သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် တိုင်းအဆင့်သို့ ကျန်းမာရေးအာမခံ လျှောက်ထားသော်လည်း ပယ်ချခံခဲ့ရ

ကျန်းမာရေးအခြေအနေအားနည်းလျက်ရှိသောသာသနာရေးဝန် ကြီးဟောင်း ဦးဆန်းဆင့်အား ကျန်းမာရေး အာမခံ ရရှိရေးအတွက် မန္တလေးတိုင်း အဆင့်တွင် အာမခံလျှောက်ထားချက် တင်ပြခဲ့သော် လည်း ပယ်ချခံခဲ့ ရသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်း က ပြောသည်။

ဦးဆန်းဆင့်၏ အမှုအား ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေသူ ဦးတင်ထွန်းက “အာမခံပယ်တယ်၊ လျှောက်ထားချက်ကိုလက်မခံ ဘူး”  ဟု မဇ္ဈိမကို ပြောသည်။

ထို့အပြင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအပါအ ဝင် ပြန်ခေါ်သက်သေ ၁၅ ဦးအနက် တစ်ဦးသာ ပယ်ခဲ့ပြီး ကျန် ၁၄ ယောက်အား ခေါ်ယူ စစ်ဆေးမှုကို စက်တင်ဘာလ ၉ ရက်က ထပ်မံစစ်ဆေးခဲ့သည်။

ပြစ်မှုကြီးမှု ၄၂/၁၄ ပုဒ်မ ၁၂၄(က) အတွက် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်
ဌေး၊ ရုံးအဖွဲ့မှူး ဦးမြင့်ဦး၊ သာသနာရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးဝင်းထိန်အောင်၊ သာသနာထွန်းကား
ပြန့်ပွားရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးခိုင်အောင်၊ သာသနာရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေ၊ သာသနာရေး ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးမင်းထွန်း နှင့် ဒုတိယ ရုံးအဖွဲ့မှူးတို့အား စစ်ဆေးခဲ့သည်။

ပြစ်မှုကြီးမှု ၄၁/၁၄ ပုဒ်မ ၄၀၉/၁၀၉ အတွက် ပြန်ခေါ်သက်သေ ဦးမိုးဇော်ရွှေ၊ ဦးခိုင်အောင်၊ ဦးမြင့်ဦး ၊ သာသ နာရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်း၊ သာသနာထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွန်ကြားရေး မှူး ဦးထိန်လင်း၊ ဦးမောင်မောင်ဌေး၊ သာသနာရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်သင်းသင်း
ဆွေ(ခ) ဒေါ်ချိုချို တို့အား စစ်ဆေးခဲ့သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက အတည် ပြု ပြော ကြားသည်။

အောင်သူရထွန်း | mizzima

မှတ်ချက်များ