ဝေဘာဂီကူးစက်ဆေးရုံ၌ စစ်ဆေးကုသနေသော အီဘိုလာရောဂါသံသယလူနာအပါအ၀င် ၎င်းနှင့်ထိတွေ့ ဆက်ဆံခဲ့သူလေးဦးတို့တွင် အီဘိုလာရောဂါမရှိကြောင်း ဓာတ်ခွဲအဖြေသိရှိရပြီးနောက် ယနေ့ နံနက်ပိုင်း တွင်ဆေးရုံမှ ဆင်းခွင့်ပြုလိုက်သည်။
‘‘လူနာတွေက ကျန်းမာရေးအခြေအနေကောင်းနေပါပြီ။ သွေးစစ်ဆေးတဲ့အဖြေပဲ စောင့်နေတာပါ။ အဖြေ လည်း မဟုတ်မှန်းသိရတော့ ဆေးရုံက ဆင်းခွင့်ပြုလိုက်တာပါ။ ဒီနေ့မနက်ပဲ ဆင်းခွင့်ပြုလိုက်ပါပြီ’’ဟုကျန်း မာရေးဝန်ကြီးဌာန (နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အီဘိုလာရောဂါသံသယရှိသူ၏ သွေးနမူနာကို ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့ရှိ ဗိုင်းရပ်စ်ဗေဒဓာတ်ခွဲခန်းသို့
ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲနမူနာအဖြေအရ ကူးစက်မြန်အီဘိုလာရောဂါပိုးမရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက စက်တင်ဘာ ၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
7day

မှတ်ချက်များ