ဆေးလိပ်ဝယ်ပေးရန် ငြင်းဆိုခဲ့သည့် အိန္ဒိယ ကလေးငယ်တစ်ဦး လူလေးဦး၏ ရိုက်နှက်မှုကြောင့် သေဆုံး


အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ဘာရတ်နာဂါ ရပ်ကွက်တွင် ကျူရှင်မှ ပြန်လာသည့် အသက် ၁၆ နှစ်အရွယ် ကလေးငယ်တစ်ဦးအား စက်တင်ဘာ ၁၀ ရက်တွင် အရက် မူးနေသူလေးဦးက ဆေးလိပ်ဝယ်ခိုင်းရာ ကလေးက ငြင်းဆန့်သဖြင့် ၀ိုင်းရိုက်ခဲ့သောကြောင့် အဆိုပါ ကလေး သေဆုံးသွားကြောင်း သိရသည်။

ရန်ဂျန်ဆိုသူ ကလေးငယ်က မိမိသည် အသက်မပြည့်သေးသဖြင့် ဆိုင်က မိမိအား ဆေးလိပ်ရောင်း မည်မဟုတ်ကြောင်း ပြောကြားသည့်အခါ အရက်သမားများက ၎င်းအား ရိုက်နှက်ခဲ့ကြခြင်းဖြစ်သည်။

နယ်မြေရဲအရာရှိတစ်ဦးက “ပြစ်မှုကျူးလွန်တဲ့သူလေးဦးကတော့ ထွက်ပြေးနေကြတယ်။ သူတို့က သေ ဆုံးသွားတဲ့ ကလေးနေတဲ့ ရပ်ကွက်ထဲကပါပဲ။ သူတို့က အလုပ်လက်မဲ့တွေဖြစ်ပြီး ရပ်ကွက်ထဲက ပန်းခြံ ထဲမှာ အချိန်တိုင်းလိုလို အရက်သောက် ဖဲရိုက်နေကြတာပါ” ဟု ပြောကြားသည်။

ရန်ဂျန်သည် ရိုက်နှက်ခြင်း၊ ဓားနှင့်ထိုးခြင်းတို့ ခံခဲ့ရပြီး ပန်းခြံအနီး သွေးများဖြင့် လဲနေစဉ် ဖြတ်သွားသူများ က တွေ့ရှိကာ ရဲထံအကြောင်းကြား ခဲ့ပြီးနောက် ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်ကာ
သေဆုံးသွားခြင်းဖြစ်သည်။

AFP

မှတ်ချက်များ