
၁၄ ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်များ ဆွေးနွေးပွဲသို့ တက်ရောက်ရန်အိန္ဒိယနိုင်ငံ ရှိ တောင်အာဖရိက မဟာမင်းကြီး ရုံးမှတစ်ဆင့် ဒလိုင်းလားမား၏ပြည်ဝင်ခွင့် ဗီဇာကို လျှောက်ထား ခဲ့ခြင်းဖြစ်သည်။
သို့သော် ဗီဇာငြင်းပယ်ခံရခြင်းကို မိမိတို့အား ခေါ်ယူအကြောင်း ကြားထား သော်လည်း ရုံးအဖွဲ့သို့ တရားဝင် စာ မပို့သေးကြောင်း ချိုဒန်က ပြောကြားသည်။
“ဒလိုင်းလားမားအနေနဲ့ တောင်အာဖရိကကိုသွားမယ့် ခရီးစဉ်ကို လောလောဆယ်တော့ ဖျက်သိမ်း ထားပါ တယ်” ဟု ၎င်းက ပြောကြားသည်။
မဟာမင်းကြီးရုံး၏ ထုတ်ပြန်ချက်တွင် “ဒလိုင်းလားမားရဲ့ ဗီဇာလျှောက်ထားမှုကို လုပ်ထုံးလုပ်နည်း အ တိုင်း စိစစ်နေပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြန်လည်အကြောင်းကြားသွားမှာပါ” ဟု ဖော် ပြထား သည်။
နှစ်စဉ်ကျင်းပမြဲဖြစ်သော အဆိုပါ ဆွေးနွေးပွဲကို ကိတ်တောင်းမြို့တွင် အောက်တိုဘာလအတွင်း ကျင်းပ သွားမည်ဖြစ်ပြီး ဒလိုင်းလားမား အား ပြည်ဝင်ခွင့်ဗီဇာထုတ်မပေးပါက ဆွေးနွေးပွဲသို့ တက်ရောက်မည်မ ဟုတ်ကြောင်း အခြားနိုဘယ်ဆုရှင်များက တောင်အာဖရိကငြိမ်းချမ်းရေးနိုဘယ် ဆုရှင် ဒက်စမွန်တူးတူးထံ အကြောင်းကြားထားကြောင်း သိရသည်။
ဒလိုင်းလားမား၏ ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားမှုကို တောင်အာဖရိကအစိုးရက ငါးနှစ်အတွင်း နှစ်ကြိမ်ငြင်း ပယ်ခဲ့ပြီး ဖြစ်သည်။
၂၀၁၁ ခုနှစ် အတွင်းကလည်း ဒက်စမွန်တူးတူး၏ အသက် ၈၀ ပြည့်မွေးနေ့သို့ တက်ရောက်ရန် ပြည် ၀င်ခွင့် ဗီဇာလျှောက်ထားမှုကို အချိန်မီ လျှောက်ထား ခဲ့ခြင်းမရှိဆိုသည့် အကြောင်းပြ ချက်ဖြင့် ငြင်း ပယ် ခံခဲ့ရ သည်။ သို့သော် တရုတ်အစိုးရ၏ မကျေနပ်မှု များ ဖြစ်ပေါ်မည်စိုးရိမ်သောကြောင့် တောင် အာဖရိကအစိုးရ က ယင်းကဲ့သို့ ပယ်ချခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
၂၀၀၉ ခုနှစ်အတွင်းကလည်း နိုဘယ်ဆုရှင်များ၏ ဆွေးနွေးပွဲသို့ တက်ရောက်နိုင်ခွင့်မရစေရန် ဒလိုင်း လား မား၏ ဗီဇာလျှောက်ထားမှုကို ပယ်ခဲ့သည်။ ၎င်းလာရောက်ပါက ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပွဲ အပေါ် စိတ်ဝင်စားမှု ပြောင်း လဲသွားနိုင်သောကြောင့် တောင်အာဖရိကအစိုးရက ငြင်းဆိုခဲ့ခြင်းဖြစ် ကြောင်း သိရ သည်။
ဒလိုင်းလားမားသည် ၁၉၉၆ ခုနှစ်က တောင်အာရိကသို့ နောက်ဆုံးအကြိမ်ရောက်ရှိခဲ့ပြီး သမ္မတ နယ်လ် ဆင်မင် ဒဲလားနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
Mizzima
မှတ်ချက်များ