ပြည်ပသို့ သွားရောက်လုပ်ကိုင်သူ တစ်လလျှင် ၆,၀၀၀ ကျော်ရှိနေဆဲ

ပြည်လတွင်း၌ အလုပ်အကိုင် ရှားပါး၍ ပြည်ပသို့ သွားရောက် လုပ်ကိုင်နေသော မြန်မာလုပ်သားဦး
ရေမှာ တစ်လလျှင် ခြောက်ထောင် နှင့် အထက် ရှိနေကြောင်း ပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအ သင်းချုပ် (MOEAF) မှ သတင်း ထုတ်ပြန်ထားသည်။

‘‘အလုပ်အကိုင် မဖန်တီး ပေးနိုင်တဲ့ အချိန်ကာလ မှာတော့ ဒီအတိုင်းပဲ သွားနေဦးမှာပဲ။ ပိုက် ဆံဆို တာလူ တိုင်းလိုအပ်နေတာ ပဲလေ’’ဟု Royal Pole Star ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ မန်နေ ဂျင်း ဒါရိုက်တာ ဦးသိန်းဇော်ကပြောသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ကတည်းက မြန်မာလုပ်သား များသွားရောက်လုပ်ကိုင်ရန် ၀န်ဆောင်မှု
ပေးသော ပြည်ပအလုပ်အကိုင်ရှာဖွေရေး ဈေးကွက်မှာလည်း ဆက်လက်ရှင်သန်နေဆဲဖြစ်သည်။

၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ ပြည်ပလုပ်သားဈေးကွက်မှာ ပိုမို ကျယ်ပြန့်လာခဲ့ပြီး ပြည်ပသို့ တရားဝင် (သို့) တရားမ၀င်သွား ရောက်လုပ်ကိုင်မှုနှုန်းမြင့်တက် ခဲ့သည်။ အစိုးရသစ်လက်ထက် တွင် နိုင်ငံရေးပြုပြင်
ပြောင်းလဲမှု များပြုလုပ်ခဲ့သော်လည်း စီးပွား ရေးဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ထုတ်မှု နည်းပါးနေဆဲဖြစ်၍ ပြည်ပသို့ပြောင်းရွှေ့လုပ်ကိုင်သည့် နှုန်းမှာလည်း လျော့ကျသွားခြင်းမရှိသေးပေ။

ပြည်ပနိုင်ငံများအနက် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့ အများဆုံးသွားရောက် လုပ်ကိုင်လျက် ရှိပြီး လတ်လောတွင် ၀န်ဆောင်စရိတ်နည်းနည်းဖြင့် အချိန်တို အတွင်း သွားရောက်လုပ် ကိုင်သည့် ထိုင်းနိုင်ငံသို့ မြန်မာလုပ်သားများသွားရောက်မှုများနေသည်။

၂၀၁၂ နှစ်ကုန်ပိုင်းမှစ၍ ပြည်ပရောက် မြန်မာအလုပ်သမားများအကြမ်းဖက်ခံရမှု မကြာခဏ ဖြစ်ပွားခဲ့သော် လည်း ပြည်ပသို့ သွားရောက်လုပ်ကိုင်သူဦးရေ လျော့ကျသွားခဲ့ခြင်းမရှိပေ။ မြန် မာအလုပ်သမားများ အ ကြမ်းဖက်ခံရမှု အများဆုံးကြုံတွေ့နေရ သော ထိုင်းနှင့် မလေးရှားနိုင်ငံ တို့၌ အုပ်စုဖွဲ့အနိုင်ကျင့်ခံရမှု၊ မတ ရားငွေညှစ်တောင်းခံရမှုများကြုံတွေ့ရကာ အသတ်ခံရမှု၊ မုဒိမ်းကျင့်ခံရမှုများပင်ရှိသည်။ အကြမ်းဖက်ခံ ရသော လုပ်သားအများစုမှာ တရားမ၀င်သွားရောက်လုပ်ကိုင်ကြသူများ ဖြစ်ကြသည်။

ယခုနောက်ပိုင်းတွင် အစိုးရ က လုပ်သားပြဿနာများ ကာ ကွယ်ဖြေရှင်းနိုင်ရန် အေဂျင်စီ အသင်းချုပ်များ ဖွဲ့စည်းခဲ့ပြီး ပြည်ပသို့ မထွက်ခွာမီ လုပ်ငန်းခွင် အကြိုသင်တန်းများ ပေးရန်စီစဉ်နေသည်။

ပြည်ပသို့သွားရောက်လုပ် ကိုင်သူများမှာ အောက်ခြေ၀န် ထမ်း၊ အလုပ်ကြမ်းသမားအဖြစ် အများစုလုပ်ကိုင် ကြရပြီး ကျွမ်း ကျင်လုပ်သားအဖြစ် လုပ်ကိုင်ရသူ အနည်းစုသာဖြစ်သည်။

ယခုနောက်ပိုင်းတွင် ကျွမ်း ကျင်လုပ်သားများမှာ ပြည်တွင်း၌ လစာကောင်းကောင်းဖြင့် ရွေးချယ်စရာ အလုပ်အကိုင်များပြား လာသည်။ သို့သော်လည်း ပညာအရည်အချင်း နိမ့်သည့် အောက်ခြေလုပ်သား များအတွက် အလုပ်အကိုင်ရှားပါးနေဆဲဖြစ်၍ ပြည်ပသို့ထွက်ခွာပြီး အလုပ်လုပ်ကိုင် နေကြရခြင်းဖြစ်သည်။

နယ်မှ အလုပ်သမားများ အတွက် စားဝတ်နေရေးချောင် လည်ပြီး မိသားစုဝင်ငွေပိုလျှံရန် အတွက် ပြည်ပသို့ ထွက်ခွာလုပ် ကိုင်သည်မှာ အလေ့အထတစ်ခု လိုပင်ဖြစ်နေသည်။ နယ်တွင် အလုပ်အကိုင်ရှားပါးခြင်း၊ လယ် ယာလုပ်ငန်းများမှာ ရာသီဥတု ဖောက်ပြန်ပြီး ဈေးကွက်မကောင်း၍ နှစ်ဆက်အရှုံးပေါ်နေခြင်း တို့ ကြောင့် ပြည်ပသို့ သွားရောက် လုပ်ကိုင်သူ ပိုများသည်။ ထို့ ကြောင့် နယ်ဒေသများတွင် ပြည်ပမှအ လုပ်အကိုင်အပေါ် ၈၀ရာခိုင်နှုန်းခန့်ပင် မှီခိုအားထားနေရသည်ဟု အလုပ်အကိုင်ဈေးကွက်ကျွမ်းကျင်သူ များကပြောသည်။

‘‘နယ်မှာက လယ်အလုပ်ပဲ ရှိတယ်။ အိမ်က မိဘတွေကို ပိုက်ဆံမျာများရှာပေးချင်လို့’’ဟု မလေးရှားနိုင်ငံသို့ သွားရောက် မည့် အသက် (၂၀) အရွယ် အမျိုး သားတစ်ဦးကပြောသည်။

အစိုးရသစ်လက်ထက်တွင် ပြည်တွင်းပြည်ပအလုပ်အကိုင် ဖန်းတီးပေးနိုင်မှု ၁ ဒသမ ၂၈ သန်းကျော်ရှိ သည်ဟုဆိုသည်။ ပြည်တွင်း အလုပ်အကိုင် ၁ ဒသမ ၁၃ သန်း ကျော်နှင့်ပြည်ပအလုပ်အကိုင်တစ်သိန်း ခွဲကျော်ဖန်တီးပေးနိုင်ခဲ့သည်ဟု အစိုးရက တရားဝင် ထုတ်ပြန်ခဲ့သည်။

ပြည်ပသို့သွားရောက်လုပ် ကိုင်သူများနှင့် ပတ်သက်၍ စာရင်းဇယား ရရှိရန်နှင့် ကူညီနိုင်ရန် ရည်ရွယ် ချက်ဖြင့် မြန်မာရွှေ့ ပြောင်းလုပ်သားများ သတင်းပို့ ရာနေရာကောင်တာကို ရန်ကုန် လေဆိပ်တွင် ယခုနှစ် ဇူလိုင် ၂၀ တွင် စတင်ဖွင့်လှစ်ပြီးနောက် ပြည်ပသို့ သွားရောက်သူများထဲမှ အမျိုးသား ၃,၁၅၂၊ အမျိုးသမီး တစ်ရာကျော်ရှိသည်။ ထိုအရေ အတွက်ကို ကြည့်၍ တရားမ၀င် သွားရောက်လုပ်ကိုင်သူက ပိုများ နေ
ကြောင်း သိသာသည်။

၁၉၉၀ နောက်ပိုင်းမှစ၍ ပြည်ပသို့ သွားရောက်လုပ်ကိုင် ရခဲ့သည့် တရားဝင်လုပ်သားစာ ရင်းမှာ အစိုးရ၏ ထုတ်ပြန်ချက် အရ ၂၅ နှစ်အတွင်းလူဦးရေ ၁ ဒသမ ၈ သန်းကျော်သာရှိသည် ဆိုသည်။ လက်ရှိပြည်ပသို့ တရားဝင် သွားရောက်လုပ်ကိုင်သည့် စာရင်းအရ ထိုင်းနှင့် မလေးရှားနိုင်ငံတို့ တွင် လုပ်သားဦးရေ တစ် သိန်း ကျော်၊ စင်ကာပူနိုင်ငံတွင် လုပ် သား နှစ်သောင်းကျော်၊ ဂျပန်တွင် ငါးရာကျော်နှင့် ယူအေအီး နိုင် ငံတွင် လုပ်သားတစ်ထောင်နီး ပါးရှိသည်ဟု အစိုးရက ထုတ်ပြန်ထားသည်။ခန့်မှန်းစာရင်းအရ ပြည်ပသို့ တရားမ၀င်ထွက်ခွာ လုပ်ကိုင်နေသည့်အရေအတွက် မှာ သုံးသန်းနီးပါးရှိသည်ဟုဆို သည်။

ယခုနောက်ပိုင်းတွင် ပြည်ပ သို့ သွားရောက်လုပ်ကိုင်သူအရေ အတွက်ပုံမှန်ရှိနေသော်လည်း အလုပ်ခေါ်ယူ မှု ယခင်ကထက် လျော့ကျလာလျက်ရှိသည်။ အလုပ်ခေါ်စာလျော့ကျခြင်းသည် လုပ်သားကာကွယ်မှု အ ပိုင်းကို ပို မိုခိုင်မာအောင် စနစ်တကျလုပ် ကိုင်လာသဖြင့် လွယ်လွယ်ဖြင့် စေလွှတ်ခြင်းမလုပ်ဆောင်တော့ သည့်အတွက် အချိန်ကြန့်ကြာမှု များရရှိလာခဲ့၍ ပြည်ပအလုပ် ရှင်များအဖို့ အလုပ်ခေါ်ယူကမ်း လှမ်းမှု လျော့ နည်းလာခြင်းဖြစ်သည်ဟု အေဂျင်စီအသိုင်းအ၀ိုင်းက သုံးသပ်သည်။

‘‘အရင်အစိုးရလက်ထက် မှာ လုပ်ရကိုင်ရတာ လွယ်တယ်။ မြန်မြန်ပို့လို့ရတယ်။ ဒီဘက်အစိုး ရခေတ်မှာ တိတိကျကျလုပ်လာ တယ်။ အရင်လိုလွယ်လွယ်နဲ့ ပို့ လို့မရတော့ဘူး’’ဟု Lucky ပြည်ပအလုပ်အကိုင်အေ ဂျင်စီမှ မန်နေ ဂျင်းဒါရိုက်တာဦးဝင်းမြင့်က ယခင်အစိုးရနှင့် ယခုအစိုးရ လက်ထက်အပြောင်းအလဲကို
ပြောသည်။

ဦးသိန်းစိန်အစိုးရလက် ထက်တွင် ယခင်ကတရားမ၀င်သွားရောက်လုပ်ကိုင်နေသော အိမ်အကူလုပ်သား များ တရား ၀င်တင်ပို့ခွင့်ပြုခဲ့သည်။ ဟောင်ကောင်၊ စင်ကာပူတို့က လစာဒေါ်လာ ၅၀၀ ခန့်ပေး၍ ခေါ်ယူနေ သည်။ သို့သော်အိမ်အကူလုပ် သားစေလွှတ်မှုအပေါ် ဝေဖန်မှုများ စွာ ကြုံရပြီးနောက် အစိုးရကပြည်ပသို့ အိမ်အကူစေလွှတ်မှု ကို ဆိုင်းငံ့ထားသည်။

ပြည်ပအလုပ်အကိုင် ခေါ်ယူရာတွင်ဆောက်လုပ်ရေးလုပ်ငန်း၊ စက်ရုံအလုပ်ရုံ၊ စိုက်ပျိုးရေး၊ ရေ လုပ်ငန်းတို့ အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံတွင် တစ်လလျှင် ဘတ်ငွေ ၉၀၀၀ နှင့် မလေးရှားနိုင်ငံတွင် တစ်လလျှင် ရင်းဂစ် ၂၇၀၀၀၀န်းကျင်ဖြင့် လုပ်ကိုင်နေကြခြင်းဖြစ်သည်။ လက်ရှိပြည်တွင်း၌ ဘွဲ့ရအလုပ်သင်ဝန်ထမ်းတစ်ဦး သည် တစ်လလျှင် ပျမ်းမျှအားဖြင့်လစာကျပ် ရှစ်သောင်းဝန်းကျင် သာရရှိသည်။

ယခုနောက်ပိုင်းတွင် ပြည်ပ သို့ မြန်မာအလုပ်သမားခေါ်ယူမှု တွင် ထိုင်ဝမ်ကလည်း စိတ်ဝင် စားလျက်ရှိ ပြီး မြန်မာလုပ်သား တစ်ဦးလျှင် တစ်လလစာကျပ် ရှစ်သိန်းခန့်ဖြင့် အလုပ်ခေါ်ဆိုမှုများ စတင်ကမ်းလှမ်း လျက်ရှိသည်။

ပြည်တွင်းသို့ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများ ထင်သလောက် ရောက်မလာသေးသော်လည်း ယခင်ကထက် လုပ်ငန်းတိုးချဲ့ လုပ်ကိုင်မှုများ ပိုမိုများပြားလာ သည့်အတွက် ဘွဲ့ရလူငယ်များ မှာ ယခင်ကဲ့သို့ပြည်ပသို့ သွား ရောက်လုပ်ကိုင်မှု မများတော့ ပေ။

သို့သော်အောက်ခြေအခြေခံ လုပ်သားများအဖို့ မိမိနေရပ်တွင် အလုပ်အကိုင်ရှားပါးနေသောကြောင့်ပြည်ပ သို့ သွားရောက် လုပ်ကိုင်မှုမှာ ရှိနေဦးမည်ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီလုပ်ငန်းရှင်များက သုံး သပ်သည်။

‘‘ပြည်ပရင်းနှီးမြှုပ်နှံမှုဝင်ဖို့ ဆိုတာကလည်း မြေဈေးတွေ ဒီ လောက်ကြီးတာ။ သူတို့ကလည်း ဖန်တီးပေး
နိုင်မှာ မဟုတ်သေးသ လို ပြည်တွင်းကလုပ်ငန်းရှင် ခရိုနီ တွေကလည်း ထင်သလောက် မပေးနိုင်ဘူး။ ဒီတော့နိုင်ငံခြား ကို သွားလုပ်နေကြဦးမှာပဲ’’ဟု ကောင်းမြတ်စံသူပြည်ပအလုပ် အကိုင်အေဂျင်စီမှ ဒါရိုက်တာ ဦးမြတ်သူကပြောသည်။

အေးမြတ်သူ | 7day



မှတ်ချက်များ