အိန္ဒိယနိုင်ငံ ကက်ရှမီးယားဒေသမှာ ရေကြီးမှုကြောင့် လူ ၁၀၀ နီးပါး သေဆုံးသွားတယ်လို့ ပြည်နယ်ဝန်ကြီး ချုပ် အိုမာ အပ်ဗဒူလာက စက်တင်ဘာလ ၅ ရက်နေ့မှာ
ပြောပါတယ်။မိုးတွေ အဆက်မပြတ် ရွာသွန်းနေတာ
ကြောင့် မြစ်တွေလည်း စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပါ တယ်။ ရေဘေးသင့် ပြည်သူတွေကို အကူအညီပေးဖို့နဲ့ အရပ်သားအုပ်ချုပ်ရေး အဖွဲ့ချည်းပဲ မနိုင်လို့ စစ်တပ်ကိုပါ အကူအညီခံထားတယ်လို့ ပြောပါတယ်။
ရေကျသွားပြီးရင် ပြန်လည်နေရာချထားရေး ကိစ္စတွေကို လုပ်ဆောင်ရဦးမယ်လို့ ပြောပါတယ်။ နယူးဒေ လီမှာလည်း ပြည်ထဲရေးဝန်ကြီး ရာနတ်သ်ဆင်းက အစည်းအဝေးခေါ်ယူပြီး ရေဘေးကယ်ဆယ် ကူညီရေး မှာ နိုင်ငံတော်အဆင့် သဘာဝကပ်ဘေးကယ်ဆယ်ရေးတပ်ဖွဲ့က ပြည်နယ်အစိုးရကို အကူအညီပေးနေတဲ့ အခြေအနေကို သုံးသပ်ပါတယ်။
ရေကြီးမှုကြောင့် ကက်ရှမီးယားဒေသမှာ ရှိတဲ့ ကျောင်းတွေ ကောလိပ်တွေ အားလုံးကို ပိတ်ထားရသလို စာမေးပွဲလည်း နောက်ဆုတ်ထားရပါတယ်။
အိန္ဒိယမှာ အရင်တလလုံး မုတ်သုန်ရာသီ အားပျော့ခဲပေမယ့် အခုတော့ မိုးသည်းထန်ပြီး နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက် ပြည်နယ်မျာ ရေကြီးမှု၊ မြေပြိုမှုတွေ ကြုံနေရပြန်ပါတယ်။ ဥတြာပရာဒတ်နဲ့ ဥတာရာခန် ပြည် နယ်တွေမှာ အဆိုးဆုံး ရင်ဆိုင်နေရပါတယ်။
DVB

မှတ်ချက်များ