အမျိုးသားပညာရေး ဥပဒေမူကြမ်း တကသ ကန့်ကွက်

ဓါတ်ပုံ - ကောင်းထက်ကျော်
အမျိုးသားပညာရေးဥပဒေမူကြမ်းကို တက္က သိုလ်
ကျောင်းသားသမဂ္ဂ (တကသ) များက ဒီနေ့ မနက်ပိုင်း ရန်ကုန်မြို့က ကွန်ပျုတာ တက္ကသိုလ် ဗဟန်းနယ်မြေ ရှေ့မှာ ကန့်ကွက်တဲ့ ထုတ်ပြန်ချက်တွေနဲ့ ပိုစတာ
တွေနဲ့ လှုံ့ဆော် စည်းရုံးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီနေ့ဟာ ကွန်ပျုတာတက္ကသိုလ်မှာ စာမေးပွဲတွေ စစ်ဆေးနေချိန်လည်း ဖြစ်ပြီး တကသ ကျောင်း သားတွေအနေနဲ့ ဒါဟာ ဆန္ဒပြခြင်းမျိုး မဟုတ်ပဲ ပညာရေးဥပဒေမူကြမ်းအကြောင်း အားနည်းချက်
တွေကို တက္ကသိုလ်တိုင်းမှာရှိတဲ့ ကျောင်းသူနဲ့ ကျောင်းသားတွေကို ရှင်းလင်းပြချင်လို့ အခုလို လှုပ်ရှားတာလို့ ဆိုပါတယ်။

အမျိုးသား ပညာရေးဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားပြီး သမ္မတက လွှတ်တော် မှာ ပြန်ဆွေးနွေးဖို့ မှတ်ချက်ရေး ပြန်ပို့ထားပါတယ်။

ဒီဥပဒေမူကြမ်းကို ဗကသများ အဖွဲ့ချုပ်နဲ့ တကသတွေက ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်ပြီး ရန်ကုန်နဲ့ တခြားမြို့ကြီးတွေမှာ လှည့်လည် လှုံ့ဆော်နေပေမယ့် ကျောင်းသူနဲ့ ကျောင်းသားတွေရဲ့ ပါဝင်လာမှု အား နည်းနေသေးကြောင်း ဒီနေ့ လှုပ်ရှားမှုတွေပြုလုပ်နေတဲ့ တကသက ပြောဆိုပါတယ်။

DVB

မှတ်ချက်များ