ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ်မစ်အစွန်းရောက် လုပ် ငန်းတွေကို လုပ်ဆောင်ဖို့အတွက် Al-Qaeda အဖွဲ့ အနေနဲ့ အိန္ဒိယနိုင်ငံနဲ့ မြန်မာလို အနီးတဝိုက်ဒေသ တွင်းအထိ စစ်သွေးကြွတွေကို ထားရှိမယ်လို့ ပြောပါ တယ်။
ဗီဒီယိုတစ်ခုမှာ ပြသချက်အရ Al-Qaeda ခေါင်း
ဆောင်Ayman al-Zawahiri က အိန္ဒိယဒေသ တလျှောက်မှာ ရှိတဲ့ မွတ်စလင်တွေဟာ နိုင်ငံတစ် ခုစီရဲ့ နယ်မြေ ကန့်သတ်ချက်ကြောင့် တကွဲတပြားစီ ဖြစ်နေရပေမယ့် အခုအချိန်ကစပြီး အိန္ဒိယနိုင်ငံ၊ မြန် မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မွတ်စလင်တွေအတွက် တိုက်ပွဲတွေ စ တင် ဖို့ ပြင် ဆင် မယ်လို့ ကြေညာ လိုက်ပါတယ်။
မြန်မာ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ နီးစပ်တဲ့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်နဲ့ Al-Qaeda အဖွဲ့တွေ ရှောင်တိမ်းဖို့နေရာအဖြစ် ခြေကုတ်ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
လှုပ်ရှားမှုကို ချက်ခြင်းစတင်မှာမဟုတ်ပဲ အခုလောလောဆယ် mujahedeen တွေကို စုစည်းအောင် လုပ်ဆောင်ပြီး နှစ်နှစ်အကြာမှ စတင်မယ်လို့ ပြောပါတယ်။
Al-Qaeda အဖွဲ့ခေါင်းဆောင် အိုဆာမာ ဘင်လာဒင် သတ်ဖြတ်ခံရပြီးနောက်ပိုင်း အာဖရိကတိုက်နဲ့ အာရေ ဘိယ ကျွန်းဆွယ်က လက်အောက်ငယ်သားတွေ အာခံမှုလုပ်တာကို ခံရတဲ့အပြင် ISIS လို့ခေါ်တဲ့ အကြမ်း ဖက်သမားတွေကြောင့် Al-Qaeda သြဇာမေးမှိန်လာခဲ့ရာက စင်ပေါ်တင်ခံရ အောင် အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂ လားဒေ့ရှ်အထိ လှုပ်ရှားမယ်လို့ ကြေညာတာဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။
အာဖဂန်တာလီဘန်ခေါင်းဆောင်ကိုလည်း Al-Qaeda က အသိအမှတ်ပြုကြောင်း ပြောဆိုခဲ့ပြီး သူပြော သွား တဲ့ လေသံဟာ အာရဗီစကားနဲ့ Urdu စကားသံ ဝဲနေတဲ့အတွက် ပါကစ္စတန်မှာ အခြေစိုက်နိုင်တယ်လို့ သုံး သပ်နေကြပါတယ်။
ABC Radio Australia

မှတ်ချက်များ