ပါကစ္စတန်တွင် ရေလွှမ်းမိုးမှုကြောင့် လူ ၁၅၀ ကျော် သေဆုံး
ပါကစ္စတန်မှာ ရေကြီးမှုအတွင်း လူ ၁၅၀ ကျော် သေဆုံးသွားပြီလို့ အစိုးရက မနေ့က ကြေညာထားပါတယ်။
လွန်ခဲ့တဲ့ ၄ ရက်အတွင်း ရေကြီးမှုဒဏ်ကို မြို့ရွာပေါင်း ရာနဲ့ချီ ခံနေရပြီး လူထောင်ပေါင်းများစွာလည်း ပိတ်မိနေပါတယ်။
ပြင်းထန်တဲ့ မုတ်သုန်မိုးဟာ ပန်ဂျပ်နဲ့ ပါကစ္စတန်အပိုင် ကက်ရှမီးယား ဒေသမှာ အရင်တပတ် စက်တင်ဘာ ၄ ရက်ကစပြီး ရွာသွန်းနေတာပါ။
ဒေသအတွင်းက အဓိက မြစ်ကြီး သုံးစင်းလုံး စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီး အနီးအနား မြို့ကြီး မြို့ ငယ်တွေမှာ နေထိုင်သူတွေ သိန်းနဲ့ချီပြီး ဘေးကင်းရာကို ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက တိုက်တွန်း ထားပါတယ်။
ဒါပေမယ့် တချို့ သတိပေးမှုတွေ နောက်ကျတာကြောင့် လူသောင်းနဲ့ချီပြီး ရွှေ့ပြောင်းဖို့ အချိန်မရဘဲ ပိတ် မိနေတာပါ။
ဒီလို ပိတ်မိနေသူတွေထဲက ရဟတ်ယာဉ်တွေ၊ လှေတွေကို သုံးပြီး ကယ်တင်ခဲ့ရတဲ့ လူဦးရေ ထောင်နဲ့ချီရှိ တယ်လို့ ပါကစ္စတန် စစ်တပ် လူထုဆက်ဆံရေးဌာနက ပြောပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေကို အစိုးရစစ်တပ်ရော၊ အစ္စလာမ္မစ်အုပ်စုနဲ့ ဆက်နွှယ်နေတဲ့ အကူအညီပေးရေး အဖွဲ့တွေက ဆောင်ရွက်နေကြပါတယ်။
ပါကစ္စတန်မှာ ၂၀၁၀ တုန်းကလည်း နိုင်ငံရဲ့ ငါးပုံတပုံလောက် အခုလို ရေကြီးမှုနဲ့ ကြုံခဲ့ရပြီး လူ ၂၀၀၀
လောက်သေဆုံးခဲ့ဖူးပါတယ်။
DVB

မှတ်ချက်များ