လျှပ်စစ်ကြောင့် သေဆုံး ထိခိုက်မှု လျော်ကြေး ပိုပေးမည်

လျှပ်စစ်အန္တရာယ်ကြောင့် ပြည်သူတွေ သေဆုံး ထိခိုက် နစ်နာ နေရတာနဲ့ ပတ်သက်ပြီး နောက်ပိုင်း လုံလောက် ထိုက်တန်တဲ့ လျော်ကြေးတွေ ရလာအောင် အစိုးရအဖွဲ့ ကို တင်ပြဆောင်ရွက်ပေးသွားမယ်လို့ လျှပ်စစ်ဒုဝန်ကြီး ဦးအောင်သန်းဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ အမျိုးသားလွှတ်တော် အ စည်းအဝေးမှာ ရန်ကုန် အမှတ် (၄) အမတ် ဒေါက် တာ မြတ်ဉာဏစိုးက လျှပ်စစ်ကြောင့် ထိခိုက်မှုရှိ တဲ့ ပြည်သူတွေကို ဘယ်လို ထိုက်တန်စွာ ကုစားပေးမလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ဒုဝန်ကြီးက ခု လို ဖြေခဲ့တာပါ။

ဒုဝန်ကြီးက သေဆုံး ထိခိုက် နစ်နာတဲ့ သူတွေကို လူမှုဖူလုံရေး ရန်ပုံငွေကနေ ပေးတာ၊ ဥပဒေ ပြဋ္ဌာန်းချက် အရ ပေးတာ၊ ဓာတ်အားဖြန့်ဖြူးရောင်းချရာကနေ ၀င်ငွေ တိုးတက်ရရှိလာမှု အခြေအနေ အတွေအရ နစ် နာကြေးပေးတာတွေ ရှိနေပြီး နောက်ပိုင်း တိုးမြှင့်ပေးသွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖြစ်စဉ်တွေမှာ လျှပ်စစ်ဌာနဟာ ဓာတ်ကြိုးပြတ်ကျ ဓာတ်လိုက်ပြီး သေဆုံးသူ ပြည်သူတွေအတွက် တချို့ ကျပ်ငွေ ၂ သိန်း၊ နောက်ဆုံး ဖြစ်ပွားခဲ့တဲ့ သင်္ကန်းကျွန်း ၁၆ ရပ်ကွက်ဖြစ်စဉ်မှာ ကျပ် ၁၀ သိန်း၊ လှည်း တန်းဖြစ်စဉ်မှာ ကျပ် ၂၇ သိန်းစီ ပေးအပ်ခဲ့ပါတယ်။

DVB

မှတ်ချက်များ