Zawgyi ျဖင့္ဖတ္ရန္
ျမန္မာႏိုင္ငံကို လူမ်ိဳးတုံးသတ္ျဖတ္သည္ဟု စြပ္စြဲခ်က္ျဖင့္ အျပည္ျပည္ဆိုင္ရာ တရား႐ုံး(ICJ)မွာ ဂမ္ဘီယာ ႏိုင္ငံက တရားစြဲဆိုထားပါသည္။ အဆိုပါ တရားစြဲဆိုမႈႏွင့္ပတ္သက္ၿပီး ႏွစ္ဖက္ ၾကားနားမႈကို ၂၀၁၉ ခုႏွစ္၊ဒီဇင္ဘာ ၁၀ ရက္မွ ၁၂ ရက္ေန႔အထိ နယ္သာလန္ႏိုင္ငံ၊ သဟိဂ္(သည္ဟိဂ္)ၿမိဳ႕မွာ တရားခြင္စတင္ ေနပါသည္။
ထိုၾကားနားမႈကို ျမန္မာႏိုင္ငံဘက္မွ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ ဦးေဆာင္၍ ျမန္မာကိုယ္စားလွယ္အဖြဲ႕ သြားေရာက္ ရင္ဆိုင္လ်က္ရွိပါသည္။ ထို႔ေၾကာင့္ ယေန႔ (ဒီဇင္ဘာ ၁၁ ရက္)တြင္ ျမန္မာႏိုင္ငံဘက္က ဂမ္ဘီယာႏိုင္ငံက ဒီဇင္ဘာ ၁၀ ရက္ေန႔က စြပ္စြဲခ်က္မ်ားအေပၚ ျပန္လည္ ခုခံေခ်ပ သြားမည္ ျဖစ္ပါသည္။ဒီကေန႔ ဒီဇင္ဘာ ၁၁ ရက္မွာေတာ့ ၾကားနာပြဲ ဒုတိယေျမာက္ေန႔အျဖစ္ ျမန္မာဘက္က ႏႈတ္ျဖင့္ ေလ်ာက္လဲခ်က္ေပးမွာ ျဖစ္ပါတယ္။
ICJ ဝက္ဘ္ဆိုက္မွာ ထုတ္ျပန္ထားခ်က္အရ ဒီကေန႔ တရားခြင္မွာ အဖြဲ႕ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္က အဖြင့္စကားေျပာၾကားၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြ၊ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္ ၿပီးေတာ့ ျမန္မာႏိုင္ငံဘက္က လိုက္မယ့္ေရွ႕ေနေတြျဖစ္တဲ့ အဂၤလန္နဲ႔ ေဝလနယ္ ေရွ႕ေနအသင္းက မစၥတာ Christopher Staker၊ နယ္သာလန္ႏိုင္ငံ Leiden တကၠသိုလ္ ႏိုင္ငံတကာ ရာဇဝတ္မႈခင္းႏွင့္ လူ႔အခြင့္အေရးဆိုင္ရာဌာနရဲ႕ ပါေမာကၡ မစၥတာ William Schabas နဲ႔ နယ္သာလန္ႏိုင္ငံ သည္ဟိတ္ အႏုညာတ အျငင္းပြားမႈဆိုင္ရာ အၿမဲတမ္းခုံ႐ုံးအဖြဲ႕ဝင္ ပါေမာကၡ မစၥ Phoebe Okowa တို႔က ေလ်ာက္လဲခ်က္ေပးမယ္လို႔ ယူဆရပါတယ္။
Share from:burmese.asia
Unicode ဖြင့်ဖတ်ရန်
ICJ မှာ မြန်မာဘက်မှ ပွဲထွက်မယ့် လူစာရင်း
မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်သည်ဟု စွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)မှာ ဂမ်ဘီယာ နိုင်ငံက တရားစွဲဆိုထားပါသည်။ အဆိုပါ တရားစွဲဆိုမှုနှင့်ပတ်သက်ပြီး နှစ်ဖက် ကြားနားမှုကို ၂၀၁၉ ခုနှစ်၊ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ နယ်သာလန်နိုင်ငံ၊ သဟိဂ်(သည်ဟိဂ်)မြို့မှာ တရားခွင်စတင် နေပါသည်။
ထိုကြားနားမှုကို မြန်မာနိုင်ငံဘက်မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်၍ မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက် ရင်ဆိုင်လျက်ရှိပါသည်။ ထို့ကြောင့် ယနေ့ (ဒီဇင်ဘာ ၁၁ ရက်)တွင် မြန်မာနိုင်ငံဘက်က ဂမ်ဘီယာနိုင်ငံက ဒီဇင်ဘာ ၁၀ ရက်နေ့က စွပ်စွဲချက်များအပေါ် ပြန်လည် ခုခံချေပ သွားမည် ဖြစ်ပါသည်။ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်မှာတော့ ကြားနာပွဲ ဒုတိယမြောက်နေ့အဖြစ် မြန်မာဘက်က နှုတ်ဖြင့် လျောက်လဲချက်ပေးမှာ ဖြစ်ပါတယ်။
ICJ ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ထားချက်အရ ဒီကနေ့ တရားခွင်မှာ အဖွဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်စကားပြောကြားပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ပြီးတော့ မြန်မာနိုင်ငံဘက်က လိုက်မယ့်ရှေ့နေတွေဖြစ်တဲ့ အင်္ဂလန်နဲ့ ဝေလနယ် ရှေ့နေအသင်းက မစ္စတာ Christopher Staker၊ နယ်သာလန်နိုင်ငံ Leiden တက္ကသိုလ် နိုင်ငံတကာ ရာဇဝတ်မှုခင်းနှင့် လူ့အခွင့်အရေးဆိုင်ရာဌာနရဲ့ ပါမောက္ခ မစ္စတာ William Schabas နဲ့ နယ်သာလန်နိုင်ငံ သည်ဟိတ် အနုညာတ အငြင်းပွားမှုဆိုင်ရာ အမြဲတမ်းခုံရုံးအဖွဲ့ဝင် ပါမောက္ခ မစ္စ Phoebe Okowa တို့က လျောက်လဲချက်ပေးမယ်လို့ ယူဆရပါတယ်။
Share from:burmese.asia


မှတ်ချက်များ