေပးရန္အတြက္ အခ်က္အလက္မ်ား ေပးပို႔ေပးပါေသာ ညီမ ေအးျမျမစႏိုး အား အထူးေက်းဇူးတင္ပါတယ္။ ကုသိုလ္ျဖင့္မွ်ေဝေပးပါတယ္။


Unicode ဖြင့်ဖတ်ရန်



ဓနိပင်သည် ပင်လယ်ရေငန်ရောက်သော ဒီရေတော များတွင် ဖြစ်ထွန်း သည်။ အုန်းပင်ပေါက်နှင့် ဆင်တူပါသည်။အခြား သီးနှံများ ကဲ့သို့ ဓာတ်မြေသြဇာ ကျွေးရခြင်း၊ ပေါင်းမြက် ရှင်းလင်းခြင်း လုံး၀ လုပ်စရာ မလိုသောအပင်ဖြစ်ကာ ဒီရေ များနှင့် ပါလာသော နုန်း မြေ များသည ် ဓနိခြံ အတွင်းတွင် တင်ကျန်နေ ခဲ့ပြီး သဘာဝမြေသြဇာ အဖြစ်နှင့် ဓနိပင် များ ကို ကြီးထွားစေသောကြောင့် ဓနိထွက် အစားအစာမှန်သမျှ သဘာဝစစ်စစ် အော်ဂင်းနစ်များသာ ဖြစ်ပေသည်။


ဓနိပင်သည် လူသားတို့အတွက် အသုံးအဆောင်များ အစားအစာများ ပေးစွမ်းသည်သာမက ဓနိဖူးသည် ဂျင်စင်းထက်သာသော ဆေးဘက်ဝင် အဖိုးတန်ရတနာ တပါးဖြစ်နေသည်ကို သိရှိသူ ရှားပါးလှပေသည်။

ဓနိဖူးခြောက်သည် ကိုးရီးယားလူမျိုး အများစုရဲ့တန်ဖိုးထားရသော ဂျင်ဆင်းထက် ဓနိဖူးတွင် Antioxidant အဆပေါင်း ၄၄ဆပိုသည် ဟု ကိုရီးယား အစားအစာနှင့်အဟာရပညာရှင်များ ဆိုပါသည်။ ထို့ကြောင့် ယခုအခါ ဓနိဖူးခြောက်သည် ကိုးရီးယားနိုင်ငံ၏ VIP အစားအစာအဖြစ်နေရာယူလျက်ရှိနေပါသည်။

ဓနိဖူးခြောက် သောက်သုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများဆီးချို သွေးချို သွေးတိုး အရေပြားယားနာအမျိုးမျိုး သွေးတွင်းအဆီများခြင်းနှင့် အစာအိမ်ရောဂါများ ပျောက်ကင်းနိုင်ပါသည်။ သောက်သုံးနည်းကတော့ ရေနွေးနဲ့စိမ် အရောင်မပြောင်းမချင်း ရေနွေးထည့်သောက ်အာနိသင်မပြယ်ပါ။အဖြူရောင်ဖြစ်မှ ဓနိဖူးအားသွန်ပစ်ပါ။

မြန်မာပြည်မှာတော့ဓနိဖူးခြောက်ရေနွေးကြမ်းကို တွင်တွင်ကျယ်ကျယ် မသောက်တတ်ကျသေးပေမယ့် ဂျပန်နှင့် ကိုရီးယားနိုင်ငံများမှာတော့ ဈေးကြီးတဲ့ပစ္စည်းပါ။ ယခုမြန်မာပြည်မှာ စတင်ထုတ်လုပ်နေပြီဆိုတော့ မိမိ၏ ကျန်းမာရေးကို အထူးအထောက်အကူပြုသော မြန်မာပြည်ဖွား ဓနိဖူးခြောက် ရေနွေးကြမ်းကို နေ့စဉ်သောက်သုံးသင့်ပါကြောင်း စေတနာများစွာဖြင့် ရေးသားတိုက်တွန်းလိုက်ရလေတော့သတည်း ။


ဓနိ

ဓနိသည် ပင်လယ်ဒီရေ ရောက်ရှိသော နေရာများတွင် ပေါက်ရောက်ဖြစ်ထွန်းသည်။ မြစ်ကမ်းနားစပ်၊ ချောင်းကမ်းနားစပ် စသည်တို့တွင် ဓနိများ ပေါက်ရောက်လျက် ရှိသည်ကို တွေ့မြင်နိုင်သည်။ ဓနိပျစ်ကို အိမ်အမိုးအတွက် အသုံးပြုကြသည်။ မြန်မာနိုင်ငံတွင် ပဲခူးမြစ်ကမ်းဘေးနှင့် ဧရာဝတီဒေသတို့တွင် ဓနိများ ထွက်ရှိသည်။

အရွက်နှင့် အရိုးသည် အစိမ်းရောင်ရှိသည်။ ဓနိရွက်များမှာ အုန်းလက်ကဲ့သို့ ပုံသဏ္ဌာန် ရှိသည်။ သို့သော် ဓနိလက်သည် အုန်းလက်ထက် ပို၍ အပြားကြီးသည်။ ကျေးလက်ဒေသများတွင် ဓနိ၏ အရိုးအခြောက်များနှင့် ( အရပ်အခေါ် – ဓနိဘောင်) အခြောက်များကို ထင်းမီးအတွက် အသုံးပြုကြသည်။ ထို့ပြင် ဓနိရိုးကို ခြံစည်းရိုး အကာအရံ အဖြစ်လည်းကောင်း၊ အိမ်နံရံအကာအဖြစ်လည်းကောင်း အသုံးပြုကြသည်။

ဓနိရွက်အနုများ၏ သင်းပျံ့သော ရနံ့ကြောင့် ကောက်ညှင်းထုပ် ပြုလုပ်ရာတွင် ဖတ်အဖြစ်လည်း အသုံးပြုကြသည်။ ထိုအခါ ကောက်ညှင်းထုပ်သည် ဓနိ၏ သင်းပျံ့သောရနံ့တို့ဖြင့် စားချင်စဖွယ် ဖြစ်လာသည်။
ရခိုင်လို ရီအုန်းပင်ဟု ခေါ်သည်။

ဓနိပျစ် ပြုလုပ်ပုံ

ကျေးလက်ဒေသများတွင်သာမက မြို့ပြတွင်လည်း ဓနိပျစ်ကို မိုးရာသီတွင် မိုးဒဏ်မှ ကာကွယ်ရန် အတွက် အမိုးအကာအဖြစ် အသုံးပြုကြသည်။

ဓနိပျစ် ပြုလုပ်ရန် ပထမဦးစွာ ဓနိတောများမှ လုံလောက်စွာ သက်တမ်းရင့်သော ဓနိလက်များကို ခုတ်ယူရသည်။ ထိုခုတ်ယူထားသော ဓနိလက်များမှ အရွက်ကို ဓားဖြင့် အရွက်၏ အရင်းနားမှ ကပ်ကာ ဖြတ်ယူသည်။ ထို ဓနိရွက်များကို စနစ်တကျ ဓနိအရိုး၏ အကြောကို ကြိုးအဖြစ် အသုံးပြုကာ ပန်းစည်းများကဲ့သို့ ထုပ်ပိုးချည်နှောင်သည်။ ၎င်းချည်ပြီးသည်များကို အရပ်အခေါ် ဓနိပေါ ဟု ခေါ်သည်။ အရေအတွက် တစ်ခုအတွက် တစ်ပေါ၊ နှစ်ခုအတွက် နှစ်ပေါ အစရှိသဖြင့် ရေတွက်သည်။


ဓနိတောထဲရှိ ဓနိပေါများကို ဓနိပျစ်မည့်နေရာ သို့မဟုတ် အိမ်သို့ သယ်ယူကြသည်။ ဓနိတံအတွက် ဝါးပိုးကဲ့သို့သော အခေါင်းပွသည့် ဝါးကို ဓားဖြင့်စိတ်ကာ ပြုလုပ်ကြသည်။ ဝါးတံကို ဓနိရွက်၏ အလယ်တွင်ထား ခေါက်ချိုးညီ အပြားပုံစံပြုလုပ်ကြသည်။ ထို့နောက် ဓနိရွက်ရှိ အူတိုင်ချောင်းဖြင့် ကန့်လန့်ဖြတ် ထိုးဖောက်ကာ ကျွတ်မထွက်သွားအောင် ပြုကြသည်။ ဓနိထိုးပြီးသည်ကို ချက်ချင်းအသုံးပြုသည်လည်း ရှိ၏။

သို့မဟုတ်ဘဲ ထိုးပြီးသော ဓနိပျစ်များကို နှပ်ပြီးမှ အသုံးပြုသည်လည်း ရှိသည်။ ဓနိပျစ်ကို နှပ်ရာတွင် (၇) ရက် (၈) ရက်ခန့် ကြာသည်။ နှပ်သည့်နည်းမှာ ဓနိပျစ်များကို လေလုံနေလုံအောင် ပတ်ပတ်လည်တွင် ကာရံထားခြင်းဖြစ်သည်။ ပထမဦးစွာ ဓနိပျစ်များကို ပတ်ပတ်လည်တွင် ကောက်ရိုးဖြင့် အုပ်၏။ ထို့နောက် ရွှံ့ပျော့ သို့မဟုတ် ရွှံ့ပျော့နှင့် နွားချေးကိုစပ်ကာ အပေါ်ယံမှ မံ၏။ ဤနည်းဖြင့် ဓနိပျစ်ကို နှပ်ကြသည်။ ဓနိပျစ်ကို အမိုးအကာ အလို့ငှာ အလိုရှိသလို အသုံးပြုကြသည်။

ရေငန်ကြိုက် ဓနိဖက်များတွင် အချို့မှာ သုံးလေးနှစ်ကြာသည် အထိ ပိုးမစား၊ မပျက်စီးဘဲ ခိုင်ခံ့သည်လည်း ရှိသကဲ့သို့၊ အချို့မှာ တနှစ်အတွင်း ပိုးစား၊ ဆွေးမြေ့ပျက်စီးသွားသည်ကို တွေ့ရမည်။ ယင်းမှာ ဓနိပင်၏ အရည်အသွေးနှင့် မသက်ဆိုင်လှဘဲ ခုတ်ယူသည့် အချိန်ကာလ ဖြစ်သော ရေသေရေထရက်နှင့် သက်ဆိုင်သည်။ ပိုးစားလွယ်သော ဓနိဖက်သည် ရေထရက်များ၌ ခုတ်ယူသော ဓနိပင်မှ ပျစ်ထားကြောင်း၊ ကြာရှည်ခံလှသော ဓနိဖက်သည် ရေသေရက်များ၌ ခုတ်ယူပျစ်ထားကြောင်း ဆိုကြသည်။


ဓနိသီး

ဓနိသီးသည် စားသောက်၍ ရနိုင်သော အသီးဖြစ်၏။ ဓနိခိုင်မှာ အဝိုင်းပုံစံရှိသည်။ ဓနိသီးများသည် နုနယ်စဉ်တွင် အသီးထဲ၍ အရည်သာရှိ၍ ရင့်လာသော အခါ အဆံတည်ပြီးလျှင် စားသောက်၍ ရနိုင်၏။ အဆံမှာ အဖြူရောင်ဖြစ်ပြီး ထန်းသီးကဲ့သို့ပင် ခွဲစားရ၏။ အဆံမှာ ဘဲဥပုံစံရှိပြီး အရွယ်မှာ များသောအားဖြင့် ငုံးဥခန့် သို့မဟုတ် ထို့ထက်အနည်းငယ် ကြီး၏။ အသီးတစ်ခုတွင် အဆံတစ်ခုသာပါရှိသည်။

ဓနိသကြား

ဓနိ ရည်ဟာ အရည်သွေးကောင်းမွန်သော သကြားထုက်လို့ရပါသေးတယ်ခင်ဗျ။မြင့်မိုရ်ဦး (လမ်းပြကြယ်စင် စာပေပရဟိတ မဂ္ဂဇင်း)

Photo များနှင့် အချက်အလက်များအတွက် သက်ဆိုင်ရာ ပညာရှင်များအား Credit ပေးပါတယ်။

ဤ စာစုမျှဝေပေးရန်အတွက် အချက်အလက်များ ပေးပို့ပေးပါသော ညီမ အေးမြမြစနိုး အား အထူးကျေးဇူးတင်ပါတယ်။ ကုသိုလ်ဖြင့်မျှဝေပေးပါတယ်။




Via – Zinn Mar Soee ခရကၵစ္_Ko Don

မှတ်ချက်များ