ဆိုက်ရောက်ဗီဇာ ခွင့်မပြုတော့


မြန်မာအစိုးရဟာ နိုင်ငံခြားသားတွေကို အင်တာနက်ကနေ E-Visa စနစ်နဲ့ ဗီဇာလျှောက်ခွင့် ၀င်ရောက်ခွင့်
ပေးပြီးနောက် စက်တင်ဘာ ၁၈ ရက်နေ့ကစ ဆိုက်ရောက်ဗီဇာ ထုတ်ပေးတာကို လုံးဝ ရပ်ဆိုင်းလိုက်ပြီ
ဖြစ်ကြောင်း ကြေညာပါတယ်။

ကြေညာချက်ထဲမှာ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနမှာ ကြိုတင် ခွင့်ပြုချက် တင်ပြထားပြီး ဖြစ်တဲ့ ခရီးသည် ၁၂၀၀ ကိုပဲ လာမယ့် အောက်တိုဘာကုန်အထိ ဆိုက်ရောက်ဗီဇာ ထုတ်ပေးဦးမှာ ဖြစ်ပြီး အခြား သူတွေကိုတော့ လုံးဝ ခွင့်မပြုတော့ဘူးလို့ ဆိုပါတယ်။

အစိုးရအနေနဲ့ ခုလို ဆိုက်ရောက်ဗီဇာ ထုတ်ပေးမှု ရုတ်တရက် ရပ်ဆိုင်းလိုက်တာကြောင့် ခရီးသွားဝင်
ရောက်မှုကို ထိခိုက်မယ်၊ မထိခိုက်ဘူး ဆိုတာကိုတော့ မသိနိုင်သေးပါဘူး။

DVB

မှတ်ချက်များ