ထိုင်းတွင် ကမ္ဘာလှည့် ခရီးသည် နှစ်ဦးကို သတ်သည့် တရားခံများအား အထူး သက်သေဖော် နည်းပညာဖြင့် စုံစမ်း


ပြီးခဲ့သည့် ရက်အနည်းငယ်က ခိုတောင်ကျွန်းတွင် ကမ္ဘာလှည့် ခရီးသည် ဗြိတိန် နိုင်ငံသား စုံတွဲကို သတ်ဖြတ်ခဲ့သည့် တရားခံများကို ရှာဖွေရာတွင် ထောက်လှမ်းရေး ကင်မရာမှ ရိုက်ကူး ထားသည့် လူတစ်ယောက်၏ ပုံနှင့် သံသယရှိထား သူများ၏ ပုံတို့ ကို တိုက်ဆိုင် စစ်ဆေးသည့် အထူးမှုခင်းနည်းပ ညာဖြစ်သည့် superimposition နည်း အသုံးပြု၍ လူသတ် တရားခံများကို ဖော်ထုတ်နိုင်ရန် ထိုင်းရဲများက ကြိုးစားနေသည်။

စက်တင်ဘာ ၁၅ရက်က ဖြစ်ပွားသည့် အသတ်ခံရသူနှစ်ဦး အနက် ဟန်နာ ၀စ်သာရစ်ခ်ျကို ထိုးကြိတ် ကန်ကျောက်ခဲ့သူ များဟု သံသယရှိသူ သုံးဦးအနက် နှစ်ဦးကို superimposition နည်းဖြင့် စစ်ဆေး ခဲ့ပြီးဖြစ် သည်။

တရားခံ များကို ပိုဖမ်း နိုင်မည့် မျှော်လင့်ချက်ဖြင့် ရဲဌာနက ဝရန်းတောင်းခံ ထားပြီး ဖြစ်ပြီး ထောက်လှမ်းရေး အပိုင်းတွင်လည်း တိုးတက်မှုများ ရှိပြီဖြစ်သည်ဟု ပြည်နယ် ရဲတပ်ရင်း ၈ မှ ရဲမှုး ပန်ယာ မာမန်းကပြော သည်။

မေးမြန်း စုံစမ်းရန်အတွက် ခိုတောင်မှ ထွက်ခွာသွား သူများမှ သံသယရှိသူ များကိုလည်း သမ္မန်ဆင့်ခေါ်မည်
ဖြစ်သည်။ အမှုကို ရက်ပိုင်း အတွင်း အပြီးသတ် ရမည် ဖြစ်ကြောင်း၊ မျက်မြင်သက်သေနှင့် ပစ္စည်း သက်သေခိုင်လုံ တည်ဆောက်ပြီးပြီ ဖြစ်ကြောင်း ပန်ယာကပြောသည်။

သေမှုသေခင်းတွင် တွေ့ ရှိသည့် DNAနှင့် အခြား အထောက်အထားများသည် စပိဘုတ် ၀န်ထမ်းနှစ်ဦး၏ DNAနှင့် ကိုက်ညီခြင်း မရှိကြောင်းလည်း ၎င်းက ပြောခဲ့သည်။

mizzima

မှတ်ချက်များ