ထိုင်းအာဏာပိုင်များမလာ၍ အစည်းအဝေးမဖြစ်

ဓါတ်ပုံ - ယနေ့မြ၀တီ ခရိုင်အုပ်ချုပ်ရေးမှူး ရုံးတွင် တွေ့ရသည် PC အဖွဲ့ဝင်အချို့နှင့် ခရိုင်အုပ်ချုပ်ရေးမှူး။
မြ၀တီမှာ ထိုင်းကုန်တင်ကားတွေ ပိတ်ဆို့ ခံရတာနဲ့ ပတ်သက်ပြီး ဒီနေ့မြ၀တီမှာ ထိုင်းဘက်က တာဝန်ရှိ သူတွေ - မြန်မာဘက်က တာဝန်ရှိသူတွေ - ကရင်ငြိမ်းချမ်းရေး ကောင်စီ PC က တာဝန်ရှိသူတွေ အစည်း အဝေးလုပ်ဘို့ ရှိပေမဲ့ ထိုင်းဘက်က အဓိကတာဝန်ရှိသူတွေ ဒီနေ့ မရောက်လာတဲ့ အတွက် အစည်းအဝေး မဖြစ်ဘူးလို့ PC အဖွဲ့က ဗိုလ်မှူးကြီးတိုက်ဂါးက ပြောပါတယ်။

ကရင်ငြိမ်းချမ်းရေး ကောင်စီ PC က တာဝန်ရှိသူအချို့  မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးကို ဒီနေ့သူ့ရုံး မှာ ၁၅ မိနစ်လောက်သွားရောက် တွေ့ဆုံပြီး ပြန်လာခဲ့ကြရတယ်လို့ လည်း ပြောဆိုပါတယ်။

ဗိုလ်မှူးကြီးတိုက်ဂါးကတော့ ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင်က ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ တွေ့ဆုံဆွေးနွေးမှသာ ဒီကိစ္စပြေလည်နိုင်မယ်လို့ ဆိုပါတယ်။

ဒီနေ့ မြ၀တီကိုလာတဲ့ ထိုင်းတွေက မြို့နယ်အဆင့် အောက်ခြေက လူတွေဆိုတော့ အခုကိစ္စသူတို့ကို သွားပြောလဲ အလကားဘဲ" ဟုပြောဆိုပြီး ဒီကိစ္စကို ပြေလည်တဲ့အထိ နည်းလမ်း မျိုးစုံသုံးပြီး ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း ဖြည့်စွက်ပြောဆိုပါတယ်။

ကရင်အမျိုးသား(မီဒီယာ)

မှတ်ချက်များ