![]() |
| The two girls, 16-year-old Samra Kesinovic (left) and her 14-year-old friend Sabina Selimovic, are being hunted by Interpol for becoming the new “public face” of ISIS |
အသက် ၁၄ နှစ်နှင့် ၁၅ နှစ်ရှိ အဆိုပါ မိန်းကလေး ငယ်နှစ်ဦး သည် ဆီးရီးယား နိုင်ငံသို့ ထွက်ခွာရန် ကြိုးပမ်း နေစဉ် နိုင်ငံ တောင်ပိုင်းရှိ ဂရက်ဇ်မြို့တွင် ရဲတပ်ဖွဲ့၏ တားဆီးခြင်း ကို ခံခဲ့ရခြင်း ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန မှ ပြောရေး ဆိုခွင့်ရှိသူ အလက်ဇန္ဒား မာရာ ကိုဗစ်စ် က ပြောကြား ခဲ့သည်။
၎င်းတို့ နှစ်ဦးကို သြစတြီးယား အာဏာပိုင် များက တားဆီး ခဲ့ခြင်းသည် ဆီးရီးယား နှင့် အီရတ်နိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များနှင့် ပူးပေါင်းခြင်းကို ထိန်းချုပ်ရန် အတွက် လုံခြုံရေးကို အထူး တင်းကျပ် နေစဉ်တွင် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မိန်းကလေး နှစ်ဦးသည် အင်တာနက် ပေါ်မှတစ်ဆင့် တစ်ဦး နှင့် တစ်ဦး သိကျွမ်း ခဲ့ခြင်းဖြစ်ပြီး ၄င်း တို့အနက် တစ်ဦးမှာ စစ်သွေးကြွ များကို ထောက်ခံရန် အတွက် မည်သည့် နေရာသို့ သွားရသည် ဖြစ်စေ ရောက်အောင် သွားမည်ဟု ပြောကြား ထားကြောင်း သိရသည်။
ထို့နောက် ယင်း မိန်းကလေး များအနက် အစ္စလာမ် ဘာသာသို့ မကြာမီ သေးက ကူးပြောင်း ခဲ့သူ မိန်းကလေး ငယ်၏ မိခင် ဖြစ်သူက ယခု သီတင်းပတ် အကုန်၌ ရဲတပ်ဖွဲ့ သို့ သွားရောက် သတင်းပို့ ခဲ့ရာမှ ၄င်းတို့ နှစ်ဦးကို အာဏာပိုင် များက တားဆီး နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းတို့ နှစ်ဦးသည် ဆီးရီးယား သို့ တူရကီနိုင်ငံ နယ်စပ်မှ တစ်ဆင့် ဖြတ်ကျော်၍ စစ်သွေးကြွ များနှင့် ပူးပေါင်းရန် ကြံစည် ခဲ့ကြောင်း သြစတြီးယား အစိုးရက ပြောကြား ခဲ့သည်။
သြစတြီးယား နိုင်ငံတွင် ယခုနှစ် မေလအတွင်း ကလည်း ဘော့စနီးယား မျိုးနွယ်ဝင် အမျိုးသမီးငယ် နှစ်ဦး သည် ဆီးရီးယား နိုင်ငံ အတွင်းရှိ စစ်သွေးကြွ များနှင့် ပူးပေါင်း တိုက်ခိုက်ရန် ထွက်ခွာ သွားကြောင်းသိရ သည်။
PyiChitThar

မှတ်ချက်များ