ဒီိလို အရည္အခ်င္းေတြရွိေနရင္ ေအာင္ျမင္တဲ့ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ဖို႔ ေသခ်ာေနပါၿပီ


Zawgyiျဖင့္ဖတ္ရန္

သမိုင္းတစ္ေလွ်ာက္မွာ မီးဖိုေခ်ာင္ထဲပဲ ရွိေနခဲ့ရတဲ့ အမ်ိဳးသမီးေတြရဲ႕ အခန္းက႑က တျဖည္းျဖည္း ျမင့္တက္လာေနပါတယ္။ ကမာၻအႏွ႔ံအျပားမွာလည္း အမ်ိဳးသမီးအခြင့္အေရးေတြ ေတာင္းဆိုလာေနၾကသလို အမ်ိဳးသမီးေတြရဲ႕ ဦးေဆာင္မႈ အခန္းက႑က ပိုမို ျမင့္တက္ေနပါတယ္။ ဒီေတာ့ အမ်ိဳးသားေတြနဲ႔ ယွဥ္သေလာက္ မလြယ္ကူေပမဲ့ အမ်ိဳးသမီး တစ္ေယာက္ ေအာင္ျမင္ဖို႔ဆိုရင္ ဒီလို အရည္အခ်င္းေတြ ရွိေနဖို႔ လိုပါတယ္။

(၁) ႀကိဳးစားအားထုတ္မႈ

သာမာန္သူေတြ ႀကိဳးစားပါတယ္ဆိုတဲ့ အေျခအေနေလာက္နဲ႔ မလံုေလာက္ပါဘူး။ သင္ ျဖစ္ခ်င္တဲ့အရာအတြက္ သင္ကိုယ္သင္ စိတ္ေက်နပ္ႏိုင္တဲ့ အေျခအေနထိ အဆက္မျပတ္ အားသြန္ခြန္စိုက္ ေလ့လာၿပီး ႀကိဳးစားေနရမွာပါ။

(၂) ေပါင္းသင္းဆက္ဆံေရး ေကာင္းရမယ္။

လူအမ်ားနဲ႔ လိုက္ေလ်ာညီညြတ္စြာ ေျပာဆိုႏိုင္တဲ့သူ ျဖစ္ေနရပါမယ္။ ဒီလိုလူနဲ႔ေတာ့ မေျပာခ်င္ဘူး။ ဒီလူကို မ်က္ႏွာခ်င္းမဆိုင္ခ်င္ဘူး စတာေတြက တစ္ကိုယ္ရည္ခံစားခ်က္ေတြ ျဖစ္ပါတယ္။ အဲ့လို ခံစားခ်က္ေတြ မပါပဲ ရင့္က်က္စြာ ေပါင္းသင္းဆက္ဆံတတ္ဖို႔ လိုပါတယ္။

(၃) ပတ္ဝန္းက်င္ကို ေလ့လာပါ။ ဒါေပမဲ့ မတုန္လႈပ္ပါနဲ႔။

ကိုယ္နဲ႔ ပတ္သတ္ၿပီး ပတ္ဝန္းက်င္က ဘယ္လို မွတ္ခ်က္ျပဳလဲကို ေလ့လာသင့္ပါတယ္။ ဒါမွသာ သင္မျမင္ႏိုင္ခဲ့တဲ့ သင့္အားနည္းခ်က္ေတြကို ေတြ႔ႏိုင္မွာပါ။ ဒါေပမဲ့ သင့္ကို အခ်က္အလက္နဲ႔ ေဝဖန္ေျပာဆိုသူေတြရဲ႕စကားေတြကိုသာ ဂရုျပဳပါ။ ျပစ္တင္ဆဲဆိုမႈေတြကို ေခါင္းထဲ မထည့္ပါနဲ႔။ ခ်ီးမြမ္း ၇ ရက္၊ ကဲ့ရဲ႕ ၇ ရက္ မဟုတ္လား။

(၄) ခြဲျခားမႈေတြကို ျငင္းပယ္ပါ။

သင္က အမ်ိဳးသမီးတစ္ေယာက္ ျဖစ္ၿပီး ေအာင္ျမင္ဖို႔ ဆႏၵရွိတယ္ဆိုရင္ လူသားဆန္မႈ ေပ်ာက္တဲ့ ခြဲျခားဆက္ဆံမႈေတြကို လက္သင့္ခံလို႔ မရပါဘူး။ အမ်ိဳးသမီးတစ္ေယာက္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အခြင့္အေရးေတြ ပိတ္ပင္ခံရဖူးရင္ ကိုယ္ခ်င္းစာသင့္ပါတယ္။ လူက လူပါပဲ။ ႏွလံုးသားႏူးညံ့ဖို႔ လိုပါတယ္။

(၅) ဘာသာစကားေတြ ေလ့လာပါ။

ဒီေန႔ေခတ္ကာလထဲမွာ ဘာသာစကား တစ္မ်ိဳးတည္း ေျပာတတ္ရံုနဲ႔ မလံုေလာက္တာ ျဖစ္တဲ့အတြက္ သင့္အတြက္ လိုအပ္တဲ့ ႏိုင္ငံျခားဘာသာစကားေတြကို တတ္ေျမာက္ေအာင္ ေလ့လာထားဖို႔ လိုပါတယ္။

(၆) စကားေျပာ ေကာင္းသူ ျဖစ္ပါေစ။

ႏႈတ္ခ်ိဳ လွ်ိဳတစ္ပါး လို႔ေတာင္ ေျပာစမွတ္ ရွိပါတယ္။ သင္ ေအာင္ျမင္လာတဲ့အေလ်ာက္ လူေပါင္းမ်ားစြာနဲ႔ သင္ႀကံဳေတြ႕ ရမွာပါ။ အဲ့သည့္အခါမွာ သင့္ရဲ႕ ေကာင္းမြန္တဲ့ပံုရိပ္ကို လူေတြ သိေနေစဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္ စကားေျပာ ေလ့က်င့္သင့္ပါတယ္။ သူ႔ေနရာ သူ႔ေဒသနဲ႔ ကိုက္ညီတဲ့ စကားေျပာဆိုမႈေတြ ရွိရင္ သင့္ကို လူအမ်ားက အလိုလို လက္ခံၾကမွာပါ။

Credit:(Auntymay)

Unicodeဖြင့်ဖတ်ရန်

ဒီလို အရည်အချင်းတွေရှိနေရင် အောင်မြင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ သေချာနေပါပြီ

သမိုင်းတစ်လျှောက်မှာ မီးဖိုချောင်ထဲပဲ ရှိနေခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက တဖြည်းဖြည်း မြင့်တက်လာနေပါတယ်။ ကမ္ဘာအနှံ့အပြားမှာလည်း အမျိုးသမီးအခွင့်အရေးတွေ တောင်းဆိုလာနေကြသလို အမျိုးသမီးတွေရဲ့ ဦးဆောင်မှု အခန်းကဏ္ဍက ပိုမို မြင့်တက်နေပါတယ်။ ဒီတော့ အမျိုးသားတွေနဲ့ ယှဉ်သလောက် မလွယ်ကူပေမဲ့ အမျိုးသမီး တစ်ယောက် အောင်မြင်ဖို့ဆိုရင် ဒီလို အရည်အချင်းတွေ ရှိနေဖို့ လိုပါတယ်။

(၁) ကြိုးစားအားထုတ်မှု

သာမာန်သူတွေ ကြိုးစားပါတယ်ဆိုတဲ့ အခြေအနေလောက်နဲ့ မလုံလောက်ပါဘူး။ သင် ဖြစ်ချင်တဲ့အရာအတွက် သင်ကိုယ်သင် စိတ်ကျေနပ်နိုင်တဲ့ အခြေအနေထိ အဆက်မပြတ် အားသွန်ခွန်စိုက် လေ့လာပြီး ကြိုးစားနေရမှာပါ။

(၂) ပေါင်းသင်းဆက်ဆံရေး ကောင်းရမယ်။

လူအများနဲ့ လိုက်လျောညီညွတ်စွာ ပြောဆိုနိုင်တဲ့သူ ဖြစ်နေရပါမယ်။ ဒီလိုလူနဲ့တော့ မပြောချင်ဘူး။ ဒီလူကို မျက်နှာချင်းမဆိုင်ချင်ဘူး စတာတွေက တစ်ကိုယ်ရည်ခံစားချက်တွေ ဖြစ်ပါတယ်။ အဲ့လို ခံစားချက်တွေ မပါပဲ ရင့်ကျက်စွာ ပေါင်းသင်းဆက်ဆံတတ်ဖို့ လိုပါတယ်။

(၃) ပတ်ဝန်းကျင်ကို လေ့လာပါ။ ဒါပေမဲ့ မတုန်လှုပ်ပါနဲ့။

ကိုယ်နဲ့ ပတ်သတ်ပြီး ပတ်ဝန်းကျင်က ဘယ်လို မှတ်ချက်ပြုလဲကို လေ့လာသင့်ပါတယ်။ ဒါမှသာ သင်မမြင်နိုင်ခဲ့တဲ့ သင့်အားနည်းချက်တွေကို တွေ့နိုင်မှာပါ။ ဒါပေမဲ့ သင့်ကို အချက်အလက်နဲ့ ဝေဖန်ပြောဆိုသူတွေရဲ့စကားတွေကိုသာ ဂရုပြုပါ။ ပြစ်တင်ဆဲဆိုမှုတွေကို ခေါင်းထဲ မထည့်ပါနဲ့။ ချီးမွမ်း ၇ ရက်၊ ကဲ့ရဲ့ ၇ ရက် မဟုတ်လား။

(၄) ခွဲခြားမှုတွေကို ငြင်းပယ်ပါ။

သင်က အမျိုးသမီးတစ်ယောက် ဖြစ်ပြီး အောင်မြင်ဖို့ ဆန္ဒရှိတယ်ဆိုရင် လူသားဆန်မှု ပျောက်တဲ့ ခွဲခြားဆက်ဆံမှုတွေကို လက်သင့်ခံလို့ မရပါဘူး။ အမျိုးသမီးတစ်ယောက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခွင့်အရေးတွေ ပိတ်ပင်ခံရဖူးရင် ကိုယ်ချင်းစာသင့်ပါတယ်။ လူက လူပါပဲ။ နှလုံးသားနူးညံ့ဖို့ လိုပါတယ်။

(၅) ဘာသာစကားတွေ လေ့လာပါ။

ဒီနေ့ခေတ်ကာလထဲမှာ ဘာသာစကား တစ်မျိုးတည်း ပြောတတ်ရုံနဲ့ မလုံလောက်တာ ဖြစ်တဲ့အတွက် သင့်အတွက် လိုအပ်တဲ့ နိုင်ငံခြားဘာသာစကားတွေကို တတ်မြောက်အောင် လေ့လာထားဖို့ လိုပါတယ်။

(၆) စကားပြော ကောင်းသူ ဖြစ်ပါစေ။

နှုတ်ချို လျှိုတစ်ပါး လို့တောင် ပြောစမှတ် ရှိပါတယ်။ သင် အောင်မြင်လာတဲ့အလျောက် လူပေါင်းများစွာနဲ့ သင်ကြုံတွေ့ ရမှာပါ။ အဲ့သည့်အခါမှာ သင့်ရဲ့ ကောင်းမွန်တဲ့ပုံရိပ်ကို လူတွေ သိနေစေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် စကားပြော လေ့ကျင့်သင့်ပါတယ်။ သူ့နေရာ သူ့ဒေသနဲ့ ကိုက်ညီတဲ့ စကားပြောဆိုမှုတွေ ရှိရင် သင့်ကို လူအများက အလိုလို လက်ခံကြမှာပါ။

Credit:(Auntymay)

မှတ်ချက်များ