ဆက်သွယ်ရေးမှ ဒုတိယအသုတ် ဆင်းမ်ကတ်နှစ်သိန်းခွဲ နှစ်ရက်အတွင်းကုန်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆင်းမ်ကတ်နှစ်သိန်း ကို စက်တင်ဘာ ၁၃ ရက်တွင် ဒုတိယအသုတ်အနေ
ဖြင့် ချထားပေးခဲ့ရာ နှစ်ရက်အတွင်း ကုန်သွားကြောင်း ဈေးကွက်အတွင်းရှိ အရောင်းကိုယ်စားလှယ်ဆိုင်များ ထံမှ သတင်းရရှိသည်။

‘‘ကျွန်မတို့ဆိုင်မှာ ခွဲတမ်းကတ်ရှစ်ရာရတယ်။ နှစ်ရက်ပဲ ရောင်းလိုက်ရတယ် ကုန်သွားပြီ။ နောက်ထပ်ချပေး မယ့်ခွဲတမ်းကိုတော့ ဘယ်နေ့ချပေးမလဲဆိုတာ မသိရသေးဘူး’’ဟု Jountion Square ရှိ Elite Tech အ
ရောင်းဆိုင်မှ တာဝန်ခံတစ်ဦးက ပြောသည်။

ထို့အတူ လသာမြို့အနယ် အတွင်းရှိ ဆမ်ဆောင်းမိုဘိုင်း အရောင်းဆိုင်တွင်လည်း MPT ဆင်းမ်ကတ် ၁၆၀၀ ကို တစ်ရက်တည်းဖြင့် ရောင်းကုန်သွားကြောင်း သတင်းရရှိသည်။

ယခုထပ်မံချထားပေးသည့် ဆင်းမ်ကတ်များမှာ အရောင်း ကိုယ်စားလှယ်ဆိုင်အချို့နှင့် မိုဘိုင်းဖုန်းဆိုင် အချို့တွင် ၀ယ်ယူ ၍ ရသည့်အတွက် ဆင်းမ်ကတ်မရသည့် ပြဿနာများကို အသုံး ပြုသူများအနေဖြင့် ကြုံတွေ့နေရ သလို ဈေးတင်ရောင်းချမှုများ လည်း ရှိနေသေးသည်။

လက်ရှိတွင် ချထားပေးသည့် ဖုန်းကတ်များရောင်းကုန်ပြီဟု အရောင်းဆိုင်များက ဆိုသော်လည်း ပထမအ သုတ်ခွဲတမ်းကတ်သို့ပင် မှောင်ခိုဈေးကွက်တွင် ကျပ်သောင်းဂဏန်းဖြင့် ရောင်းချနေမှုများ ရှိနေဆဲဖြစ် သည်။

‘‘ဆင်းမ်ကတ်တွေကို နောက်တစ်ပတ်ထဲမှာ ထပ်ချပေးသွားမှာဖြစ်တဲ့အတွက် ဒီရက်ပိုင်းလောက်ကို ခဏ
စောင့်ပေးဖို့ ပြောချင်ပါတယ်။ နောက်ပိုင်းမှာလည်း ဈေးကွက်လိုအပ်ချက်ပေါ်မူတည်ပြီး နှစ်ရက်၊ သုံးရက်
ခြားတစ်ခါချသွားဖို့ ရှိပါတယ်’’ ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းစီးပွားရေးဌာနမှ ဒါရိုက်တာ ဦးစောထူးသာ က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် စက်တင်ဘာ ၁ ရက်မှစ၍ ပထမအသုတ်အနေ ဖြင့် ဆင်းမ်ကတ်
ပေါင်း ခုနစ်သိန်း ကို ရောင်းချပေးခဲ့ပြီး ၁၃ ရက် တွင် ဆင်းမ်ကတ်နှစ်သိန်းကို ထပ်မံရောင်းချပေးခဲ့သည့်အ တွက် ယခုလအတွင်း ဆင်းမ်ကတ်ပေါင်းကိုးသိန်းအထိ ရောင်းချပေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။

7day

မှတ်ချက်များ