Zawgyiျဖင့္ဖတ္ရန္
ဘားအံၿမိဳ႕နယ္ အတြင္း အမ်ိဳးသမီးငယ္တစ္ဦး ႀကိဳးဆြဲခ်ေသဆုံးေၾကာင္းသတင္းရရွိ စုံစမ္းစစ္ေဆးခဲ့ဘားအံ ႏိုဝင္ဘာလ-၁၅- ၂၀၁၉။ ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္၊ နတ္ထိပ္ေက်း႐ြာအုပ္စု၊ တမိုစိန္ေက်း႐ြာတြင္ ဆဌမတန္းေက်ာင္းသူ အမ်ိဳးသမီးငယ္တစ္ဦး ႀကိဳးဆြဲခ်ေသဆုံးေၾကာင္းသတင္းအရ စုံစမ္းစစ္ေဆးခဲ့ေၾကာင္း သိရသည္။
၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလ ၁၅ ရက္ ည ၇ နာရီ ၃၀ အခ်ိန္တြင္ ဘားအံၿမိဳ႕နယ္ နတ္ထိပ္ေက်း႐ြာအုပ္စု တမိုစိန္ေက်း႐ြာ၌ ၃-၁၁-၂၀၁၉ ရက္ေန႔ ညေန ၅ နာရီအခ်ိန္တြင္ အမ်ိဳးသမီငယ္တစ္ဦး ႀကိဳးဆြဲခ်ေသဆုံး သြားေၾကာင္း သတင္းအရ အိႏၵဳနယ္ေျမရဲစခန္းမွ စခန္းမႉး ရဲအုပ္ေဇာ္မင္းလြင္ ဦးစီးတပ္ဖြဲ႕ဝင္မ်ား
ေကာ့ကေသာင္းရဲကင္း မွ ရဲတပ္ၾကပ္ႀကီး ဝင္းႀကိဳင္ ဦးစီးတပ္ဖြဲ႕ဝင္မ်ား၊ သက္ေသ နတ္ထိပ္ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးေစာေမာင္ေမာင္ တမိုစိန္ေက်း႐ြာရာအိမ္မႉး ဦးေစာျမေမာင္ တို႔ႏွင့္အတူ အခင္းျဖစ္စဥ္အား သြားေရာက္စုံစမ္းေမးျမန္းရာ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလ ၃ ရက္ညေန ၅ နာရီအခ်ိန္တြင္ ဘားအံၿမိဳ႕နယ္
ေနာင္ပလိန္ေက်း႐ြာ အေျခခံပညာ အထက္တန္းေက်ာင္းတြင္ ပညာသင္ၾကားေနေသာ ဆဌမတန္းေက်ာင္းသူ နန္းအဲလာရႉး (၁၀)ႏွစ္ (ဘ) ဦးေက်ာ္ေမွ်ာ္ တမိုစိန္ေက်း႐ြာ နတ္ထိပ္ေက်း႐ြာအုပ္စု ဘားအံၿမိဳ႕နယ္ ေနသူသည္ ေျခတံရွည္ ပ်ဥ္ခင္း ပ်ဥ္ကာ သြတ္မိုး တစ္ထပ္ေနအိမ္တစ္လုံး၏ အိမ္ခန္းအတြင္း ၾကမ္းခင္းႏွင့္ဝါးလုံးတန္း
အျမင့္ (၆)ေပခြဲခန္ရွိၿပီး လုံးပတ္လက္ေကာက္ဝတ္ခန႔္ရွိ အရွည္ (၈)ေပ ခန႔္ရွိေသာ ဝါးလုံးတန္းတြင္ နန္အဲလာရႉး မွာ မိန္ကေလးသုံး ခါးပတ္ အေသးျဖင့္ လည္ပင္းတြင္ပတ္လွ်က္ ဝါးလုံးတန္းတြင္ခ်ည္ကာ တြဲေလာင္းခ်ၿပီး ေျခေထာက္ႏွင့္ၾကမ္းခင္း (၁) ေပခန္အကြာရွိလွ်က္ ဦးေခါင္းငိုက္စိုက္က် လက္ႏွစ္ဖက္ဆန႔္တန္းကာ လက္ေခ်ာင္းမ်ားမွာ ဆုတ္ထားျခင္းမရွိေၾကာင္း သြားရည္က်ျခင္း ၊လွ်ာထြက္ျခင္းမရွိဘဲ ႀကိဳးဆြဲခ်ေသဆုံးေနေၾကာင္း ေျပာျပသိရွိရေၾကာင္း။

ျဖစ္စဥ္ႏွင့္ ပါတ္သက္၍ ေသဆုံးသူ နန္းအဲလာရႉး၏အဖြားျဖစ္သူ ေဒၚေထာ္လဲ့အား ေမးျမန္းရာ သမီးျဖစ္သူ ေနာ္မူမူးမွာ ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ရင္း ေက်ာ္ေမွ်ာ္ႏွင့္ အိမ္ေထာင္က်ကာ နန္းအဲလာရႉး အားေမြးဖြား ခဲ့ၿပီး (၂) ႏွစ္အ႐ြယ္တြင္ သမီးေနာ္မူမူး မွလာေရာက္ ပို႔ေဆာင္ခဲ့သျဖင့္ ေနအိမ္တြင္ေျမးျဖစ္သူႏွင့္ အတူေန ထိုင္ခဲ့ေၾကာင္း
နန္အဲလာရႉး သူငယ္တန္းမွ စတုတၳတန္းထိ တမိုစိန္ေက်း႐ြာ မူလတန္းေက်ာင္းတြင္ ပညာသင္ၾကားၿပီး စတုတၳတန္း ေအာင္ျမင္၍ ေနာင္ပလိန္ေက်း႐ြာ အထက္တန္ေက်ာင္းသို႔ေျပာင္းေ႐ြ႕ ပညာသင္ၾကား ခဲ့ရာ မေသဆုံးမွီ လြန္ခဲ့ေသာတစ္လခန႔္က ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ေနေသာမိဘႏွစ္ပါးအားသတိရေၾကာင္း ခဏခဏ ေျပာဆိုကာ နန္အဲလာရႉးမွာ မိဘမ်ားႏွင့္ေဝးကြာေနထိုင္ရသျဖင့္ စိတ္ေဝဒနာ ခံစားေနရေၾကာင္း ေသဆုံးသူ နန္အဲလာရႉးအား မိဘဘိုးဘြားေဆြမ်ိဳး မ်ားမွ ကရင္႐ိုးရာဓေလ့ထုံးတမ္း အစဥ္အလာအရ နတ္ထိပ္ေက်း႐ြာအုပ္စု တမိုစိန္ေက်း႐ြာသခ်ႋဳင္းတြင္ ေျမျမႇဳတ္ႏွံထားရွိေၾကာင္း ေမးျမန္း သိရွိရေၾကာင္း’
သို႔ျဖစ္ပါ၍ အိႏၵဳနယ္ေျမရဲစခန္း ေသမႈေသခင္းအမွတ္စဥ္ (၇/၂၀၁၉) ျဖင့္ ဖြင့္လွစ္ၿပီး စစ္ေဆးေဆာင္႐ြက္လွ်က္ရွိေၾကာင္း သတင္းရရွိသည္။
Unicode ဖြင့်ဖတ်ရန်
ဘားအံမြို့နယ် အတွင်း အမျိုးသမီးငယ်တစ်ဦး ကြိုးဆွဲချသေဆုံးကြောင်းသတင်းရရှိ စုံစမ်းစစ်ဆေးခဲ့ဘားအံ နိုဝင်ဘာလ-၁၅- ၂၀၁၉။ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နတ်ထိပ်ကျေးရွာအုပ်စု၊ တမိုစိန်ကျေးရွာတွင် ဆဌမတန်းကျောင်းသူ အမျိုးသမီးငယ်တစ်ဦး ကြိုးဆွဲချသေဆုံးကြောင်းသတင်းအရ စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၅ ရက် ည ၇ နာရီ ၃၀ အချိန်တွင် ဘားအံမြို့နယ် နတ်ထိပ်ကျေးရွာအုပ်စု တမိုစိန်ကျေးရွာ၌ ၃-၁၁-၂၀၁၉ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် အမျိုးသမီငယ်တစ်ဦး ကြိုးဆွဲချသေဆုံး သွားကြောင်း သတင်းအရ အိန္ဒုနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်မင်းလွင် ဦးစီးတပ်ဖွဲ့ဝင်များ
ကော့ကသောင်းရဲကင်း မှ ရဲတပ်ကြပ်ကြီး ဝင်းကြိုင် ဦးစီးတပ်ဖွဲ့ဝင်များ၊ သက်သေ နတ်ထိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစောမောင်မောင် တမိုစိန်ကျေးရွာရာအိမ်မှူး ဦးစောမြမောင် တို့နှင့်အတူ အခင်းဖြစ်စဉ်အား သွားရောက်စုံစမ်းမေးမြန်းရာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်ညနေ ၅ နာရီအချိန်တွင် ဘားအံမြို့နယ်
နောင်ပလိန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ဆဌမတန်းကျောင်းသူ နန်းအဲလာရှူး (၁၀)နှစ် (ဘ) ဦးကျော်မျှော် တမိုစိန်ကျေးရွာ နတ်ထိပ်ကျေးရွာအုပ်စု ဘားအံမြို့နယ် နေသူသည် ခြေတံရှည် ပျဉ်ခင်း ပျဉ်ကာ သွတ်မိုး တစ်ထပ်နေအိမ်တစ်လုံး၏ အိမ်ခန်းအတွင်း ကြမ်းခင်းနှင့်ဝါးလုံးတန်း
အမြင့် (၆)ပေခွဲခန်ရှိပြီး လုံးပတ်လက်ကောက်ဝတ်ခန့်ရှိ အရှည် (၈)ပေ ခန့်ရှိသော ဝါးလုံးတန်းတွင် နန်အဲလာရှူး မှာ မိန်ကလေးသုံး ခါးပတ် အသေးဖြင့် လည်ပင်းတွင်ပတ်လျှက် ဝါးလုံးတန်းတွင်ချည်ကာ တွဲလောင်းချပြီး ခြေထောက်နှင့်ကြမ်းခင်း (၁) ပေခန်အကွာရှိလျှက် ဦးခေါင်းငိုက်စိုက်ကျ လက်နှစ်ဖက်ဆန့်တန်းကာ လက်ချောင်းများမှာ ဆုတ်ထားခြင်းမရှိကြောင်း သွားရည်ကျခြင်း ၊လျှာထွက်ခြင်းမရှိဘဲ ကြိုးဆွဲချသေဆုံးနေကြောင်း ပြောပြသိရှိရကြောင်း။
ဖြစ်စဉ်နှင့် ပါတ်သက်၍ သေဆုံးသူ နန်းအဲလာရှူး၏အဖွားဖြစ်သူ ဒေါ်ထော်လဲ့အား မေးမြန်းရာ သမီးဖြစ်သူ နော်မူမူးမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရင်း ကျော်မျှော်နှင့် အိမ်ထောင်ကျကာ နန်းအဲလာရှူး အားမွေးဖွား ခဲ့ပြီး (၂) နှစ်အရွယ်တွင် သမီးနော်မူမူး မှလာရောက် ပို့ဆောင်ခဲ့သဖြင့် နေအိမ်တွင်မြေးဖြစ်သူနှင့် အတူနေ ထိုင်ခဲ့ကြောင်း
နန်အဲလာရှူး သူငယ်တန်းမှ စတုတ္ထတန်းထိ တမိုစိန်ကျေးရွာ မူလတန်းကျောင်းတွင် ပညာသင်ကြားပြီး စတုတ္ထတန်း အောင်မြင်၍ နောင်ပလိန်ကျေးရွာ အထက်တန်ကျောင်းသို့ပြောင်းရွေ့ ပညာသင်ကြား ခဲ့ရာ မသေဆုံးမှီ လွန်ခဲ့သောတစ်လခန့်က ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသောမိဘနှစ်ပါးအားသတိရကြောင်း ခဏခဏ ပြောဆိုကာ နန်အဲလာရှူးမှာ မိဘများနှင့်ဝေးကွာနေထိုင်ရသဖြင့် စိတ်ဝေဒနာ ခံစားနေရကြောင်း သေဆုံးသူ နန်အဲလာရှူးအား မိဘဘိုးဘွားဆွေမျိုး များမှ ကရင်ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာအရ နတ်ထိပ်ကျေးရွာအုပ်စု တမိုစိန်ကျေးရွာသင်္ချိုင်းတွင် မြေမြှုတ်နှံထားရှိကြောင်း မေးမြန်း သိရှိရကြောင်း’
သို့ဖြစ်ပါ၍ အိန္ဒုနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၇/၂၀၁၉) ဖြင့် ဖွင့်လှစ်ပြီး စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
Source – ေနလင္း ေဒါနေျမ
Share this: lay har lan

မှတ်ချက်များ