ဆဲလ်ဖုန်းတာဝါများနဲ့ မိုးရေကြီးမှု ကြိုတင်ခန့်မှန်းနိုင်

သင်နေထိုင်တဲ့ နိုင်ငံဟာ တိုးတက်တဲ့နိုင်ငံတစ်ခုဖြစ်တယ်ဆိုရင် မိုးလေဝသခန်းမှန်းတဲ့ စခန်းတွေ ခပ်ကြဲကြဲ သာ ဆောက်ထားကြလို့ စိုးရိမ်မနေပါနဲ့။ ဆဲလ်ဖုန်းသတင်းရယူမှု စနစ်ကောင်းတစ်ခုသာ သင့်မှာလိုအပ်တာ ပါ။ ဘာကြောင့်လဲဆိုတော့ မိုးရေက လေပြင်းမုန်တိုင်းကို ဖြတ်တဲ့ ရောင်ခြည်ကို ပြန့်ကျဲစေသလို စုပ်လည်း စုပ်ယူတဲ့အတွက်ကြောင့် သိပ္ပံပညာရှင်အဖွဲ့တချို့က မိုးရွာသွန်းမှုတိုင်းတာတဲ့ နည်းလမ်းတစ်ခုအနေနဲ့ ဆဲလ်ဖုန်းတာဝါ တစ်ခုနဲ့ တစ်ခုကြား အတက်အဆင်းရှိတဲ့ အချက်ပြလိုင်းအတွက် အပြောင်းအလဲတွေကို
စောင့်ကြည့်နေဖို့ အဆိုပြုခဲ့ကြပါတယ်။

အဲဒီနည်းစနစ်ကို ကွန်ရက်တွေ ကောင်းမွန်စွာ တည်ဆောက်ထားပြီး တာဝါတိုင်တွေ တစ်ခုနဲ့တစ်ခု စိပ်စိပ် ကလေး တည်ဆောက်ထားတဲ့ ဥရောပနိုင်ငံတွေနဲ့အီစအယ်လ်နိုင်ငံမှာ ဆောင်ရွက်ဖို့ ပြတောင်ပြသထားခဲ့ ပါပြီ။

အခုတော့ အဲဒီနည်းစနစ်ဟာ တခြားနေရာတွေထက် တာဝါတိုင်တွေ ကျဲကျဲလေးသာဆောက်ထားတဲ့ အာဖရိကတိုက် အနောက်ဘက်ခြမ်းမှာ အလုပ်ဖြစ်နေကြောင်း လက်တွေ့စမ်းသပ်မှုတစ်ခုက သက်သေပြခဲ့ပါတယ်။

၂၀၁၂ နွေရာသီကာလမှာ ပြုလုပ်တဲ့ အဲဒီစမ်းသပ်မှုမှာ သုတေသနပညာရှင်တွေက Ouagadougou အရှေ့မြောက်ဘက်ခြမ်းမှာရှိတဲ့ ဆဲလ်ဖုန်းတာဝါတိုင်နှစ်ခုကြား တစ်မိနစ်ကို ၂၉ ကီလိုမီတာပတ်လမ်း
ကြောင်း တစ်ခုနဲ့သွားနေတဲ့ 7-gigahertz microwave အချက်ပြလိုင်းစနစ်ကို တိုင်းတာခဲ့ပါတယ်။

အဲဒီတာဝါတိုင်နှစ်ခုကြားမှာရှိတဲ့ မိုးလေဝခန့်မှန်းချက် စခန်းတစ်ခုမှာ မိုးရေ ၅ မီလီမီတာထက် ပိုပြီးကျတဲ့အ ခါ အဲဒီရက်ပိုင်းအတွင်း ၉၅% ရာခိုင်နှုန်းကျဆင်းကြောင်း အချက်ပြတွေက တိုင်းတာရရှိခဲ့ပါတယ်လို့ သုတေ သနပညာသူတွေရဲ့ သတင်းအစီရင်ခံစာအရ သိခဲ့ရပါတယ်။ အချက်ပြလိုင်း ကျဆင်းနှုန်းပမာဏဟာလည်း မိုးလေဝသစခန်းက မိုးရေချိန်ခန့်မှန်းတိုင်းတာချက်တွေနဲ့ အပြန်အလှန် ပတ်သက်ဆက်နွယ် နေခဲ့ပါတယ် လို့ ၎င်းသုတေသနပြုအဖွဲ့က မှတ်ချက်ချပါတယ်။

ဆဲလ်ဖုန်းတာဝါတိုင် အချင်းချင်းချိတ်ဆက်တဲ့ ကွန်ရက်တခုလုံးရှိ အချက်ပြစနစ်တွေက ကမ္ဘာ့လေထုပမာ ဏနဲ့ ၎င်းရဲ့ပြောင်းလဲမှုတွေတိုင်းတာတဲ့ပညာရှင်တွေကို အထောက်အကူ ဖြစ်စေနိုင်ကြောင်းဖော်ပြထားပြီး မိုးရေချိန်တိုင်းတာတဲ့ ကိရိယာတွေ ခပ်ကျဲကျဲမှာသာရှိတဲ့ နေရာဒေသတွေမှာလည်း အထောက်အကူပေး
နိုင်မှာဖြစ်ပြီး ရေလွမ်းမိုးနိုင်တဲ့ အခြေအနေကိုလည်း ကြိုတင်သတိပေးနိုင်မှာဖြစ်တယ်လို့ အဲဒီသုတေသနပြု ချက်ရဲ့ရလဒ်အဖြေတွေက ဖော်ပြနေပါတယ်။

Trend Myanmar

မှတ်ချက်များ