စကော့တလန် ပြည်သူတွေက လွတ်လပ်ရေးမယူဖို့ ဆုံးဖြတ်ခဲ့ကြပြီ။
သမိုင်းဝင်လူထု ဆန္ဒခံယူပွဲမှာ စကော့တလန်ရဲ့ ဒေသန္တရနယ်မြေ ၃၂ ခုအထဲက ၃၁ ခုမှာ မဲတွေ ရေတွက် ပြီးချိန်မှာ ယူကေထဲမှာ ဆက် တွဲနေရေး ဘက်က မဲ ၅၅ ရာခိုင်နှုန်းရခဲ့ပြီး ခွဲထွက်လို့ လွတ်လပ်ရေးယူမယ့် ဘက်က မဲ ၄၅ ရာခိုင်နှုန်းရခဲ့ပါတယ်။
ဆန္ဒခံယူပွဲမလုပ်ခင်က လူထုစစ်တမ်းတွေမှာ မဲ ဒီလောက်မပြတ်ခဲ့ပဲ တကယ့် မဲပေးချိန်ကျ လူထုက တွဲရေး ဘက်ကို မဲ တင်းပေးလိုက်ကြတာဖြစ်ပါတယ်။ ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ကတော့ ပြုပြင်ပြောင်း လဲရေးတွေ ဆက်လုပ်ပြီး စကော့တလန် ပါလီမန်ကို လုပ်ပိုင်ခွင့်တွေ ပိုပေးသွားမှာပါလို့ ကတိပြုလိုက်ပါ တယ်။
BBC



မှတ်ချက်များ