ဒီနေ့ ညနေ ၂ နာရီ ၂၅ မိနစ်အချိန်ခန့်က လားရှိုးမြို့ မြို့ဈေးဝန်းအတွင်းမှာရှိတဲ့ ချယ်ရီရုံ အမှတ် ၂၆၅ မှာဖွင့် လှစ်ထားတဲ့ ဝေဟင်ရွှေဆိုင်မှာ ဓားပြတိုက်မှုဖြစ်ပွားခဲ့ပါ တယ်။
ဓားပြတိုက်သူဟာတယောက်တည်းဖြစ်ပြီး သေနတ် တစ်လက် ပါလာပါတယ်။ အဲ့ဒီပါလာတဲ့ သေနတ်နဲ့ ဝေ ဟင်ရွှေဆိုင်က မှန်ကောင်တာကို ဖောက်ကာ ရွှေဗန်း တဗန်းယူပြီး ထွက်ပြေးသွားတယ်လို့ ရွှေကုန်သည် အ သင်းဥက္ကဋ္ဌဖြစ်သူ ဦးညီထွေးက ပြောပါတယ်။
မြို့မဈေးရဲ့ စည်/ပင် တာဝန်ခံဈေးခေါင်းဖြစ်သူ ကိုမျိုးက ဓားပြတိုက်ရာမှာ ပါသွားတဲ့ ပစ္စည်တွေ ကတော့
ရွှေလက်စွပ်အကွင်း ၃၀ ဖြစ်ပြီး ကာလတန်ဖိုး ငွေကျပ် သိန်း ၁၀၀ ခန့်ရှိတယ်လို့ ပြောဆိုပါတယ်။
အခုဓါပြတိုက်မှုမှာ လူတဦးတယောက်မှ ထိခိုက်ဒဏ်ရာမှုမရှိသလို ထွက်ပြေးလွတ်မြောက်နေတဲ့ ဓါပြတိုက် သူကိုလည်း ရဲတပ် ဖွဲ့က ပိတ်ဆို့တာဆီးမှုတွေပြုလုပ်ကာ လိုက်လံရှာဖွေနေပြီး အမှုဖွင့်ဆောင်ရွက်ဖို့ လည်း
ပြင်ဆင်နေ တယ်လို့ မြို့မရဲ တပ်ဖွဲ့စခန်းမှာ ဒီကနေတာဝန်ကျ ရဲအရာရှိက ပြောပါတယ်။
ဒီဖြစ်ရပ်ကြောင့် ဈေးသူဈေသားတွေ ကြောက်ရွံ့ထိတ်လန့်နေပြီး လုံခြုံရေးတိုးမြင့်ချထားပေးဖို့ လိုလားနေ ကြပါတယ်။
DVB

မှတ်ချက်များ