ပတ္ဝန္းက်င္က လူေတြရဲ႕ စကားေတြကို လ်စ္လ်ဴ႐ႈလိုက္တဲ့အခါ ရလာမယ့္ ေကာင္းက်ိဳးေတြ
Zawgyiျဖင့္ဖတ္ရန္
ပတ္ဝန္းက်င္က လူေတြဆိုတာမ်ိဳးက အၿမဲတမ္း ေဝဖန္ကဲ့ရဲ႕ ဖို႔ပဲၾကည့္ေနတတ္ ၾကတဲ့သူေတြပါ။ အေကာင္းေျပာတတ္တဲ့ သူေတြက ေတာ့္ေတာ့္ကို ႐ွားၿပီးေတာ့ ကိုယ့္မေကာင္းေၾကာင္းေတြကို ေျပာခ်င္ၾကတဲ့ သူက ခပ္မ်ားမ်ားရယ္။ ဒီလိုမ်ိဳး သူမ်ားေတြရဲ႕ အေျပာေတြ၊ ေဝဖန္မႈေတြကုိ ဂ႐ုမစိုက္ပဲ ေနလုိက္ျခင္းက ကိုယ့္ကို ဘယ္လိုေတြ ေျပာင္းလဲသြားေစလဲ။
ကိုယ့္ကိုယ္ကို ယံုၾကည္မႈ ပို႐ွိလာမယ္
ငါ ဒါေလးဝတ္လုိက္ရင္ လူေတြက ငါ့ကို ဘယ္လိုမ်ားျမင္ၾကမလဲ၊ ေကာင္ေလးတစ္ေယာက္နဲ႔ တြဲသြားမိရင္ ငါ့ကိုအထင္ေသး ေျပာဆိုေနၾကမလား လုိ႔ ေတြးပူေနရတာက တကယ့္ကို စိတ္ပင္ပန္းရပါတယ္။ ပတ္ဝန္းက်င္ရဲ႕ အၾကည့္ေတြ၊ အေျပာေတြကို ဂ႐ုမစိုက္ပဲ ကိုုယ့္လိပ္ျပာ ကိုယ္လံုရင္ ရပါၿပီ။ ဒီလိုမ်ိဳး လုပ္္လိုက္မိတဲ့အခါ ကိုယ့္ကိုယ္ကို ယံုၾကည္မႈ ပို႐ွိလာေစပါတယ္။
ကိုယ့္အတြက္ အခြင့္အလမ္း ပိုမ်ားလာမယ္
လူေတြရဲ႕ အေျပာေတြကို နားေထာင္မိတဲ့အခါ ကိုယ္လုပ္ခ်င္တဲ့ လမ္းေၾကာင္းေတြ အခြင့္အေရးေတြ ဆံုး႐ံႈးတတ္ပါတယ္။ ဒါေၾကာင့္မို႔လုိ႔ ကိုယ္လုပ္ခ်င္တဲ့ အလုပ္မ်ိဳးကို လူေတြေဝဖန္တိုက္ခိုက္ေနရင္ေတာင္ ကိုယ့္အတြက္ေကာင္းႏုိင္ရင္ လုပ္သင့္ပါတယ္။ ကိုယ့္လုပ္ရပ္ဟာ မွန္ကန္ေနပါတယ္လို႔ တကူးတက လုိက္႐ွင္းျပေနစရာ မလုိပါဘူး။ အခ်ိန္က ဆံုးျဖတ္ေပးသြားပါလိမ္႔မယ္။
ေၾကာက္စိတ္ကို အႏိုင္ယူနုိင္လာမယ္
လူေတြရဲ႕ အထင္အျမင္ေတြကို လ်စ္လ်ဴ႐ႈလိုက္တာနဲ႔ တၿပိဳင္နက္ ကိုယ့္ကိုယ္ကို ယံုႀကည္မႈပို႐ွိလာၿပီး ေၾကာက္စိတ္လည္း နည္းလာပါလိမ့္မယ္။ ပတ္ဝန္းက်င္ကို ဂ႐ုစိုက္ေနမိရင္ ဟိုဟာမလုပ္ရဲ၊ ဒီဟာမသြားရဲ ျဖစ္ေနအံုးမွာပါ။ ပတ္ဝန္းက်င္က ဘာေျပာေျပာ ဂ႐ုမစိုက္ေတာ့တဲ့အခါ အခြင့္အလမ္းသစ္ေတြကိုလည္း စိန္ေခၚဖို႔ ေၾကာက္မေနတတ္ေတာ့ပါဘူး။ အရာရာကို ရင္ဆိုင္ရဲလာပါတယ္။
ပိုေပ်ာ္႐ႊင္လာမယ္
ပတ္ဝန္းက်င္ေအာင္ စကားေတြေၾကာင့္ စိတ္ညစ္ရတဲ့ အခိုက္အတန္႔ေတြ ႐ွိေနတတ္ၿပီး သူတို႔ရဲ႕ အေျပာေတြကို ဂ႐ုစိုက္ေနသေ႐ြ႕ သင္အျပည့္အဝ မေပ်ာ္႐ႊင္ႏုိင္ပါဘူး။ သူမ်ားေတြရဲ႕ ေဝဖန္တိုက္ခိုက္မႈေတြကို မသိက်ိဳးႏြံ ျပဳလိုက္မိတဲ့အခါမွာ ေပ်ာ္႐ႊင္မႈက သင့္ဆီေရာက္႐ွိလာမွာပါ။ ဘယ္္လိုေနေန ေဝဖန္ခ်င္ေနၾကတဲ့ သူေတြကို လ်စ္လ်ဴ႐ႈလိုက္ျခင္းက သင့္ကို လြတ္လပ္ေပါပါးသလို ခံစားရေစၿပီး ပိုေပ်ာ္႐ႊင္လာပါလိမ္႔မယ္။
Khin
Credit:(Auntymay)
Unicodeဖြင့်ဖတ်ရန်
ပတ်ဝန်းကျင်က လူတွေရဲ့ စကားတွေကို လျစ်လျူရှုလိုက်တဲ့အခါ ရလာမယ့် ကောင်းကျိုးတွေ
ပတ်ဝန်းကျင်က လူတွေဆိုတာမျိုးက အမြဲတမ်း ဝေဖန်ကဲ့ရဲ့ ဖို့ပဲကြည့်နေတတ် ကြတဲ့သူတွေပါ။ အကောင်းပြောတတ်တဲ့ သူတွေက တော့်တော့်ကို ရှားပြီးတော့ ကိုယ့်မကောင်းကြောင်းတွေကို ပြောချင်ကြတဲ့ သူက ခပ်များများရယ်။ ဒီလိုမျိုး သူများတွေရဲ့ အပြောတွေ၊ ဝေဖန်မှုတွေကို ဂရုမစိုက်ပဲ နေလိုက်ခြင်းက ကိုယ့်ကို ဘယ်လိုတွေ ပြောင်းလဲသွားစေလဲ။
ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာမယ်
ငါ ဒါလေးဝတ်လိုက်ရင် လူတွေက ငါ့ကို ဘယ်လိုများမြင်ကြမလဲ၊ ကောင်လေးတစ်ယောက်နဲ့ တွဲသွားမိရင် ငါ့ကိုအထင်သေး ပြောဆိုနေကြမလား လို့ တွေးပူနေရတာက တကယ့်ကို စိတ်ပင်ပန်းရပါတယ်။ ပတ်ဝန်းကျင်ရဲ့ အကြည့်တွေ၊ အပြောတွေကို ဂရုမစိုက်ပဲ ကိုယ့်လိပ်ပြာ ကိုယ်လုံရင် ရပါပြီ။ ဒီလိုမျိုး လုပ်လိုက်မိတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာစေပါတယ်။
ကိုယ့်အတွက် အခွင့်အလမ်း ပိုများလာမယ်
လူတွေရဲ့ အပြောတွေကို နားထောင်မိတဲ့အခါ ကိုယ်လုပ်ချင်တဲ့ လမ်းကြောင်းတွေ အခွင့်အရေးတွေ ဆုံးရှုံးတတ်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်လုပ်ချင်တဲ့ အလုပ်မျိုးကို လူတွေဝေဖန်တိုက်ခိုက်နေရင်တောင် ကိုယ့်အတွက်ကောင်းနိုင်ရင် လုပ်သင့်ပါတယ်။ ကိုယ့်လုပ်ရပ်ဟာ မှန်ကန်နေပါတယ်လို့ တကူးတက လိုက်ရှင်းပြနေစရာ မလိုပါဘူး။ အချိန်က ဆုံးဖြတ်ပေးသွားပါလိမ့်မယ်။
ကြောက်စိတ်ကို အနိုင်ယူနိုင်လာမယ်
လူတွေရဲ့ အထင်အမြင်တွေကို လျစ်လျူရှုလိုက်တာနဲ့ တပြိုင်နက် ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာပြီး ကြောက်စိတ်လည်း နည်းလာပါလိမ့်မယ်။ ပတ်ဝန်းကျင်ကို ဂရုစိုက်နေမိရင် ဟိုဟာမလုပ်ရဲ၊ ဒီဟာမသွားရဲ ဖြစ်နေအုံးမှာပါ။ ပတ်ဝန်းကျင်က ဘာပြောပြော ဂရုမစိုက်တော့တဲ့အခါ အခွင့်အလမ်းသစ်တွေကိုလည်း စိန်ခေါ်ဖို့ ကြောက်မနေတတ်တော့ပါဘူး။ အရာရာကို ရင်ဆိုင်ရဲလာပါတယ်။
ပိုပျော်ရွှင်လာမယ်
ပတ်ဝန်းကျင်အောင် စကားတွေကြောင့် စိတ်ညစ်ရတဲ့ အခိုက်အတန့်တွေ ရှိနေတတ်ပြီး သူတို့ရဲ့ အပြောတွေကို ဂရုစိုက်နေသရွေ့ သင်အပြည့်အဝ မပျော်ရွှင်နိုင်ပါဘူး။ သူများတွေရဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို မသိကျိုးနွံ ပြုလိုက်မိတဲ့အခါမှာ ပျော်ရွှင်မှုက သင့်ဆီရောက်ရှိလာမှာပါ။ ဘယ်လိုနေနေ ဝေဖန်ချင်နေကြတဲ့ သူတွေကို လျစ်လျူရှုလိုက်ခြင်းက သင့်ကို လွတ်လပ်ပေါပါးသလို ခံစားရစေပြီး ပိုပျော်ရွှင်လာပါလိမ့်မယ်။
Khin
Credit:(Auntymay)


မှတ်ချက်များ