တ႐ုတ္ႏိုင္ငံတြင္ သူမ်ားအသုဘ အငွားလိုက္ငိုေပး႐ုံနဲ႔ တစ္ႏွစ္ ေဒၚလာ(၃)ေသာင္းနီးပါးရႏိုင္




Zawgyi ျဖင့္ဖတ္ရန္

တ႐ုတ္ႏိုင္ငံမွာ ေရွးတုန္းကကတည္းက ေခတ္စားခဲ့တဲ့ သူမ်ားအသုဘကို အငွားလိုက္ငိုေပးတဲ့ ဝန္ေဆာင္မႈဟာ အခုအခါမွာလည္း အေတာ္ေလးကို ဝင္ေငြရေပါက္ရလမ္း ေကာင္းလာၿပီလို႔ သိရပါတယ္။ ဒီအလုပ္ကို လုပ္႐ုံနဲ႔ တစ္ႏွစ္ကို အနည္းဆုံး ေဒၚလာ(၂၈၀၀၀)ေလာက္ ရႏိုင္ပါသတဲ့။





ဒီအေၾကာင္းကို NextShark ကေန ေဖာ္ျပထားတာျဖစ္ၿပီး၊ Every Time Story | E.T.S ကေန ဘာသာျပန္လိုက္တာပါ။ Henan စီရင္စုမွာ ေနထိုင္တဲ့ အမ်ိဳးသမီးငယ္တစ္ေယာက္ဟာ တစ္ႏွစ္ကို ယြမ္(၂)သိန္းထိ ရေနပါတယ္။ သူမဟာ တစ္ျခားသူစိမ္းေတြရဲ႕ အသုဘေတြကို လိုက္ငိုေပးတဲ့အလုပ္ လုပ္ပါတယ္။



အဲဒီအမ်ိဳးသမီးဟာ ပ႐ိုအငိုသမားတစ္ဦးျဖစ္ၿပီး၊ နာမည္ကိုေတာ့ ေဖာ္ျပထားျခင္း မရွိပါဘူး။ သူမဟာ အသုဘေတြမွာ ဧရင္က်ဴးတဲ့သေဘာမ်ိဳး လိုက္လုပ္ေပးရင္း၊ ေသသူအတြက္ ငိုေကြၽးေပးျခင္းနဲ႔ ေသၿပီးေနာက္ အျခားမဲ့ဘဝမွာ ကံေကာင္းပါေစ စသျဖင့္ ဆုေတာင္းစာမ်ား ႐ြတ္ဖတ္ေပးျခင္းျဖင့္ ဝင္ေငြမွန္ေနပါတယ္။



အဆိုပါ အမ်ိဳးသမီးဟာ သူမအသက္ (၃၀)ေလာက္ကတည္းက ဒီအလုပ္ကို လုပ္လာခဲ့တာျဖစ္ေၾကာင္း၊ အခုဆိုရင္ အႏွစ္(၂၀)ေလာက္ လုပ္သက္ရေနၿပီျဖစ္ၿပီး၊ မိနစ္(၃၀)ေလာက္ ငိုေကြၽးေပး႐ုံနဲ႔ ယြမ္(၃၀၀)ေလာက္ ရေၾကာင္း သိရပါတယ္။ တစ္ခါတေလ တစ္ရက္တည္းမွာ အသုဘ (၄-၅)ခုေလာက္ ငိုေပးရတယ္လို႔ သိရပါတယ္။

share from: Every Time Story




Unicode ဖြင့်ဖတ်ရန်

တရုတ်နိုင်ငံတွင် သူများအသုဘ အငှားလိုက်ငိုပေးရုံနဲ့ တစ်နှစ် ဒေါ်လာ(၃)သောင်းနီးပါးရနိုင်



တရုတ်နိုင်ငံမှာ ရှေးတုန်းကကတည်းက ခေတ်စားခဲ့တဲ့ သူများအသုဘကို အငှားလိုက်ငိုပေးတဲ့ ဝန်ဆောင်မှုဟာ အခုအခါမှာလည်း အတော်လေးကို ဝင်ငွေရပေါက်ရလမ်း ကောင်းလာပြီလို့ သိရပါတယ်။ ဒီအလုပ်ကို လုပ်ရုံနဲ့ တစ်နှစ်ကို အနည်းဆုံး ဒေါ်လာ(၂၈၀၀၀)လောက် ရနိုင်ပါသတဲ့။



ဒီအကြောင်းကို NextShark ကနေ ဖော်ပြထားတာဖြစ်ပြီး၊ Every Time Story | E.T.S ကနေ ဘာသာပြန်လိုက်တာပါ။ Henan စီရင်စုမှာ နေထိုင်တဲ့ အမျိုးသမီးငယ်တစ်ယောက်ဟာ တစ်နှစ်ကို ယွမ်(၂)သိန်းထိ ရနေပါတယ်။ သူမဟာ တစ်ခြားသူစိမ်းတွေရဲ့ အသုဘတွေကို လိုက်ငိုပေးတဲ့အလုပ် လုပ်ပါတယ်။



အဲဒီအမျိုးသမီးဟာ ပရိုအငိုသမားတစ်ဦးဖြစ်ပြီး၊ နာမည်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ သူမဟာ အသုဘတွေမှာ ဧရင်ကျူးတဲ့သဘောမျိုး လိုက်လုပ်ပေးရင်း၊ သေသူအတွက် ငိုကျွေးပေးခြင်းနဲ့ သေပြီးနောက် အခြားမဲ့ဘဝမှာ ကံကောင်းပါစေ စသဖြင့် ဆုတောင်းစာများ ရွတ်ဖတ်ပေးခြင်းဖြင့် ဝင်ငွေမှန်နေပါတယ်။



အဆိုပါ အမျိုးသမီးဟာ သူမအသက် (၃၀)လောက်ကတည်းက ဒီအလုပ်ကို လုပ်လာခဲ့တာဖြစ်ကြောင်း၊ အခုဆိုရင် အနှစ်(၂၀)လောက် လုပ်သက်ရနေပြီဖြစ်ပြီး၊ မိနစ်(၃၀)လောက် ငိုကျွေးပေးရုံနဲ့ ယွမ်(၃၀၀)လောက် ရကြောင်း သိရပါတယ်။ တစ်ခါတလေ တစ်ရက်တည်းမှာ အသုဘ (၄-၅)ခုလောက် ငိုပေးရတယ်လို့ သိရပါတယ်။

share from: Every Time Story

မှတ်ချက်များ