၂၆.၈.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန်တွင် ဒဂုံမြို့နယ်နေ ဦးရဲမြတ်အောင်သည်နေအိမ်၌ရှိနေစဉ်
Facebook လူမှုကွန်ယက်တွင်သိကျွမ်းခဲ့သော ပေါလုလွင်ဆိုသူမှာ ညအိပ်တည်းခိုရန် ရောက်ရှိလာ သဖြင့် စကားပြောဆိုခဲ့ကြပြီး ၂၇.၈.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင် ညအိပ်ယာဝင်ခဲ့ကြောင်း၊ ၀၂၀၀ အချိန် ခန့်တွင် အိပ်ယာမှနိုး၍ ပေါလုလွင်ဆိုသူအားကြည့်ရှုရာမတွေ့ရတော့ဘဲ စိန်ရွှေရတနာ ပစ္စည်း(၁၄)မျိုး၊ လက်ပတ်နာရီ(၁)လုံး၊ ဆင်းကတ်ပါ i phone 5 (၁)လုံး၊ ငွေကျပ်(၂၅၀၀၀၀)၊ စာရင်း စာအုပ်(၂)အုပ်၊ ထီး(၁)လက်၊ နိုင်ငံသားစိစစ်ရေးကတ်(၁)ခု၊ နိုင်ငံကူးလက်မှတ်စာအုပ်(၁)အုပ်၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၃၇၄၃၀၀၀၀)မှာပျောက်ဆုံးနေသဖြင့် ပေါလုလွင်အား အရေးယူပေးရန် တိုင်တန်းချက်အရ ဒဂုံမြို့မရဲစ ခန်း(ပ)၁၈၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၀ ဖြင့် အမှုဖွင့်စုံစမ်း ဆောင်ရွက်ခဲ့ပါသည်။
အမှုမှတရားခံဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှု တပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များမှ စုံစမ်းဆောင်ရွက်ခဲ့ရာ ပေါလုလွင်ဆိုသူမှာ စမ်းချောင်း မြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ တကောင်းလမ်းတွင်နေထိုင်သူဖြစ်ကြောင်းသိရှိရသဖြင့် စုံစမ်း အတည်ပြုခဲ့ပြီး ၃၀.၈.၂၀၁၄ ရက်နေ့ ၁၁၃၀အချိန်တွင် အမှုမှပြစ်မှုကျူးလွန်သူပေါလုလွင်(ခ)ရန်နိုင်ကျော်(ခ)ရဲရင့်ထွဋ်ခေါင် (ခ)ကျော်မင်းသီဟန်(ခ)ကောင်းကောင်းအား ၎င်း၏နေအိမ်မှ ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိသူ ပေါလုလွင်အားစစ်ဆေးရာ အဆိုပါအမှုအားကျူးလွန်ခဲ့ကြောင်းနှင့် ခိုးမှုပြစ်ချက်ဟောင်း ရှိသူဖြစ်ကြောင်းပေါ်ပေါက်ခဲ့ပြီး ၎င်း၏နေအိမ်မှ အမှုမှပါဆုံးပစ္စည်းအချို့အား သိမ်းဆည်းရမိခဲ့သည့်အပြင် ၎င်းရောင်းချထားသော စိန်ရွှေရတနာပစ္စည်းများကိုလည်း ပြန်လည်သိမ်ဆည်းနိုင်ခဲ့ပါသည်။
၎င်းအား အခြားခိုးမှုများကျူးလွန်ထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ၂၀၁၄ ခုနှစ်၊မေလမှ သြဂုတ်လအတွင်း ဗဟန်း၊လမ်းမတော်၊ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာ၊ ကမာရွတ်၊ လှိုင်၊ တာမွေနှင့် မြောက်ဥက္က လာပမြို့နယ်များတွင် ခိုးမှု(၁၀)မှုတို့ကိုကျူးလွန်ခဲ့ကြောင်းဖော်ထုတ်ရရှိသဖြင့် သက်သေခံ ပစ္စည်းများ
သိမ်းဆည်းပြီး သက်ဆိုင်ရာရဲစခန်းများတွင် အမှုများအသီးသီးရေးဖွင့်ကာ ဆက်လက်အရေးယူဆောင်ရွက် လျက်ရှိ ကြောင်း သတင်းရရှိပါသည်။
Yangon Police

မှတ်ချက်များ