Kim Tae Hee ကိုယ္တိုင္ ေ၀မွ်လိုက္တဲ့ သူမရဲ႕ အလွအပလွ်ိဳ႕၀ွက္ခ်က္ ႏွစ္ခု
Zawgyiျဖင့္ဖတ္ရန္
ကိုရီးယားႏိုင္ငံရဲ႕ အလွဆံုး မင္းသမီးေတြထဲမွာ Kim Tae Hee ကလည္း တစ္ေယာက္ အပါအ၀င္ပါ။သူမရဲ႕ အလွ ကေတာ့ တကယ့္ကိုၿပီးျပည့္စံုတဲ့ အလွလုိ႔ ေျပာလို႔ရပါတယ္။အသားအေရ၊ဆံေကသာ၊ေခါင္းစ ေျခဆံုး အကုန္ လွတဲ့ မင္းသမီးေလးပါ။ဘာေၾကာင့္ အခုလို ႏုပ်ိဳလွပ ေနရသလဲ ဆိုတာကိုေတာ့ Kim Tae Hee က ေ၀မွ် ေပးခဲ့ပါတယ္။ YouTube video channel တစ္ခုမွာ အေရျပား skin cosmetics Brand တစ္ခု အတြက္ ေၾကာ္ျငာ ေပး ခဲ့ပါတယ္။အဲ့ဒီမွာ Share ေပးရင္းနဲ႔ သူမရဲ႕ အလွအပ ဆိုင္ရာ လွ်ိဳ႕၀ွက္ခ်က္ေတြကိုပါ ေ၀မွ် ေပးခဲ့ပါတယ္။
Kim Tae Hee ကေတာ့ ကိုရီးယားရဲ႕ အလွဆံုး မင္းသမီးေတြထဲက တစ္ေယာက္ အျဖစ္အသိအမွတ္ျပဳ ခံထားရ သူပါ။ဒါ့အျပင္ သူမဟာ ကိုရီယား ပလတ္စတစ္ဆာဂ်ရီ ေလာကမွာ ဆိုရင္လည္း အားလံုးက စံျပ အျဖစ္ သတ္မွတ္ ထားရတ့ဲ အလွအပ စံႏႈန္း တစ္ခု ပါ။Kim Tae Hee ကေတာ့ သူမ အၿမဲ လုပ္ျဖစ္တဲ့ အလွအပ ဆိုင္ရာ လွ်ိဳ႕၀ွက္ ခ်က္ေ တြကို ေ၀ေမွ် ေပးခဲ့ရာမွာေတာ့…နံပါတ္တစ္အေနနဲ႔ အလွအပ ပစၥည္းေတြကို ေသခ်ာ ေရြးခ်ယ္ တယ္လုိ႔ ေျပာခဲ့ပါတယ္။” လူတိုင္းက အသား အေရ ကိုပဲ အဓိက ထားတယ္လို႔ က်မထင္တယ္။က်မကေတာ့ product ေတြ ကို ေရြးခ်ယ္တဲ့ ေနရာမွာ ဘာကို အေျခခံ ထုတ္ထားလဲ ဆိုတာကို ေသခ်ာ ၾကည့္ၿပီး ေရြးခ်ယ္တယ္။အထဲက ပါ၀င္ ပစၥည္းေတြကို ေသခ်ာ စစ္တယ္။အသားအေရ အတြက္ အႏၱာရယ္ျဖစ္ေစတဲ့ ပါ၀င္ပစၥည္းေတြ ပါ လား ဆုိၿပီး ေသခ်ာ စစ္တယ္။မ်က္ႏွာ အတြက္ သံုးတဲ့ Product ေတြကိုပဲ စစ္တာ မဟုတ္ဘူးေနာ္၊ဆံပင္၊ခႏၶာကိုယ္၊လက္ နဲ႔ တျခား Product ေတြကိုပါ အကုန္စစ္တာ..” ဆုိၿပီး ေျပာခ့ဲပါတယ္။
ေနာက္ထပ္ လွ်ိဳ႕၀ွက္ခ်က္ကေတာ့ စိတ္ေပ်ာ္ရႊင္မႈ လုိ႔ ဖြင့္ဟခဲ့ပါတယ္။Stress ကို ေသခ်ာ ကိုင္တြယ္ ေျဖရွင္း ဖုိ႕ က အေရးႀကီးေၾကာင္းနဲ႔ ဒါဟာ အလွအပ အတြက္ အေရးႀကီးတဲ့ အရာတစ္ခု လို႔ ေျပာခဲ့ပါတယ္။” က်မ ထင္တယ္ရွင့္.. စိတ္ေပ်ာ္ရင္ လူလဲ ပိုလွလာတယ္။စိတ္ေပ်ာ္ရင္ မ်က္ႏွာေလးကလည္း ပိုေတာက္ပ လာတယ္။ဒါေၾကာင့္ ကုိယ့္ရဲ႕ စိတ္ဖိစီးမႈေတြကို ေကာင္းေကာင္းကိုင္တြယ္ေျဖရွင္းၿပီး စိတ္ေပ်ာ္ေနဖုိ႔ က အဓိက က်တယ္..” လုိ႔ ေျပာခဲ့ပါတယ္။ ေနာက္ထပ္ တစ္ခုကေတာ့ ” က်မက Namsan ေတာင္နားမွာ ေနတယ္ေလ။က်မလဲ အားၿပီး ရာသီဥတု ေကာင္းရင္ ေန႔တိုင္း လမ္းေလွ်ာက္ျဖစ္တယ္။သစ္ပင္ေတြကို ျမင္ရင္၊သန္႔ရွင္းတဲ့ ေလကို ရႈလိုက္ရရင္ စိတ္ ေပါ့ပါး လန္းဆန္း သြားတယ္…” လုိ႔ ေျပာခဲ့ပါတယ္
Source:Koreaboo
Credit:Hannwe Soe (Auntymay)
Unicodeဖြင့်ဖတ်ရန်
Kim Tae Hee ကိုယ်တိုင် ဝေမျှလိုက်တဲ့ သူမရဲ့ အလှအပလျှို့ဝှက်ချက် နှစ်ခု
ကိုရီးယားနိုင်ငံရဲ့ အလှဆုံး မင်းသမီးတွေထဲမှာ Kim Tae Hee ကလည်း တစ်ယောက် အပါအဝင်ပါ။သူမရဲ့ အလှ ကတော့ တကယ့်ကိုပြီးပြည့်စုံတဲ့ အလှလို့ ပြောလို့ရပါတယ်။အသားအရေ၊ဆံကေသာ၊ခေါင်းစ ခြေဆုံး အကုန် လှတဲ့ မင်းသမီးလေးပါ။ဘာကြောင့် အခုလို နုပျိုလှပ နေရသလဲ ဆိုတာကိုတော့ Kim Tae Hee က ဝေမျှ ပေးခဲ့ပါတယ်။ YouTube video channel တစ်ခုမှာ အရေပြား skin cosmetics Brand တစ်ခု အတွက် ကြော်ငြာ ပေး ခဲ့ပါတယ်။အဲ့ဒီမှာ Share ပေးရင်းနဲ့ သူမရဲ့ အလှအပ ဆိုင်ရာ လျှို့ဝှက်ချက်တွေကိုပါ ဝေမျှ ပေးခဲ့ပါတယ်။
Kim Tae Hee ကတော့ ကိုရီးယားရဲ့ အလှဆုံး မင်းသမီးတွေထဲက တစ်ယောက် အဖြစ်အသိအမှတ်ပြု ခံထားရ သူပါ။ဒါ့အပြင် သူမဟာ ကိုရီယား ပလတ်စတစ်ဆာဂျရီ လောကမှာ ဆိုရင်လည်း အားလုံးက စံပြ အဖြစ် သတ်မှတ် ထားရတဲ့ အလှအပ စံနှုန်း တစ်ခု ပါ။Kim Tae Hee ကတော့ သူမ အမြဲ လုပ်ဖြစ်တဲ့ အလှအပ ဆိုင်ရာ လျှို့ဝှက် ချက်ေ တွကို ဝေမျှေ ပေးခဲ့ရာမှာတော့…နံပါတ်တစ်အနေနဲ့ အလှအပ ပစ္စည်းတွေကို သေချာ ရွေးချယ် တယ်လို့ ပြောခဲ့ပါတယ်။” လူတိုင်းက အသား အရေ ကိုပဲ အဓိက ထားတယ်လို့ ကျမထင်တယ်။ကျမကတော့ product တွေ ကို ရွေးချယ်တဲ့ နေရာမှာ ဘာကို အခြေခံ ထုတ်ထားလဲ ဆိုတာကို သေချာ ကြည့်ပြီး ရွေးချယ်တယ်။အထဲက ပါဝင် ပစ္စည်းတွေကို သေချာ စစ်တယ်။အသားအရေ အတွက် အန္တာရယ်ဖြစ်စေတဲ့ ပါဝင်ပစ္စည်းတွေ ပါ လား ဆိုပြီး သေချာ စစ်တယ်။မျက်နှာ အတွက် သုံးတဲ့ Product တွေကိုပဲ စစ်တာ မဟုတ်ဘူးနော်၊ဆံပင်၊ခန္ဓာကိုယ်၊လက် နဲ့ တခြား Product တွေကိုပါ အကုန်စစ်တာ..” ဆိုပြီး ပြောခဲ့ပါတယ်။
နောက်ထပ် လျှို့ဝှက်ချက်ကတော့ စိတ်ပျော်ရွှင်မှု လို့ ဖွင့်ဟခဲ့ပါတယ်။Stress ကို သေချာ ကိုင်တွယ် ဖြေရှင်း ဖို့ က အရေးကြီးကြောင်းနဲ့ ဒါဟာ အလှအပ အတွက် အရေးကြီးတဲ့ အရာတစ်ခု လို့ ပြောခဲ့ပါတယ်။” ကျမ ထင်တယ်ရှင့်.. စိတ်ပျော်ရင် လူလဲ ပိုလှလာတယ်။စိတ်ပျော်ရင် မျက်နှာလေးကလည်း ပိုတောက်ပ လာတယ်။ဒါကြောင့် ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေကို ကောင်းကောင်းကိုင်တွယ်ဖြေရှင်းပြီး စိတ်ပျော်နေဖို့ က အဓိက ကျတယ်..” လို့ ပြောခဲ့ပါတယ်။ နောက်ထပ် တစ်ခုကတော့ ” ကျမက Namsan တောင်နားမှာ နေတယ်လေ။ကျမလဲ အားပြီး ရာသီဥတု ကောင်းရင် နေ့တိုင်း လမ်းလျှောက်ဖြစ်တယ်။သစ်ပင်တွေကို မြင်ရင်၊သန့်ရှင်းတဲ့ လေကို ရှုလိုက်ရရင် စိတ် ပေါ့ပါး လန်းဆန်း သွားတယ်…” လို့ ပြောခဲ့ပါတယ်
Source:Koreaboo
Credit:Hannwe Soe (Auntymay)


မှတ်ချက်များ