အပ်ိဳေတြကို ေဈးေရာင္းသလိုေရာင္းေနၾကတဲ့ ေနရာ. . .
Zawgyi ျဖင့္ဖတ္ရန္
ဓေလ့ထုံးစံ ေရွး႐ိုးအစဥ္အလာဆိုတာက ႏိုင္ငံတိုင္း လူမ်ိဳးတိုင္းမွာ ရွိၾကပါတယ္။ တခ်ိဳ႕ဓေလ့ထုံးစံ ႐ိုးရာယဥ္ေက်းမႈ အစဥ္အလာေတြက သာမန္သာ ျဖစ္ေပမယ့္တခ်ိဳ႕ ဓေလ့ထုံးစံ အစဥ္အလာေတြက ၾသခ်ရေလာက္ေအာင္ ထူးဆန္းလြန္းလွပါတယ္။ ေ
ရွး႐ိုးရာ ဓေလ့ထုံးစံအစဥ္အလာေတြထဲကမွ မယုံႏိုင္ဖြယ္ရာမယုံႏိုင္ဖြယ္ရာ
အံ့ၾသဖြယ္ရာ ထုံးတမ္းစဥ္လာတစ္ခုကို ပရိသတ္ႀကီးအတြက္ ဗဟုသုတအေနျဖင့္ ေဖၚျပေပးလိုက္ပါတယ္ေနာ္။
ေဖ့ဘုတ္စ္ေပၚမွာ ေဈးဗန္းခင္းေနတဲ့ မိန္းကေလးေတြအံ့ၾသတႀကီး ျဖစ္ၿပီး ေဂၚမစြံfa ေယာက္်ားေလးေတြ ေရွာ့ပင္ထြက္ခ်င္စိတ္ေတြ တဖြားဖြားေပၚေပါက္လာေစမယ့္ ထုံးတန္းစဥ္လာ ေဈးတန္းေလးပါေနာ္ ။
ဘူေဂးရီးယားႏိုင္ငံရဲ႕ သတို႔သမီးေဈးကြက္ဟာ ကမာၻတစ္ဝွမ္းမွာ အာ႐ုံစူးစိုက္ခံရတဲ့ေဈးေတြထဲက တစ္ခုပဲျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ထူးဆန္းစြာနဲ႔အပ်ိဳေတြကို ေဈးကြက္တင္ေရာင္းခ်ေနတာေၾကာင့္ပါ။ သတို႔သမီးေတြအျဖစ္ေရာင္းခ်ခံရမယ့္ မိန္းကေလးေတြဟာ အပ်ိဳစင္ျဖစ္ဖို႔အေရးႀကီးပါတယ္။
အပ်ိဳစင္မွပဲ အေရာင္းအဝယ္ျဖစ္ၾကတယ္ဆိုပါတယ္။ အပ်ိဳစင္ကိုပဲ ေဈးမ်ားမ်ားေပးၾကၿပီး အပ်ိဳမစစ္ရင္ မိန္းမပ်က္ ျပည့္တန္ဆာမ အစရွိသျဖင့္ ႏွိမ့္ခ်ျပစ္တင္ ေဝဖန္ေျပာခံရတယ္လို႔ ဆိုပါတယ္။
အဲဒီ့ေဒသက သမီး၂ေယာက္ရွိတဲ့ မိသားစုတစ္ခုကိုသြားေရာက္ေလ့လာတဲ့အခါမွာေတာ့ မိခင္ျဖစ္သူဟာလည္း ေဈးကြက္ကေန အေရာင္းခံလာရတာျဖစ္ၿပီး ေဈးကြက္စည္ကားခ်ိန္ စေနေန႔မွာလည္း သမီးေတြကိုေရာင္းခ်မွာျဖစ္ပါတယ္။
အမ်ိဳးသမီးေလးေတြမွာ ေ႐ႊဝတ္ဆင္ထားရင္ ဝတ္တာစားတာလိုက္ဖက္ေနရင္ ေဈးပိုရတယ္လို႔ သိရပါတယ္။ ေကာင္းေကာင္းမြန္မြန္မဝတ္စားထားရင္ ေယာက်္ားေလးေတြရဲ႕မိဘေတြက သေဘာမက်ဘူးလို႔သိရပါတယ္။
ထက္ျမတ္တဲ့ပုံေပါက္ရင္ ၿပီးေတာ့ မိသားစုအသိုင္းအဝိုင္းေကာင္းရင္ ေဈးပိုျမင့္တယ္လို႔ သူတို႔ကဆိုပါတယ္။သတို႔သမီးတစ္ေယာက္ရဲ႕ၾကမ္းခင္းကေတာ့ $290ကေန $350ကစတယ္လို႔ သိရပါတယ္။
သတို႔သမီးေဈးမွာ ေရာင္းခ်ေနၾကတဲ့အမ်ိဳးသမီးေလးေတြကေတာ့ အသက္၁၃ႏွစ္ကေန ၂၀အထိရွိတယ္လို႔ သိရပါတယ္။ တခ်ိဳ႕ကေတာ့ သေဘာမက်ေပမယ့္ဓေလ့ထုံးစံမို႔ လက္ဆင့္ကမ္းလုပ္ေဆာင္ၾကသူေတြရွိသလို ေပ်ာ္႐ႊင္စြာဆင္ႏႊဲေနသူမ်ားလည္းရွိပါတယ္။ ကဲ ေဂၚမစြံFaေတြ ေရွာ့ပင္ထြက္ဖို႔ စိတ္ဝင္စားေနၾကၿပီလား…
ပရိသတ္ႀကီးေရာ ဒီလိုထူးထူးဆန္းဆန္း သတို႔သမီးေဈးတန္းကို ဘယ္လို ျမင္လဲ ေျပာခဲ့ေပးၾကပါအုံးေနာ္။
Credit: myanmaronlinecelebrities
Unicode ဖြင့်ဖတ်ရန်
အပျိုတွေကို ဈေးရောင်းသလိုရောင်းနေကြတဲ့ နေရာ. . .
ဓလေ့ထုံးစံ ရှေးရိုးအစဉ်အလာဆိုတာက နိုင်ငံတိုင်း လူမျိုးတိုင်းမှာ ရှိကြပါတယ်။ တချို့ဓလေ့ထုံးစံ ရိုးရာယဉ်ကျေးမှု အစဉ်အလာတွေက သာမန်သာ ဖြစ်ပေမယ့်တချို့ ဓလေ့ထုံးစံ အစဉ်အလာတွေက သြချရလောက်အောင် ထူးဆန်းလွန်းလှပါတယ်။ ေ
ရှးရိုးရာ ဓလေ့ထုံးစံအစဉ်အလာတွေထဲကမှ မယုံနိုင်ဖွယ်ရာမယုံနိုင်ဖွယ်ရာ
အံ့သြဖွယ်ရာ ထုံးတမ်းစဉ်လာတစ်ခုကို ပရိသတ်ကြီးအတွက် ဗဟုသုတအနေဖြင့် ဖေါ်ပြပေးလိုက်ပါတယ်နော်။
ဖေ့ဘုတ်စ်ပေါ်မှာ ဈေးဗန်းခင်းနေတဲ့ မိန်းကလေးတွေအံ့သြတကြီး ဖြစ်ပြီး ဂေါ်မစွံfa ယောက်ျားလေးတွေ ရှော့ပင်ထွက်ချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာစေမယ့် ထုံးတန်းစဉ်လာ ဈေးတန်းလေးပါနော် ။
ဘူဂေးရီးယားနိုင်ငံရဲ့ သတို့သမီးဈေးကွက်ဟာ ကမ္ဘာတစ်ဝှမ်းမှာ အာရုံစူးစိုက်ခံရတဲ့ဈေးတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထူးဆန်းစွာနဲ့အပျိုတွေကို ဈေးကွက်တင်ရောင်းချနေတာကြောင့်ပါ။ သတို့သမီးတွေအဖြစ်ရောင်းချခံရမယ့် မိန်းကလေးတွေဟာ အပျိုစင်ဖြစ်ဖို့အရေးကြီးပါတယ်။
အပျိုစင်မှပဲ အရောင်းအဝယ်ဖြစ်ကြတယ်ဆိုပါတယ်။ အပျိုစင်ကိုပဲ ဈေးများများပေးကြပြီး အပျိုမစစ်ရင် မိန်းမပျက် ပြည့်တန်ဆာမ အစရှိသဖြင့် နှိမ့်ချပြစ်တင် ဝေဖန်ပြောခံရတယ်လို့ ဆိုပါတယ်။
အဲဒီ့ဒေသက သမီး၂ယောက်ရှိတဲ့ မိသားစုတစ်ခုကိုသွားရောက်လေ့လာတဲ့အခါမှာတော့ မိခင်ဖြစ်သူဟာလည်း ဈေးကွက်ကနေ အရောင်းခံလာရတာဖြစ်ပြီး ဈေးကွက်စည်ကားချိန် စနေနေ့မှာလည်း သမီးတွေကိုရောင်းချမှာဖြစ်ပါတယ်။
အမျိုးသမီးလေးတွေမှာ ရွှေဝတ်ဆင်ထားရင် ဝတ်တာစားတာလိုက်ဖက်နေရင် ဈေးပိုရတယ်လို့ သိရပါတယ်။ ကောင်းကောင်းမွန်မွန်မဝတ်စားထားရင် ယောကျ်ားလေးတွေရဲ့မိဘတွေက သဘောမကျဘူးလို့သိရပါတယ်။
ထက်မြတ်တဲ့ပုံပေါက်ရင် ပြီးတော့ မိသားစုအသိုင်းအဝိုင်းကောင်းရင် ဈေးပိုမြင့်တယ်လို့ သူတို့ကဆိုပါတယ်။သတို့သမီးတစ်ယောက်ရဲ့ကြမ်းခင်းကတော့ $290ကနေ $350ကစတယ်လို့ သိရပါတယ်။
သတို့သမီးဈေးမှာ ရောင်းချနေကြတဲ့အမျိုးသမီးလေးတွေကတော့ အသက်၁၃နှစ်ကနေ ၂၀အထိရှိတယ်လို့ သိရပါတယ်။ တချို့ကတော့ သဘောမကျပေမယ့်ဓလေ့ထုံးစံမို့ လက်ဆင့်ကမ်းလုပ်ဆောင်ကြသူတွေရှိသလို ပျော်ရွှင်စွာဆင်နွှဲနေသူများလည်းရှိပါတယ်။ ကဲ ဂေါ်မစွံFaတွေ ရှော့ပင်ထွက်ဖို့ စိတ်ဝင်စားနေကြပြီလား…
ပရိသတ်ကြီးရော ဒီလိုထူးထူးဆန်းဆန်း သတို့သမီးဈေးတန်းကို ဘယ်လို မြင်လဲ ပြောခဲ့ပေးကြပါအုံးနော်။
Credit: myanmaronlinecelebrities



မှတ်ချက်များ