ပ်ိဳေမတို႔ မျဖစ္မေန သိထားသင့္တဲ့ ပုရိသတို႔ရဲ႕ ဖြြန္ေၾကာင္ျခင္း အႏုပညာ


Zawgyiျဖင့္ဖတ္ရန္

ဖြန္ေၾကာင္တယ္ ဖြန္ေၾကာင္တယ္ ေျပာဖူးၾကတယ္ မလား။ အဲ့သည့္ ဖြန္ေၾကာင္တဲ့သူေတြ အေၾကာင္း သိေရာသိရဲ႕လား။တစ္ခါတစ္ရံမွာေတာ့ အဲ့လိုလူေတြဟာ အျမင္ကပ္ဖို႔ ေကာင္းလြန္းသလို တစ္ခါတစ္ရံမွာေတာ့ သနားဖို႔ ေကာင္းလြန္းပါတယ္။ ဖြန္ဘာလို႔ေၾကာင့္ ဒါေတြေၾကာင့္ ေၾကာင္တယ္လို႔ မွတ္ပါေနာ္……

(၁) ေၾကာင္ခ်င္လို႔ ေၾကာင္တယ္

ဘာမွ ေထြေထြထူးထူး ျဖစ္လို႔ မဟုတ္ပါဘူး။ စိတ္ထဲမွာကိုက ဖြန္ေၾကာင္ခ်င္ေနလို႔ ေၾကာင္တာပါ။ ဖြန္ေၾကာင္ေနမွန္း လြယ္လြယ္သိႏိုင္တဲ့ ဖြန္ေၾကာင္ျခင္းမ်ိဳးေပါ့။

(၂) ဝါသနာအရ….:3

အေပၚကအခ်က္ထက္ နည္းနည္းေလးေတာ့ ထူးပါတယ္ေနာ္..။ ဖြန္မေၾကာင္ရ မေနႏိုင္လို႔ ဖြန္ေၾကာင္ေနမွ ေနသာထိုင္သာ ရွိလို႔ ဖြန္ေၾကာင္ေနတာပါ။ ဒီလိုသူမ်ိဳးက အကုန္လံုးကို ပတ္ေၾကာင္ေနတာလည္း ဟုတ္သလုိ တစ္ေယာက္မဟုတ္ တစ္ေယာက္ကို အျမဲေၾကာင္ေနတာမ်ိဳးပါ။

(၃) ရည္းစားလိုခ်င္လို႔

ဒါကေတာ့ သနားရမလို ရိုက္ပစ္ရမလို လူမ်ိဳးပါ။ သူတို႔ ဖြန္ေၾကာင္တာက ဆန္းပါတယ္။ ေပၚတင္လည္းေၾကာင္သလို သနားစဖြယ္လုပ္ၿပီးလည္း ေၾကာင္ပါတယ္ ဇြဲလည္း ႀကီးတတ္ပါတယ္။ ဇြဲဆုမ်ား ေပးမလား၊ သနားၿပီးျပန္ႀကိဳက္မလား တစ္နည္းမဟုတ္တစ္နည္းနဲ႔ ေကာင္မေလးရရမယ္ လို႔ အဓိဌာန္ထားထားတဲ့ သူမ်ိဳးေတြပါ။

(၄) ခ်စ္ေနေပမဲ့ ဖြင့္မေျပာရဲလို႔

သတၱိမရွိ ေတြေဝေနတတ္တဲ့ ေကာင္ေလးေတြ လုပ္ေလ့ရွိတာမ်ိဳးပါ။ ခ်စ္ေနေပမယ့္ သိသြားမွာ စိုးလို႔ ဖြန္ေၾကာင္ခ်င္ေယာင္ေဆာင္ၿပီး ရင္းႏွီးမႈယူေနတာပါ။ ရင္းႏွီးသြားလည္း တကယ္မဟုတ္ဘူး ထင္မွာ စိုးၿပီး ေတာ္ေတာ္နဲ႔ ဖြင့္မေျပာမယ့္ သူေတြပါ။


(၅) ေပ်ာ္တတ္လို႔

ေပါ့ေပါ့ပါးပါးလည္း ေနခ်င္သလို ေပ်ာ္တတ္တဲ့သူေတြပါ။ ေပါ့ေပါ့ပါးပါးေနခ်င္တာေၾကာင့္ ရည္းစားထားရင္ ရႏိုင္ရဲ႕သားနဲ႔ မထားပဲ ဖြန္ပတ္ေၾကာင္ေနရတာကိုပဲ ေပ်ာ္ေနတာမ်ိဳးပါ။ သူငယ္ခ်င္ေတြက ေဟ့ေရာင္ ဖြန္ေၾကာင္ကို ဟီးဟီး ဟဲဟဲ လက္ခံတတ္တဲ့ သူမ်ိဳးေတြေပါ့။

(၆) အထီးက်န္ေနလို႔

အထီးက်န္ေနတဲ့ ေကာင္ေလးေတြက သူတို႔ကိုယ္သူတို႔ ဒီလိုနည္းနဲ႔လည္း ေပ်ာ္ေအာင္ ဖန္တီးၾကပါေသးတယ္။ ပ်င္းတိုင္း အထီးက်န္တိုင္း ဖြန္ေၾကာင္ၿပီး စကားေလးေတြ လိုက္ေျပာၿပီး သူတို႔ အထီးက်န္မႈကို ေျဖေဖ်ာက္ေနတဲ့သူမ်ိဳးေတြလည္း ျဖစ္ပါတယ္..။

Written by Kham

Credit:(Auntymay)

Unicodeဖြင့်ဖတ်ရန်

ပျိုမေတို့ မဖြစ်မနေ သိထားသင့်တဲ့ ပုရိသတို့ရဲ့ ဖွန်ကြောင်ခြင်း အနုပညာ

ဖွန်ကြောင်တယ် ဖွန်ကြောင်တယ် ပြောဖူးကြတယ် မလား။ အဲ့သည့် ဖွန်ကြောင်တဲ့သူတွေ အကြောင်း သိရောသိရဲ့လား။တစ်ခါတစ်ရံမှာတော့ အဲ့လိုလူတွေဟာ အမြင်ကပ်ဖို့ ကောင်းလွန်းသလို တစ်ခါတစ်ရံမှာတော့ သနားဖို့ ကောင်းလွန်းပါတယ်။ ဖွန်ဘာလို့ကြောင့် ဒါတွေကြောင့် ကြောင်တယ်လို့ မှတ်ပါနော်……

(၁) ကြောင်ချင်လို့ ကြောင်တယ်

ဘာမှ ထွေထွေထူးထူး ဖြစ်လို့ မဟုတ်ပါဘူး။ စိတ်ထဲမှာကိုက ဖွန်ကြောင်ချင်နေလို့ ကြောင်တာပါ။ ဖွန်ကြောင်နေမှန်း လွယ်လွယ်သိနိုင်တဲ့ ဖွန်ကြောင်ခြင်းမျိုးပေါ့။

(၂) ဝါသနာအရ….:3

အပေါ်ကအချက်ထက် နည်းနည်းလေးတော့ ထူးပါတယ်နော်..။ ဖွန်မကြောင်ရ မနေနိုင်လို့ ဖွန်ကြောင်နေမှ နေသာထိုင်သာ ရှိလို့ ဖွန်ကြောင်နေတာပါ။ ဒီလိုသူမျိုးက အကုန်လုံးကို ပတ်ကြောင်နေတာလည်း ဟုတ်သလို တစ်ယောက်မဟုတ် တစ်ယောက်ကို အမြဲကြောင်နေတာမျိုးပါ။

(၃) ရည်းစားလိုချင်လို့

ဒါကတော့ သနားရမလို ရိုက်ပစ်ရမလို လူမျိုးပါ။ သူတို့ ဖွန်ကြောင်တာက ဆန်းပါတယ်။ ပေါ်တင်လည်းကြောင်သလို သနားစဖွယ်လုပ်ပြီးလည်း ကြောင်ပါတယ် ဇွဲလည်း ကြီးတတ်ပါတယ်။ ဇွဲဆုများ ပေးမလား၊ သနားပြီးပြန်ကြိုက်မလား တစ်နည်းမဟုတ်တစ်နည်းနဲ့ ကောင်မလေးရရမယ် လို့ အဓိဌာန်ထားထားတဲ့ သူမျိုးတွေပါ။

(၄) ချစ်နေပေမဲ့ ဖွင့်မပြောရဲလို့

သတ္တိမရှိ တွေဝေနေတတ်တဲ့ ကောင်လေးတွေ လုပ်လေ့ရှိတာမျိုးပါ။ ချစ်နေပေမယ့် သိသွားမှာ စိုးလို့ ဖွန်ကြောင်ချင်ယောင်ဆောင်ပြီး ရင်းနှီးမှုယူနေတာပါ။ ရင်းနှီးသွားလည်း တကယ်မဟုတ်ဘူး ထင်မှာ စိုးပြီး တော်တော်နဲ့ ဖွင့်မပြောမယ့် သူတွေပါ။


(၅) ပျော်တတ်လို့

ပေါ့ပေါ့ပါးပါးလည်း နေချင်သလို ပျော်တတ်တဲ့သူတွေပါ။ ပေါ့ပေါ့ပါးပါးနေချင်တာကြောင့် ရည်းစားထားရင် ရနိုင်ရဲ့သားနဲ့ မထားပဲ ဖွန်ပတ်ကြောင်နေရတာကိုပဲ ပျော်နေတာမျိုးပါ။ သူငယ်ချင်တွေက ဟေ့ရောင် ဖွန်ကြောင်ကို ဟီးဟီး ဟဲဟဲ လက်ခံတတ်တဲ့ သူမျိုးတွေပေါ့။

(၆) အထီးကျန်နေလို့

အထီးကျန်နေတဲ့ ကောင်လေးတွေက သူတို့ကိုယ်သူတို့ ဒီလိုနည်းနဲ့လည်း ပျော်အောင် ဖန်တီးကြပါသေးတယ်။ ပျင်းတိုင်း အထီးကျန်တိုင်း ဖွန်ကြောင်ပြီး စကားလေးတွေ လိုက်ပြောပြီး သူတို့ အထီးကျန်မှုကို ဖြေဖျောက်နေတဲ့သူမျိုးတွေလည်း ဖြစ်ပါတယ်..။

Written by Kham

Credit:(Auntymay)

မှတ်ချက်များ