ဝမ်ဒမင်၊ ကို့ယုလင်နဲ့ လီဟိုင်ဝေတို့ ၃ ဦးဟာ ဟေ
လောင်ကျန်းပြည်နယ် ဟာဘင်မြို့နားက ယန်ရှု မြို့နယ် အကျဉ်းစခန်းကနေ ရဲဝတ်စုံတွေ ဝတ်ဆင်ပြီး စက် တင်ဘာ ၂ ရက်နေ့ မနက်ပိုင်းက ထွက်ပြေးလွတ်
မြောက်ခဲ့တာလို့ နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနမှာ ဖော်ပြခဲ့တာပါ။
သူတို့ထဲက တဦးက သေဒဏ်စီရင်ခံထားရပြီး ၂ ဦးကတော့ တမင်သက်သက် ထိခိုက်နာကျင်စေမှု၊ လူသတ် မှုတွေနဲ့ စွဲချက်တင်ခံရလို့ တရားစီရင်မှုကို စောင့်နေရသူတွေပါ။
ရဲအယောက် ၁ ထောင်ကျော်က လက်နက်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ ရဲဘက်ပြေးတွေကို ရှာဖွေ ဖမ်းဆီးခဲ့ ရတယ်လို့ ဆင်ဟွာက ပြောပါတယ်။
ဖမ်းမိထားတဲ့ ရဲဘက်ပြေး ၂ ဦးကိုတော့ သူတို့ လွတ်ထွက်လာတဲ့ အချုပ်ခန်းကို ပြန်ပို့ပြီးပြီလို့ စီစီတီဗွီရုပ် သံက ပြောပါတယ်။
သေဒဏ်ကျပြီးသား တတိယမြောက် ရဲဘက်ပြေး ကို့ယုလင်ကိုတော့ ဆက်ပြီး ရှာဖွေ နေဆဲဖြစ်ပြီး သူ့အမှုကို တရားရုံးချုပ်က ပြန်လည်သုံးသပ်နေတယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။

DVB

မှတ်ချက်များ