လေယာဉ်ပျံဘယ်မှာလဲ


လွန်ခဲ့တဲ့ ၆ လတုန်းက မလေးရှားနိုင်ငံကနေ ပျံသန်းလာတဲ့ MH370 လေယာဉ်ဟာ ခရီးသည်ပေါင်း ၂၃၉ ယောက်နဲ့ အတူ ပျောက်ဆုံးခဲ့ပါတယ်။ အခု အဲဒီလေယာဉ်ပျောက်ဆုံးမှုကို လူတွေ မေ့ပျောက်သွား ကြပါပြီလား။

လွန်ခဲ့တဲ့ ၆ လတုန်းက လီလင်း ဟာ သူ့ခင်ပွန်းသည် အိမ်ပြန်အလာကို စောင့်မျှော်ခဲ့ပါတယ်။

သူ့ခင်ပွန်း ဘီယန် လျန်ဂျင်းဟာ အသက် ၂၈ နှစ်အရွယ် သွားဆရာဝန် တယောက်ဖြစ်ပါတယ်။

သူတို့မှာ ၂ နှစ်သားအရွယ် သားငယ်တယောက်လည်း ရှိပါတယ်။ဘီယန်ဟာ သွားဆရာဝန်ဖြစ်ပေမဲ့ ဆေး ခန်းဖွင့်ဖို့ရာ ငွေမရှိလို့ စင်္ကာပူမှာ ဆောက်လုပ်ရေးလုပ်ငန်းတခုမှာ အလုပ်သမားသွားလုပ်ပြီး ဆေးခန်း ဖွင့်နိုင်အောင် ငွေစုနေသူဖြစ်ပါတယ်။

ဘီယန်ဟာ နှစ်နှစ်အရွယ်သားဖြစ်သူကို တခါမှ မတွေ့ဖူးသေးလို့ ပထမဆုံးအကြိမ် တွေ့မြင်နိုင်ဖို့ အိမ်ကို
ပြန်လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ မလေးရှားကနေ တဆင့် ပြန်ခဲ့ပါတယ်။သူပြန်လာတဲ့ရက်ဟာ မတ်လ ၈ ရက်ဖြစ်ပြီး သူစီးလာ တဲ့ လေယာဉ်ဟာ MH370 လေယာဉ်ဖြစ်ပါတယ်။

တကယ်ဆိုတော့ သူအိမ်ပြန်ရောက်ဖို့ဟာ နာရီပိုင်းလောက်သာ လိုတော့တယ်လို့ ဇနီးသည် လီလင်းက ထင်ခဲ့တာပါ။

ဒါပေမဲ့ ဘီယန်ဟာ သူစီးလာတဲ့ လေယာဉ်နဲ့အတူ ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပါတယ်။

သူ့ဘဝဟာ အစိတ်စိတ်အမွှာမွှာဖြစ်သွားတယ်လို့ အသက် ၂၄ နှစ်အရွယ်ရှိ လီလင်းက ပြောပါတယ်။ တခါတရံမှာ အဖေကို မမြင်ဖူးတဲ့ သားဖြစ်သူက တစိမ်း ယောက်ျားတယောက်ယောက်ကို အဖေခေါ် လိုက်တဲ့အခါ သူ့မှာ သိပ်စိတ်ထိခိုက်ရတယ်လို့ ဆိုပါတယ်။

သူက သူ့အဖေ တနေ့နေ့မှာ ပြန်လာမယ်လို့ ပြောထားတဲ့ အတွက် သားဖြစ်သူကလည်း မမြင်ဖူးတဲ့ အဖေကိုမျှော်နေတယ်လို့ ဆိုပါတယ်။

လေယာဉ်ပေါ်မှာ ပါလာသူ အများစုဟာ တရုတ်လူမျိုးတွေ ဖြစ်ကြပါတယ်။ ဘီယန်လို တခြား အလုပ်သမား တချို့လည်း ပါကြပါတယ်။ တချို့ဟာ အားလပ်ရက်မှာ မိသားစုရှိရာ ပြန်လာကြသူတွေ ဖြစ်ကြပါတယ်။
မိသားစုဝင်တွေ အားလုံးက အခုထိ လိုလားနေကြတာကတော့ အဖြေတခုခု ဖြစ်ပါတယ်။

လေယာဉ်ဘယ်ရောက်သွားသလဲ။ လေယာဉ်ဘာဖြစ်သွားခဲ့သလဲ။ သူတို့ သေပြီဆို တာ သေချာသွားပြီ လား။ ဒါမှမဟုတ် အသက်များရှင်နေလေသေးသလား။ ဒီမေးခွန်းတွေရဲ့ အဖြေကို သူတို့သိချင်နေပါသေး တယ်။

ဘာဖြစ်သွားမှန်းမသိရတာဟာ သူတို့အတွက် အခက်ခဲဆုံးပြဿနာပါလို့ အသက် ၃၁ နှစ်အရွယ်ရှိ ဂျင်မီဝမ်း က ဆိုပါတယ်။

အခုလို ၆ လကြာပြီဖြစ်တဲ့ အချိန်မှာ ပျောက်ဆုံးသွားတဲ့ လေယာဉ်ကို ကျန်တဲ့ လူတွေက မေ့ချင်မေ့သွား ကြမှာ ဖြစ်ပေမဲ့ ကျန်ရစ်သူမိသားစုတွေအတွက်ကတော့ ဘယ်လိုမှ မေ့မရတဲ့ ပြဿနာကြီးဖြစ်နေပါတယ်။

လူအများက လေယာဉ်ပေါ်ပါသွားတဲ့သူတွေဟာ အသက်ဆုံးရှုံးကုန်ကြပြီလို့ ယူဆကြပေမဲ့ ကျန်ရစ်သူမိ သားစုတချို့ကတော့ လေယာဉ်ပေါ်ပါသွားတဲ့ သူတို့မိသားစုဝင်တွေဟာ တချိန်ချိန်မှာ အိမ်ပြန်လာလေဉီးမ လားလို့ မျှော်လင့်နေကြဆဲဖြစ်ပါတယ်။

BBC Burmese

မှတ်ချက်များ