ဝစ္လစ္စလစ္အခန္းေတြမွာ Jason Momoa ရဲ႕ဂရုစိုက္မႈေတြကိုေျပာျပခဲ့တဲ့ Emilia Clarke


Zawgyiျဖင့္ဖတ္ရန္

Games of Throne ဇာတ္လမ္းတြဲထဲ လူႀကီးေတြသာၾကည့္သင့္တဲ့ အခန္းေတြပါဝင္ေနတယ္ဆိုတာ GOT ပရိတ္သေတ္ေတြ ေတာ္ေတာ္မ်ားမ်ားသိၾကမွာပါ။ အထူးသျဖင့္ Emilia Clarke ရဲ႕ ဝစ္လစ္စလစ္အခန္းေတြေ၊ သူမနဲ႔ Jason Momoa တို႔ရဲ႕ ခ်စ္တင္းေႏွာတဲ့အခန္းေတြေပါ့။

ဒီလိုအခန္းမ်ိဳးေတြ ရိုက္ကူးရတာဟာ ေခတ္မွီပါတယ္ဆိုတဲ့ ေဟာလိဝုဒ္ကသရုပ္ေဆာင္ေတြေတာင္ လူထဲက လူေတြပဲမလို႔ စိတ္ထဲကသိကေအာက္ျဖစ္ၾကရတယ္မဟုတ္လား။ ဒီကိစၥနဲ႔ပတ္သက္ၿပီး Emilia Clarke ကေတာ့ Games of Throne ထဲက ဝစ္လစ္စလစ္အခန္းေတြအေၾကာင္း အခုလိုပဲေျပာျပလာခဲ့ပါတယ္။

GOT Season 1 တုန္းကဆိုရင္ သူမအေနနဲ႔ ဝစ္လစ္စလစ္အခန္းေတြမွ မရိုက္ခ်င္ဆံုးပဲတဲ့ေလ။ ဇာတ္ညႊန္းစစရလာခ်င္းတုန္းဆိုရင္ ဇာတ္လမ္းကိုဖတ္ရင္း အိုး.. ဝစ္လစ္စလစ္၊ ဟုတ္ၿပီ.. ေဟာ ဒီမွာလည္းထပ္ပါျပန္ၿပီနဲ႔ အခန္းေတြအမ်ားႀကီးမွ အမ်ားႀကီးပါပဲတဲ့။ စိတ္ေတာင္ ေတာ္ေတ္ာေလးကသိကေအာက္ျဖစ္သြားခဲ့ရွာတာပါ။ ဒါေပမဲ့လည္း အႏုပညာေက်ာင္းဆင္းဆင္းခ်င္းဆိုေတာ့ ဒီအလုပ္ကို လက္ကိုလက္ခံရမယ္ဆိုတဲ့အေတြးက ေခါင္းထဲမွာ ေနရာယသြားတဲ့အတြက္ ဝစ္လစ္စလစ္အခန္းေတြ ပါေနတာေတာင္မွပဲ လက္ခံျဖစ္သြားခဲ့တာပါတဲ့။

တကယ့္ရီုက္ကြင္းေရာက္တဲ့အခါမွာေတာ့ Emilia အေနနဲ႔ စက္အဖြဲ႕ေတြ၊ ရုပ္ရွင္ဝိုင္းေတာ္သားေတြဆယ္ူနဲ႔ခ်ီတဲ့ၾကားထဲ ဝစ္လစ္စလစ္အေနအထားႀကီးနဲ႔ ေလွ်ာက္သြားကာ သရုပ္ေဆာင္ရတယ္ဆိုေတာ့ ေတာ္ေတာ္ေလးကို အဆင္မေျပခဲ့ပါဘူးတဲ့ေလ။ စစခ်င္းမွာေပ့ါ။ ေနာက္ ပိုဆိုးတာက Jason Momoa နဲ႔ရိုက္တဲ့အခန္းေတြပါ။ Emila နဲ႔ Jason Momoa တုိ႔ဟာ အတူတူသရုပ္ေဆာင္ရတဲ့အခန္းေတြမ်ားသလိုပဲ ရိုက္ကြင္းမွလည္း ဘယ္သူနဲ႔မွ သိပ္မခင္တဲ့သူမလို အသစ္တစ္ေယာက္အေနနဲ႔ ရိႈ႕တို႔ရွန္းတန္းျဖစ္ေနတဲ့အခ်ိန္ Jason Momoa ကေတာ့ သူမကို အစစအရာရာ အႀကီးတစ္ေယာက္နဲ႔အညီ ဂရုစိုက္ခဲ့ပါတယ္တဲ့။

ရိုက္ကူးေလးလုပ္ေနတုန္းမွာလည္း အိုက္တင္ေတြပိုလာခဲ့ရင္ သူမအေနနဲ႔အဆင္မေျပမွာစို႔လို႔ ေလွ်ာ့လုပ္လည္းရတယ္လို႔ေျပာတာမ်ိဳးေတြ၊ ဝစ္လစ္စလစ္နဲ႔အခန္းေတြရိုက္ၿပီးတုိင္း အဆင္ေျပလားေမးတာမ်ိဳး စသျဖင့္ ေတာ္ေတာ္ေလး ဂရုစိုက္ခဲ့ပါတယ္တဲ့။

သူမရဲ႕စကားေတြထဲ Jason Momoa ဟာ လုပ္ငန္းခြင္ မိတ္ေဆြေတြထဲမွာတာ့ လူသားအဆန္ဆံုးနဲ႔ စိတ္ႏွလံုးေကာင္းရွိၿပီး အၾကင္နာတတ္ဆံုးသူတစ္ေယာက္လို႔လည္း ထည့္ေျပာခဲ့ပါေသးတယ္။

Penny

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

ဝစ်လစ်စလစ်အခန်းတွေမှာ Jason Momoa ရဲ့ဂရုစိုက်မှုတွေကိုပြောပြခဲ့တဲ့ Emilia Clarke

Games of Throne ဇာတ်လမ်းတွဲထဲ လူကြီးတွေသာကြည့်သင့်တဲ့ အခန်းတွေပါဝင်နေတယ်ဆိုတာ GOT ပရိတ်သတေ်တွေ တော်တော်များများသိကြမှာပါ။ အထူးသဖြင့် Emilia Clarke ရဲ့ ဝစ်လစ်စလစ်အခန်းတွေေ၊ သူမနဲ့ Jason Momoa တို့ရဲ့ ချစ်တင်းနှောတဲ့အခန်းတွေပေါ့။

ဒီလိုအခန်းမျိုးတွေ ရိုက်ကူးရတာဟာ ခေတ်မှီပါတယ်ဆိုတဲ့ ဟောလိဝုဒ်ကသရုပ်ဆောင်တွေတောင် လူထဲက လူတွေပဲမလို့ စိတ်ထဲကသိကအောက်ဖြစ်ကြရတယ်မဟုတ်လား။ ဒီကိစ္စနဲ့ပတ်သက်ပြီး Emilia Clarke ကတော့ Games of Throne ထဲက ဝစ်လစ်စလစ်အခန်းတွေအကြောင်း အခုလိုပဲပြောပြလာခဲ့ပါတယ်။

GOT Season 1 တုန်းကဆိုရင် သူမအနေနဲ့ ဝစ်လစ်စလစ်အခန်းတွေမှ မရိုက်ချင်ဆုံးပဲတဲ့လေ။ ဇာတ်ညွှန်းစစရလာချင်းတုန်းဆိုရင် ဇာတ်လမ်းကိုဖတ်ရင်း အိုး.. ဝစ်လစ်စလစ်၊ ဟုတ်ပြီ.. ဟော ဒီမှာလည်းထပ်ပါပြန်ပြီနဲ့ အခန်းတွေအများကြီးမှ အများကြီးပါပဲတဲ့။ စိတ်တောင် တော်တေ်ာလေးကသိကအောက်ဖြစ်သွားခဲ့ရှာတာပါ။ ဒါပေမဲ့လည်း အနုပညာကျောင်းဆင်းဆင်းချင်းဆိုတော့ ဒီအလုပ်ကို လက်ကိုလက်ခံရမယ်ဆိုတဲ့အတွေးက ခေါင်းထဲမှာ နေရာယသွားတဲ့အတွက် ဝစ်လစ်စလစ်အခန်းတွေ ပါနေတာတောင်မှပဲ လက်ခံဖြစ်သွားခဲ့တာပါတဲ့။

တကယ့်ရီုက်ကွင်းရောက်တဲ့အခါမှာတော့ Emilia အနေနဲ့ စက်အဖွဲ့တွေ၊ ရုပ်ရှင်ဝိုင်းတော်သားတွေဆယ်ူနဲ့ချီတဲ့ကြားထဲ ဝစ်လစ်စလစ်အနေအထားကြီးနဲ့ လျှောက်သွားကာ သရုပ်ဆောင်ရတယ်ဆိုတော့ တော်တော်လေးကို အဆင်မပြေခဲ့ပါဘူးတဲ့လေ။ စစချင်းမှာပေ့ါ။ နောက် ပိုဆိုးတာက Jason Momoa နဲ့ရိုက်တဲ့အခန်းတွေပါ။ Emila နဲ့ Jason Momoa တို့ဟာ အတူတူသရုပ်ဆောင်ရတဲ့အခန်းတွေများသလိုပဲ ရိုက်ကွင်းမှလည်း ဘယ်သူနဲ့မှ သိပ်မခင်တဲ့သူမလို အသစ်တစ်ယောက်အနေနဲ့ ရှို့တို့ရှန်းတန်းဖြစ်နေတဲ့အချိန် Jason Momoa ကတော့ သူမကို အစစအရာရာ အကြီးတစ်ယောက်နဲ့အညီ ဂရုစိုက်ခဲ့ပါတယ်တဲ့။

ရိုက်ကူးလေးလုပ်နေတုန်းမှာလည်း အိုက်တင်တွေပိုလာခဲ့ရင် သူမအနေနဲ့အဆင်မပြေမှာစို့လို့ လျှော့လုပ်လည်းရတယ်လို့ပြောတာမျိုးတွေ၊ ဝစ်လစ်စလစ်နဲ့အခန်းတွေရိုက်ပြီးတိုင်း အဆင်ပြေလားမေးတာမျိုး စသဖြင့် တော်တော်လေး ဂရုစိုက်ခဲ့ပါတယ်တဲ့။

သူမရဲ့စကားတွေထဲ Jason Momoa ဟာ လုပ်ငန်းခွင် မိတ်ဆွေတွေထဲမှာတာ့ လူသားအဆန်ဆုံးနဲ့ စိတ်နှလုံးကောင်းရှိပြီး အကြင်နာတတ်ဆုံးသူတစ်ယောက်လို့လည်း ထည့်ပြောခဲ့ပါသေးတယ်။

Penny

Credit:Shwemom

မှတ်ချက်များ