Skincare ေတြလုပ္ေနရက္နဲ႔ အသားအေရေကာင္းမလာတဲ့အေၾကာင္းအရင္း





Zawgyi ျဖင့္ဖတ္ရန္

Skincare ေတြ စုံေနေအာင္လည္းသုံးတယ္၊ ေဈးႀကီးတဲ့ပစၥည္းေတြပဲ သုံးတယ္၊ အသားအေရကိုလည္း အရမ္းဂ႐ုစိုက္တယ္၊။ ဒါေတာင္မွ အသားအေရကေကာင္းမလာဘူး၊ တစ္ခါတစ္ေလဆို ဝက္ၿခံေတြ၊ အဆီဖုေတြနဲ႔ ဘာအဖုမွန္းမသိတဲ့ ဖုေလးေတြလည္း ၿပဳံၿပီးထြက္လာေသးတယ္ဆိုတာမ်ိဳး ျဖစ္ဖူးၾကမွာပါ။ ဒီေတာ့ Skincare လုပ္ေနရက္နဲ႔ ဒီလိုအသားအေရေကာင္းမလာတဲ့ အေၾကာင္းအရင္းေတြကို ေလ့လာၾကည့္လိုက္ရေအာင္။

ကိုယ့္အသားအေရနဲ႔ အဆင္မေျပတာ

ဒီ Product တစ္ခုက ေဈးႀကီးတယ္ဆိုတိုင္းလည္း ကိုယ့္အသားအေရနဲ႔ အဆင္ေျပခ်င္မွေျပမွာပါ။ ေဈးမႀကီးပဲ သင့္တင့္ၿပီးေကာင္းမြန္တဲ့ ပစၥည္းေတြလည္း အမ်ားႀကီးရွိပါတယ္။ ဒီလိုပစၥည္းမ်ိဳးနဲ႔မွ ကိုယ့္အသားအေရနဲ႔ အဆင္ေျပသြားတာမ်ိဳးလည္း ရွိတတ္ပါတယ္။ ဒါေၾကာင့္ အဓိကက ေဈးႀကီးတာဝယ္သုံးဖို႔ထက္ ကိုယ့္အသားအေရက ဘယ္လိုအမ်ိဳးအစားလဲဆိုတာကို အရင္သိေအာင္လုပ္ဖို႔ပဲလိုပါတယ္။

၁၀ ေယာက္မွာ ၈ ေယာက္က ဒီပစၥည္းနဲ႔ အရမ္းအဆင္ေျပတယ္။ အရမ္းေကာင္းတယ္ဆိုေပမယ့္ ကိုယ္နဲ႔ အဆင္ေျပခ်င္မွ ေျပမွာပါ။ တစ္ေယာက္နဲ႔ တစ္ေယာက္က အသားအေရခ်င္းမတူပါဘူး။ ဒါေၾကာင့္ သူမ်ားေကာင္းတယ္ေျပာတိုင္း၊ ၫႊန္းတိုင္း မဝယ္ပါနဲ႔။ ကိုယ္နဲ႔အဆင္ေျပတာကိုပဲ ကိုယ္တိုင္ေ႐ြးခ်ယ္ၿပီး သုံးပါ။

ပစၥည္းတစ္ခုကို ကိုယ္နဲ႔အဆင္ေျပရင္ စြဲသုံးပါ။ ဟိုဟာေျပာင္းၿပီး စမ္းသုံး၊ ဒီဟာေျပာင္းၿပီးစမ္းသုံးတာမ်ိဳး မလုပ္ပါနဲ႔။ ပစၥည္းအသစ္တစ္ခုကို သုံးလိုက္လို႔ အဖုေလးေတြထြက္လာတယ္ဆိုရင္ တစ္ပတ္၊ ႏွစ္ပတ္ပဲဆက္သုံးၾကည့္ပါ။ ႏွစ္ပတ္ေလာက္သုံးၾကည့္လို႔မွ အဖုေလးေတြထြက္ေနတုန္းပဲဆိုရင္ ဆက္မသုံးပါနဲ႔။ ကိုယ့္အသားအေရနဲ႔ မတည့္လို႔ပါ။




နည္းလမ္းမမွန္တာ၊ အလြန္အကြၽံလုပ္မိတာ

Skincare လုပ္လြန္းရင္လည္း အသားအေရေကာင္းမလာပဲ ဖုေတြထြက္လာတတ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ေတာ့ လိမ္းေနတဲ့ Method မမွန္တာရယ္၊ မလိုအပ္တာေတြ အမ်ားႀကီးလိမ္းမိေနတာရယ္ေၾကာင့္ပါ။ ဥပမာ – အဆီျပန္တဲ့ Oily Skin သမားေတြက Serum လိမ္းၿပီး Moisturizer လိမ္းမယ္၊ ၿပီးရင္ Serum အျပင္ Oil ကိုပါ ထပ္လိမ္းလိုက္မယ္ဆိုရင္ အဆီေတြမ်ားၿပီး အဆီဖုနဲ႔ ဝက္ၿခံေတြ ကန္ထြက္လာႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ္ကနားမလည္တဲ့အခါမွာ နားလည္တဲ့ Beauty Advisor ေတြကိုေမးၿပီးမွ တိုင္ပင္ၿပီးသုံးတာေတာ့ အေကာင္းဆုံးပါပဲ။



Exfoliate မလုပၱာ

ဘယ္ေလာက္ပဲ Skincare ေတြလုပ္လုပ္ မ်က္ႏွာကို တစ္ပတ္တစ္ခါ ပုံမွန္ Exfoliate မလုပ္ေပးရင္လည္း အသားအေရက ထူးျခားမႈရွိလာမွာမဟုတ္ပါဘူး။ Exfoliate လုပ္ေပးမွ ကိုယ္လိမ္းမယ့္ Skincare ေတြ အားလုံးကို ေသခ်ာစုပ္ယူႏိုင္ၿပီး အာနိသင္လည္း ပိုရွိမွာပါ။


share from:theesaychin

Unicode ဖြင့်ဖတ်ရန်


Skincare တွေလုပ်နေရက်နဲ့ အသားအရေကောင်းမလာတဲ့အကြောင်းအရင်း


Skincare တွေ စုံနေအောင်လည်းသုံးတယ်၊ ဈေးကြီးတဲ့ပစ္စည်းတွေပဲ သုံးတယ်၊ အသားအရေကိုလည်း အရမ်းဂရုစိုက်တယ်၊။ ဒါတောင်မှ အသားအရေကကောင်းမလာဘူး၊ တစ်ခါတစ်လေဆို ဝက်ခြံတွေ၊ အဆီဖုတွေနဲ့ ဘာအဖုမှန်းမသိတဲ့ ဖုလေးတွေလည်း ပြုံပြီးထွက်လာသေးတယ်ဆိုတာမျိုး ဖြစ်ဖူးကြမှာပါ။ ဒီတော့ Skincare လုပ်နေရက်နဲ့ ဒီလိုအသားအရေကောင်းမလာတဲ့ အကြောင်းအရင်းတွေကို လေ့လာကြည့်လိုက်ရအောင်။

ကိုယ့်အသားအရေနဲ့ အဆင်မပြေတာ

ဒီ Product တစ်ခုက ဈေးကြီးတယ်ဆိုတိုင်းလည်း ကိုယ့်အသားအရေနဲ့ အဆင်ပြေချင်မှပြေမှာပါ။ ဈေးမကြီးပဲ သင့်တင့်ပြီးကောင်းမွန်တဲ့ ပစ္စည်းတွေလည်း အများကြီးရှိပါတယ်။ ဒီလိုပစ္စည်းမျိုးနဲ့မှ ကိုယ့်အသားအရေနဲ့ အဆင်ပြေသွားတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကြောင့် အဓိကက ဈေးကြီးတာဝယ်သုံးဖို့ထက် ကိုယ့်အသားအရေက ဘယ်လိုအမျိုးအစားလဲဆိုတာကို အရင်သိအောင်လုပ်ဖို့ပဲလိုပါတယ်။

၁၀ ယောက်မှာ ၈ ယောက်က ဒီပစ္စည်းနဲ့ အရမ်းအဆင်ပြေတယ်။ အရမ်းကောင်းတယ်ဆိုပေမယ့် ကိုယ်နဲ့ အဆင်ပြေချင်မှ ပြေမှာပါ။ တစ်ယောက်နဲ့ တစ်ယောက်က အသားအရေချင်းမတူပါဘူး။ ဒါကြောင့် သူများကောင်းတယ်ပြောတိုင်း၊ ညွှန်းတိုင်း မဝယ်ပါနဲ့။ ကိုယ်နဲ့အဆင်ပြေတာကိုပဲ ကိုယ်တိုင်ရွေးချယ်ပြီး သုံးပါ။

ပစ္စည်းတစ်ခုကို ကိုယ်နဲ့အဆင်ပြေရင် စွဲသုံးပါ။ ဟိုဟာပြောင်းပြီး စမ်းသုံး၊ ဒီဟာပြောင်းပြီးစမ်းသုံးတာမျိုး မလုပ်ပါနဲ့။ ပစ္စည်းအသစ်တစ်ခုကို သုံးလိုက်လို့ အဖုလေးတွေထွက်လာတယ်ဆိုရင် တစ်ပတ်၊ နှစ်ပတ်ပဲဆက်သုံးကြည့်ပါ။ နှစ်ပတ်လောက်သုံးကြည့်လို့မှ အဖုလေးတွေထွက်နေတုန်းပဲဆိုရင် ဆက်မသုံးပါနဲ့။ ကိုယ့်အသားအရေနဲ့ မတည့်လို့ပါ။


နည်းလမ်းမမှန်တာ၊ အလွန်အကျွံလုပ်မိတာ

Skincare လုပ်လွန်းရင်လည်း အသားအရေကောင်းမလာပဲ ဖုတွေထွက်လာတတ်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ လိမ်းနေတဲ့ Method မမှန်တာရယ်၊ မလိုအပ်တာတွေ အများကြီးလိမ်းမိနေတာရယ်ကြောင့်ပါ။ ဥပမာ – အဆီပြန်တဲ့ Oily Skin သမားတွေက Serum လိမ်းပြီး Moisturizer လိမ်းမယ်၊ ပြီးရင် Serum အပြင် Oil ကိုပါ ထပ်လိမ်းလိုက်မယ်ဆိုရင် အဆီတွေများပြီး အဆီဖုနဲ့ ဝက်ခြံတွေ ကန်ထွက်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ကနားမလည်တဲ့အခါမှာ နားလည်တဲ့ Beauty Advisor တွေကိုမေးပြီးမှ တိုင်ပင်ပြီးသုံးတာတော့ အကောင်းဆုံးပါပဲ။



Exfoliate မလုပ္တာ

ဘယ်လောက်ပဲ Skincare တွေလုပ်လုပ် မျက်နှာကို တစ်ပတ်တစ်ခါ ပုံမှန် Exfoliate မလုပ်ပေးရင်လည်း အသားအရေက ထူးခြားမှုရှိလာမှာမဟုတ်ပါဘူး။ Exfoliate လုပ်ပေးမှ ကိုယ်လိမ်းမယ့် Skincare တွေ အားလုံးကို သေချာစုပ်ယူနိုင်ပြီး အာနိသင်လည်း ပိုရှိမှာပါ။


share from:theesaychin

မှတ်ချက်များ