အျပင္ပန္းအဆင္ေျပေနတယ္ထင္ရေပမယ့္ သင့္စိတ္၀ိဉာဉ္ကပင္ပန္းေနေျကာင္းျပတဲ့ အခ်က္မ်ား
Zawgyiျဖင့္ဖတ္ရန္
လူတစ္ေယာက္က ဘာမွမလုပ္နိုင္ေတာ့ေလာက္ေအာင္ ပင္ပန္းေနတယ္ဆိုရင္၊ ေနာက္ထပ္ဘာခံစားခ်က္မ်ိဳးကိုမွ လက္မခံနိုင္ေတာ့ေလာက္ေအာင္ အထိအခိုက္မခံဘဲျဖစ္ေနတယ္ဆိုရင္ သူဟာ အရမ္းကိုု အမွတ္သညာၾကီးျပီး ရင္ဘတ္ထဲမွာ သိမ္းဆည္းထားတာေတြမ်ားလြန္းေနလို႕ပါ။ သင္ဟာ ဒီလိုေတြျဖစ္ေနျပီဆိုရင္ သင့္စိတ္၀ိဉာဉ္က အရမး္ကိုပင္ပန္းႏြမ္းနယ္ေနပါျပီ။
(၁) ဘာအတြက္မွ စိတ္မလႈပ္ရွားေတာ့ဘူး
အသက္ၾကီးလာလို႔ ရင့္က်က္တည္ျငိမ္တာမ်ိဳးလည္း မဟုတ္ပါဘဲ ၀မ္းနည္းမႈ၊ ေပ်ာ္ရႊင္မႈ ဘာအတြက္မွစိတ္မလႈပ္ရွားေတာ့တာမ်ိဳးပါ။ သူငယ္ခ်င္းေတြနဲ႔ ေလွ်ာက္လည္ဖို႔ ၊ ပြဲေတြသြားဖို႔ ၊ ကဲဖို႔ေတြကို စိတ္မ၀င္စားေတာ့တဲ့အျပင္ ရုပ္ရွင္ၾကည့္ျပီး ၀မ္းနည္းတာမ်ိဳးေတြအထိ ဘာဆိုဘာမွ မရွိေတာ့တာပါ။
(၂) အရင္က အျဖစ္အပ်က္ေတြအတြက္ ခံစားမႈမရွိဘူး
အတိတ္တုန္းက ၾကံဳေတြ႕ခဲ့တဲ့ မွတ္မွတ္ရရကိစၥေတြနဲ႕ပတ္သက္ျပီးေတာ့လည္း ခံစားမႈမရွိေတာ့ဘဲ အဲ့ဒီတုန္းကအျဖစ္အပ်က္ေတြက မရွိခဲ့သလိုျဖစ္ေနမွာပါ။ တခ်ိဳ႕ကိစၥေတြကိုဆို လံုး၀ေမ့သြားတာမ်ိဳးေတာင္ ျဖစ္နိုင္ျပီး ကိုယ္က်ဴးလြန္ခဲ့ဖူးတဲ့ အမွားေတြနဲ႔ ပတ္သက္ျပီး ေနာင္တရတယ္ဆိုတာမ်ိဳးလည္း မရွိပါဘူး။
(၃) ကိုယ္ကခ်ည္းေပးေနရတယ္လို႔ ခံစားေနရတယ္
အေၾကာင္းအရာ ေတာ္ေတာ္မ်ားမ်ားအတြက္ ကိုယ့္ဘက္ကခ်ည္း အနစ္နာခံေနရတယ္၊ ကိုယ္ကခ်ည္းေပးေနရျပီး ဘာမွျပန္္မရဘူးလို႔ စိတ္ထဲမွာ ထင္ေနပါလိမ့္မယ္။ အဲ့လိုထင္လို႕ တျခားသူေတြအေပၚအျပစ္တင္ခ်င္စိတ္ရွိတာေတာ့မဟုတ္ပါဘူး။ ကိုယ့္ဘက္ကခ်ည္းေပးေနရလို႕ ပင္ပန္းေနတာမ်ိဳးပါ။
(၄) ကိုယ့္ကိုယ္ကိုလည္းလိမ္ေနတယ္
ကိုယ္အဆင္္ေျပတယ္လို႕ တျခားသူေတြထင္ေအာင္ေနရံု၊ေျပာရံုတင္မဟုတ္ပါဘူး။ ကိုယ့္ကိုယ္ကိုပါ ငါအဆင္ေျပပါတယ္လို႕ ျပန္လိမ္ေနတာပါ။ ျပီးေတာ့ တကယ္အဆင္မေျပတဲ့အေျခအေနကေနရုန္းထြက္နိုင္တဲ့အင္အားလည္းမရွိပါဘူး။
(၅) စည္းေဘာင္ေတြကိုလံုး၀လက္မခံနိုင္ဘူး
ဘာမွမခက္ခဲတဲ့စည္းကမ္းေလးေတြကိုေတာင္လက္မခံနိုင္၊ မုန္းတီးေနပါတယ္။ ကိုယ့္ကို တစ္ခုခုလာကန္႕သတ္တာမ်ိဳးကိုလံုး၀ကိုလက္မခံနိုင္ျဖစ္ေနတာပါ။ အရမး္ကိုလြတ္လပ္ခ်င္၊လြတ္ေျမာက္ခ်င္တဲ့ခံစားခ်က္ေတြမ်ားေနပါတယ္။
(၆) က််န္းမာေရးအတြက္မေကာင္းတာေတြကိုပဲလုပ္မိေနတယ္
အိပ္ခ်င္တဲ့အခ်ိန္မွအိပ္ျပီး၊ ထခ်င္တဲ့အခ်ိန္မွထ၊ စားခ်င္တဲ့အခ်ိ္န္မွစားတာမ်ိဳး၊ ေဆးလိပ္၊အရက္အလြန္အကြ်ံေသာက္တာမ်ိဳး၊ မူးယစ္ေဆးသံုးဖို႕စဥ္းစားေနတာမ်ိဳး၊ အားစိုက္ထုတ္ရမယ့္ဟာဆိုလို႔ ဘာဆိုဘာတစ္ခုမွမလုပ္ခ်င္တာမ်ိဳး၊ ဘ၀ကိုုေရစုန္ေမွ်ာသလိုေနေနမိတာပါ။
(၇) အရာအားလံုးကိုေၾကာက္ရြံ႕ေနတယ္
လူေတြနဲ႕ေတြ႕ဆံုေျပာဆိုရမွာေၾကာက္တယ္၊ လူရာမ၀င္မွာ ေၾကာက္တယ္၊ လက္ရွိအေျခအေနကေန အေျပာင္းအလဲတစ္ခုခုျဖစ္သြားမွာေၾကာက္တယ္၊ အဲ့ဒီလို အရာအားလံုးကိုေၾကာက္ေနမိျပီး တတ္နိုင္သေလာက္ တစ္ေယာက္တည္းေရွာင္ပုန္းေနခ်င္တာမ်ိဳးပါ။
Credit:Hannwe Soe (Auntymay)
Unicodeဖြင့်ဖတ်ရန်
အပြင်ပန်းအဆင်ပြေနေတယ်ထင်ရပေမယ့် သင့်စိတ်ဝိဉာဉ်ကပင်ပန်းနေကြောင်းပြတဲ့ အချက်များ
လူတစ်ယောက်က ဘာမှမလုပ်နိုင်တော့လောက်အောင် ပင်ပန်းနေတယ်ဆိုရင်၊ နောက်ထပ်ဘာခံစားချက်မျိုးကိုမှ လက်မခံနိုင်တော့လောက်အောင် အထိအခိုက်မခံဘဲဖြစ်နေတယ်ဆိုရင် သူဟာ အရမ်းကို အမှတ်သညာကြီးပြီး ရင်ဘတ်ထဲမှာ သိမ်းဆည်းထားတာတွေများလွန်းနေလို့ပါ။ သင်ဟာ ဒီလိုတွေဖြစ်နေပြီဆိုရင် သင့်စိတ်ဝိဉာဉ်က အရမ်းကိုပင်ပန်းနွမ်းနယ်နေပါပြီ။
(၁) ဘာအတွက်မှ စိတ်မလှုပ်ရှားတော့ဘူး
အသက်ကြီးလာလို့ ရင့်ကျက်တည်ငြိမ်တာမျိုးလည်း မဟုတ်ပါဘဲ ဝမ်းနည်းမှု၊ ပျော်ရွှင်မှု ဘာအတွက်မှစိတ်မလှုပ်ရှားတော့တာမျိုးပါ။ သူငယ်ချင်းတွေနဲ့ လျှောက်လည်ဖို့ ၊ ပွဲတွေသွားဖို့ ၊ ကဲဖို့တွေကို စိတ်မဝင်စားတော့တဲ့အပြင် ရုပ်ရှင်ကြည့်ပြီး ဝမ်းနည်းတာမျိုးတွေအထိ ဘာဆိုဘာမှ မရှိတော့တာပါ။
(၂) အရင်က အဖြစ်အပျက်တွေအတွက် ခံစားမှုမရှိဘူး
အတိတ်တုန်းက ကြုံတွေ့ခဲ့တဲ့ မှတ်မှတ်ရရကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်း ခံစားမှုမရှိတော့ဘဲ အဲ့ဒီတုန်းကအဖြစ်အပျက်တွေက မရှိခဲ့သလိုဖြစ်နေမှာပါ။ တချို့ကိစ္စတွေကိုဆို လုံးဝမေ့သွားတာမျိုးတောင် ဖြစ်နိုင်ပြီး ကိုယ်ကျူးလွန်ခဲ့ဖူးတဲ့ အမှားတွေနဲ့ ပတ်သက်ပြီး နောင်တရတယ်ဆိုတာမျိုးလည်း မရှိပါဘူး။
(၃) ကိုယ်ကချည်းပေးနေရတယ်လို့ ခံစားနေရတယ်
အကြောင်းအရာ တော်တော်များများအတွက် ကိုယ့်ဘက်ကချည်း အနစ်နာခံနေရတယ်၊ ကိုယ်ကချည်းပေးနေရပြီး ဘာမှပြန်မရဘူးလို့ စိတ်ထဲမှာ ထင်နေပါလိမ့်မယ်။ အဲ့လိုထင်လို့ တခြားသူတွေအပေါ်အပြစ်တင်ချင်စိတ်ရှိတာတော့မဟုတ်ပါဘူး။ ကိုယ့်ဘက်ကချည်းပေးနေရလို့ ပင်ပန်းနေတာမျိုးပါ။
(၄) ကိုယ့်ကိုယ်ကိုလည်းလိမ်နေတယ်
ကိုယ်အဆင်ပြေတယ်လို့ တခြားသူတွေထင်အောင်နေရုံ၊ပြောရုံတင်မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုပါ ငါအဆင်ပြေပါတယ်လို့ ပြန်လိမ်နေတာပါ။ ပြီးတော့ တကယ်အဆင်မပြေတဲ့အခြေအနေကနေရုန်းထွက်နိုင်တဲ့အင်အားလည်းမရှိပါဘူး။
(၅) စည်းဘောင်တွေကိုလုံးဝလက်မခံနိုင်ဘူး
ဘာမှမခက်ခဲတဲ့စည်းကမ်းလေးတွေကိုတောင်လက်မခံနိုင်၊ မုန်းတီးနေပါတယ်။ ကိုယ့်ကို တစ်ခုခုလာကန့်သတ်တာမျိုးကိုလုံးဝကိုလက်မခံနိုင်ဖြစ်နေတာပါ။ အရမ်းကိုလွတ်လပ်ချင်၊လွတ်မြောက်ချင်တဲ့ခံစားချက်တွေများနေပါတယ်။
(၆) ကျျန်းမာရေးအတွက်မကောင်းတာတွေကိုပဲလုပ်မိနေတယ်
အိပ်ချင်တဲ့အချိန်မှအိပ်ပြီး၊ ထချင်တဲ့အချိန်မှထ၊ စားချင်တဲ့အချိန်မှစားတာမျိုး၊ ဆေးလိပ်၊အရက်အလွန်အကျွံသောက်တာမျိုး၊ မူးယစ်ဆေးသုံးဖို့စဉ်းစားနေတာမျိုး၊ အားစိုက်ထုတ်ရမယ့်ဟာဆိုလို့ ဘာဆိုဘာတစ်ခုမှမလုပ်ချင်တာမျိုး၊ ဘဝကိုရေစုန်မျှောသလိုနေနေမိတာပါ။
(၇) အရာအားလုံးကိုကြောက်ရွံ့နေတယ်
လူတွေနဲ့တွေ့ဆုံပြောဆိုရမှာကြောက်တယ်၊ လူရာမဝင်မှာ ကြောက်တယ်၊ လက်ရှိအခြေအနေကနေ အပြောင်းအလဲတစ်ခုခုဖြစ်သွားမှာကြောက်တယ်၊ အဲ့ဒီလို အရာအားလုံးကိုကြောက်နေမိပြီး တတ်နိုင်သလောက် တစ်ယောက်တည်းရှောင်ပုန်းနေချင်တာမျိုးပါ။
Credit:Hannwe Soe (Auntymay)

မှတ်ချက်များ