အယ်လ်ခိုင်ဒါရဲ့ တောင်အာရှဌာနခွဲ တိုက်ခိုက်မှု စတင်

၂၀၁၂ နိုဝင်ဘာမှာ တွေ့ရတဲ့ ပါကစ္စတန်စစ်သင်္ဘော (ဓာတ်ပုံ -  Reuters)
မကြာသေးခင်ဖွဲ့စည်းလိုက်တယ်ဆိုတဲ့ အယ်လ်ခိုင်ဒါရဲ့ တောင်အာရှဌာနခွဲက ပါကစ္စတန်စစ်ရေ ယာဉ်ကို
ပြန်ပေးဆွဲသွားတာဟာ သူတို့ဖြစ်ကြောင်း၊ အာရေဘီယံပင်လယ်ပြင် အမေရိကန်သင်္ဘောတွေကို ဒုံးကျည်နဲ့ ပစ်တဲ့အခါ အသုံးပြုမှာဖြစ်ကြောင်း ကြေညာပါတယ်။

အကြမ်းဖက်မှုတိုက်ခိုက်ရေးလိုမျိုး အမေရိကန်နဲ့ ပါကစ္စတန်ရဲ့ပူးပေါင်းဆောင်ရွက်မှုတွေမှာ အာရေဘီယံ ပင်လယ်ကမ်းခြေ ရေတပ်စခန်းဟာ မဟာဗျူဟာအရ အရေးပါတဲ့ဒေသ ဖြစ်ပါတယ်။

အာဖဂန်ကနေ အမေရိကန်တပ်တွေ ဆက်လက်ရုပ်သိမ်းနေတဲ့ကာလ လုံခြုံရေးအားနည်းချက် ပေါ်ပေါက်ေ
နေတဲ့အချိန်မှာ ဒီအမှု ဖြစ်ခဲ့ခြင်းပါ။

ဒီလိုအခြေအနေကို အကြမ်းဖက်သမားတို့က အခွင့်ကောင်းယူခဲ့ခြင်းပါပဲ။ဖြစ်တဲ့နေ့ဟာ စက်တင်ဘာ ၆ လို့ ဆိုတယ်။

နာရီအတန်ကြာတဲ့ ဒီတိုက်ခိုက်မှုမှာ အစ္စလမ်မစ်စစ်သွေးကြွတွေဟာ ပါကစ္စတန်ပိုင်နက်အတွင်းပိုင်းမှာ တိုက်ခိုက်မှုစွမ်းရည် ဘယ်လို ရှိတယ် ဆိုတာကို ပြသခဲ့ခြင်းလို့ ဆိုနိုင်သလို နျူကလီးယားပိုင်ဆိုင်တဲ့ ပါကစ္စတန်လိုနိုင်ငံက လုံခြုံရေးအစီအစဉ် ကောင်းကောင်း ရှိပါ့မလား ဆိုတဲ့ မေးခွန်းလည်း ထွက်လာပါတယ်။

အယ်လ်ခိုင်ဒါနဲ့ မဟာမိတ်လုပ်ထားတဲ့ ပါကစ္စတန် တာလီဘန်တွေက စက်တင်ဘာ ၆ တိုက်ခိုက်မှုဟာ အ တွင်းလူတွေရဲ့ အကူအညီနဲ့ လုပ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

နောက်ပိုင်းမှာ အစိုးရက တိုက်ခိုက်မှုမှာ ပူးပေါင်းပါဝင်တယ်လို့ ယူဆရတဲ့ ရေတပ် အရာရှိတချို့ကို ထိန်း သိမ်းစစ်ဆေးခဲ့ပါတယ်။

တိုက်ခိုက်မှုဟာ အယ်လ်ခိုင်ဒါရဲ့ တောင်အာရှဌာနခွဲ ဖွဲ့စည်းလိုက်တယ်ဆိုတဲ့ ကြေညာချက် ထွက်ပြီး ရက် ပိုင်းအတွင်း ပေါ်ပေါက်လာခြင်းပါ။

ဧရာဝတီ




မှတ်ချက်များ