
စာလုံးပေါင်းသတ်ပုံတချို့ ပြင်ဆင်ပြီး ကူးယူဖော်ပြပေးလိုက်ပါ တယ်။ စာနဲ့အတူ ဗွီဒီယို ယူကျု လင့်တခု လည်းချိတ်ပြထားပါတယ်။
သမီးလေးဖတ်ဖို့။
လှနုထွန်းကို ခြေမှုန်းမယ် ဆိုတဲ့ စိတ်ရည်ရွယ်ချက်တစ်ခုနဲ့ မြှောက်ပင့်ပေးသူတွေကြောင့် သမီးလေးမာန် ကြီးပြီး ဆက်လုပ်နေမယ်ဆိုရင်တော့လည်း….ပေးလုပ်ပါတယ်…၁၆ နှစ်သမီးကို သရဖူရအောင် သင် ကြားပေးခဲတဲ့အမှု ၊ ကိုရီးယားအထိ ဇနီးမောင်နှံ ၂ ယောက် လိုက်သွားပြီး အားကျိုးမာန်တက် ကြိုးစားခဲ့တဲ့ အမှုတွေလည်း တရားစွဲချင်ဆွဲနော်။ ခွင့်လွှတ်ပါတယ်။
ဆရာမဆိုတာ တပည့် ကောင်းစားတာမြင်ရင် ကျေနပ်နေတာပါပဲ။ မလိမ်ညာတတ်တဲ့ သူတယောက် အနေနဲ့ ရပ်တည်နေတာကိုက ကွယ်လွန်သွားတဲ့ ဘိုးဘွားတွေအတွက် ကျေနပ်လှပါပြီ။
ဒါပေမယ့် လှနုရဲ့ အမျိုးသား ကိုတော့ စွဲမထည့်ပါနဲ့။ သူဘယ်လောက်အထိ ကူညီပေးခဲ့သလဲ ဆိုတာ သူသမီးလေးတို့အတွက် ကားမောင်း ပို့ပေးခဲ့တဲ့ ခရီးမိုင်တွေ၊ ရက်စွဲတွေကို ပြန်တွက်ကြည့်လိုက်ပါ။
သမီးလေးအသံသွင်းဖို့ ကူညီပေးခဲ့တဲ့ မိတ်ဆွေတွေနဲ့ သမီးလေး MTV အတွက် အပင်ပန်းခံရိုက်ပေးခဲ့ တဲ့သူ၊ မီးထိုမှန်ထိုး ဖိနပ်သိမ်းပေးခဲ့တဲ့ သူတွေကိုကော အပြစ်တင်ချင်ပါသေးလား သမီးရယ်။
လှနုထွန်း ရေးထားတဲ့ မေမြတ်နိုးကို ရည်ရွယ်ပြီး သမီးလေး ဖတ်ဆိုဆိုတဲ့ စာပါ။
မြန်မာနိုင်ငံဆိုင်ရာ Miss Asia Pacific World ရဲ့ ကိုယ်စားလှယ် လှနုထွန်း က ယူကျူ လင့်ကိုလည်း တပါတည်း ဖော်ပြထားပါတယ်။
မှတ်ချက်များ