သမီးရည်းစားချင်း စကားများရာမှ ချစ်သူမိန်းကလေးကို ဓားဖြင့်ထိုးသတ်ပြီး မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု လှိုင်မြို့နယ်တွင်ဖြစ်ပွား

သမီးရည်းစားချင်း စကားများရာမှ ချစ်သူမိန်းကလေးကို ဓား
ဖြင့်ထိုးသတ်ပြီး မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု စက် တင်ဘာ ၅ ရက်နံနက်ပိုင်းက လှိုင်မြို့နယ်တွင် ဖြစ်ပွား ခဲ့ကြောင်းမှုခင်းသတင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ်သည် လှိုင်မြို့နယ်၊ အင်းစိန်လမ်းမနံဘေး ဖွင့်လှစ်ထားသော ကုမ္ပဏီတစ်ခု၏ ရေချိုးခန်းအတွင်း ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယင်းကုမ္ပဏီဝန်ထမ်းဖြစ်သူ မင်္ဂလာဒုံမြို့နယ်နေ မ……… (၂၃)နှစ်နှင့် ၎င်း၏ရည်းစားဖြစ်သော စမ်းချောင်းမြို့နယ်နေ ကို ……….. (၂၃) နှစ်တို့သည် အဆိုပါ ကုမ္ပဏီ၏ ရေချိုးခန်းအတွင်း စကားများ ရန်ဖြစ်နေကြောင်း၊ တံခါးကိုလည်းအတွင်းမှ ချက်ထိုးပိတ်ထားကြောင်း သိရသည်။

ထိုစဉ် မ………၏ အော်သံကို ကြားရသဖြင့် ကုမ္ပဏီဝန်ထမ်းတစ်ဦးမှ လှိုင်မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အတွင်းမှ အသံများ မကြားရတော့သဖြင့် တံခါးချက်အား ဖျက်ဆီး ၀င်ရောက်ခဲ့သည်။

အခန်းအတွင်း၌ ၀ဲဘက်နံစောင်းနှင့် ၀ဲဘက်ရင်အုံတို့တွင် ထိုးသွင်းဒဏ်ရာများ၊ လက်ဖ၀ါးနှင့် ဘယ်လက်
ကောက်ဝတ်တို့တွင် ပြတ်ရှဒဏ်ရာများရရှိလျက် သေဆုံးနေသော မ………နှင့် ၀ဲဘက်လက်ဖျံရှိ သွေး
ပြန်ကြောအား မိမိကိုယ်ကိုယ်ဓားဖြင့် လှီးဖြတ်ကာ လဲကျနေသည့် ကို………..ကို တွေ့ရှိခဲ့ပြီး ၎င်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကို………သည် အဆိုပါ ကုမ္ပဏီ၏ ၀န်ထမ်းဟောင်းတစ်ဦး ဖြစ်ခဲ့ကြောင်းသိရပြီး ပြစ်မှုကျုးလွန်စဉ် အသုံးပြုခဲ့သည်ဟု ယူဆရသော အရိုးအသွား ၁၁ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်း ရေချိုးခန်းအတွင်း သိမ်းဆည်းရမိခဲ့ကြောင်း မှုခင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ကို………အား လှိုင်မြို့မရဲစခန်းက (ပ) ၄၇၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၃၀၉
ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

Eleven

မှတ်ချက်များ