ရခိုင်တွေကတော့ မျှစ်ကို အမျိုးစုံစားကြပါတယ် ..... မျှစ်ချဉ်ကို ငရုတ်သီးစိမ်းလေးတွေ ညှပ်ထည့်ပြီး ငပိနည်းနည်းနဲ့ ဆီနဲ့ လုံးချက်တာမျိုး ၊ အပ်တွေနဲ့ခြစ် ပြီး အမျှင်လေးတွေကြော်စားတာမျိုး ၊ သုပ်တာမျိုး ၊ မျှစ်လုံးကို အဆုံးထိကွဲအောင် မစိတ်ဘဲ ပုစွန်နိုင်း ချင်းထည့်ပြီး ငရုတ်သီးခြောက်ထောင်းအနှစ်နဲ့ စိမ်း စားငပိရေဖျော်ထည့် ဆီထည့်ပြီး ချက်တာမျိုး ၊ ဝါးပိုးဝါးမျှစ်စိမ်းကို ပြုတ်ပြီး ပုစွန်နဲ့ချက်တာမျိုး ၊ မျှစ်အစိမ်းလေးတွေကို တရေပြုတ်ပြီး မြောင်ခရုနဲ့ ဟင်းရည်ချိုချက်တာမျိုးးးး ၊ အတို့အမြှုပ်အနေနဲ့ စား တာမျိုးတွေရှိပါတယ် .....
ဒီလို မိုးဦးကျချိန်တွေမှာ ဝါဆိုသင်္ကန်းကပ်ပွဲ ၊ ဆွမ်းကျွေးအလှူ ၊ ရဟန်းခံ ရှင်ပြုတွေမှာဆို မျှစ်ဟင်းကပွဲ တိုင်းလိုလိုပါတတ်ပါတယ် ......
မျှစ်ချဉ်ကို အစိတ်သေးလေးတွေစိတ် ငရုတ်သီးစိမ်းနဲ့ ဆီလေးထည့် ပုစွန်ဟင်းမြိုးလေးတွေနဲ့ချက်ထား တာ ရယ် ၊ ငါးခြောက်ကို ငပိချက် (ဒါမှမဟုတ်) မွှအောင်ခြွေပြီး ငရုတ်သီးစိမ်းထောင်းနဲ့ ဆီနဲ့ (ဒလှိမ့်) မွှေချက် ချက်ထားတာရယ် ၊ ကင်ပွန်းချဉ် (ဒါမှမဟုတ်) သပြုသီး ချဉ်ဟင်းရယ် ၊ ဝက်သားဟင်းရယ် ၊ ငပိချက်နဲ့ ခရမ်းသီဒပြုတ် ၊ ပေါက်ပန်းဖြူပြုတ် ၊ သခွါးသီး ၊ ပဲပင်ပေါက်ပြုတ် ၊ မြင်းခွါရွက်စတဲ့ အတို့အမြှုပ်အစုံရယ်၊ ဒါတွေက ပွဲစာတွေပါ ......
ဒီနေ့တော့ လက်ထဲမျှစ်ရှိနေတာနဲ့ ငစင်ရိုင်းခြောက်လေးထည့်ပြီး ပွဲမှာချက်သလိုချက်လိုက်ပါတယ် ......
အစားအစာကမ္ဘာ

မှတ်ချက်များ