သင်ခဲ့သည့်ပညာနှင့် အံလွဲနေသော ရပ်တည်မှုအခွင့်အလမ်းများ

၁။ နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် လုပ်သားများကိုအလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က တွေ့ဆုံနှုတ်ဆက်စဉ်။
နှစ်စဉ် လူဦးရေ ၁ ဒသမ ၁ ရာခိုင်နှုန်းတိုးမြင့်လာတိုင်း အလုပ်လက်မဲ့ဦးရေတစ်သန်းကျော် နှစ်စဉ် တိုးပွား
မြင့်မားလျက် ရှိနေသည်။

စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့၌ပင် တစ်နှစ်လျှင် အလုပ်အကိုင်ပေါင်း ၂ဝ,ဝဝဝ ခန့် လိုအပ်လျက် ရှိနေသည်။

မကြာသေးမီက ဒဂုံတက္ကသိုလ်၌ ဓာတုဗေဒဘာသာရပ်နှင့် ဘွဲ့ရခဲ့သည့် မဆုမွန်ဖြိုးအတွက် အလုပ်အကိုင် ရရှိဖို့ တော်တော်လေး ခက်ခဲခဲ့သည်။ မည်ကဲ့သို့ အလုပ်မျိုးကို လျှောက်ရမည်ဆိုသည်ကိုလည်း သူမစဉ်းစား တတ်ခဲ့ပေ။ အလုပ်ရလျှင် ကျေနပ်ပြီဟူသောအတွေးဖြင့် တွေ့ရာအလုပ်များကို လျှောက်ခဲ့သည်။ တစ်နှစ် သာ ကြာသွားသည်။ မည်သည့်လုပ်မျှ မရရှိခဲ့ပေ။

”ကျွန်မနဲ့ ကျောင်းအတူတက်ခဲ့တဲ့သူငယ်ချင်းတွေ အရောင်းမြှင့်တင်ရေးပိုင်းမှာ လုပ်နေကြတယ်။ အရမ်း
ကောင်းမွန်တဲ့အလုပ်တွေတော့ မဟုတ်ကြပါဘူး” ဟုအသက် ၂၁ နှစ်ရှိ မဆုမွန်ဖြိုးက ပြောသည်။

တက္ကသိုလ်များနှင့် အခြားအသက်မွေးဝမ်းကျောင်း ဘာသာရပ်များကို သင်ယူခဲ့ကြသော ကျောင်းသား ၊
ကျောင်းသူများသည် လုပ်ငန်းခွင်များတွင် အသုံးချလုပ်ကိုင်ခွင့်ရရန်မှာ အဓိက ပြဿနာတစ်ရပ်ဖြစ်နေ သည်။

Career Development Consultancy Co.,Ltd (CDC) မှ ဒါရိုက်တာ ဦးလင်းကျော်ထွန်းက ”အလုပ်အကိုင်
ခေါ်ယူမှုက အနည်းဆုံး ၅ဝ ရာခိုင်နှုန်းလောက်အထိ တက်လာတယ်။ အထူးသဖြင့် စီမံ ခန့်ခွဲမှုအပိုင်းတွေ ပိုများတယ်။ အောက်ခြေဝန်ထမ်းအဆင့်မှာတော့ ဝင်လိုက်၊ ထွက်လိုက်ဆိုတော့ ပုံမှန် အတိုင်းပဲ ရှိနေပါ တယ်။ စီမံခန့်ခွဲမှု အဆင့်တွေကို လစဉ် ပုံမှန် ၁ဝ နေရာလောက်ကနေ ၃ဝ လောက်အထိ ခေါ်ယူမှုတွေ ရှိနေတယ်”ဟု ပြောသည်။

အလုပ်ခေါ်ယူမှုများတွင် အတွေ့အကြုံမရှိသည့် အခြေခံအဆင့်၊ အတွေ့အကြုံရှိသည့် လုပ်သား အဆင့်၊ အတွေ့အကြုံရှိကျွမ်းကျင်အဆင့်နှင့် စီမံခန့်ခွဲမှု ကျွမ်းကျင်အဆင့်ဟူ၍ အမျိုးအစားအလိုက် ခေါ်ယူ မှုများ ရှိကြောင်း သိရသည်။

အလုပ်အကိုင် ခေါ်ယူမှုများမှာလည်းမြင့်တက်နေပြီး အထွေထွေလုပ်သားမှလွဲပြီး ယာဉ်မောင်းပင်လျှင် ဘွဲ့ရ ရှိထားရန်လိုအပ်လာကြောင်း၊ ကုမ­္ပဏီများမှ အဆင့်မြင့်ရာထူးများအတွက် MBA နှင့် နိုင်ငံခြားဘာသာ စကား တတ်ကျွမ်းထားသူများကိုသာ ခေါ်ယူလာကြကြောင်း သိရသည်။


အခြေခံပညာများကို မူလတန်းအရွယ် ကလေးဘဝကတည်းက စတင်သင်ယူမှတ်သားကြရသည်။

MHR သင်တန်းကျောင်းအုပ်ကြီးဆရာဦးအေးကျော်က ”ဟိုအရင်တုန်းကလို အရည်အချင်းရှိတဲ့ တက္ကသိုလ် ဘွဲ့ရတွေထွက်လာပေမယ်လို့ သိပ်မထူးခြားဘူး။ ဘာလို့ဆို ဆရာကိုယ်တိုင် အလုပ်အင်တာဗျူးတွေ လုပ်တဲ့နေရာမှာ ကိုယ်ရတဲ့ဘွဲ့ကိုတောင် မှန်အောင် မပေါင်းတတ်ကြဘူး။

ကိုယ်ရေးရာဇဝင်ဖြည့်တဲ့ နေရာမှာ လည်း genter တို့ နေရာမှာ ယောက်ျားလေးတွေက Mail လို့ ဖြည့်ကြ တယ်။ ယောက်ျားဆိုတာ Male ဆိုတာ မသေချာကြဘူး”ဟု ပြောသည်။

၂ဝ၁၃ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များတွင် ဝင်ခွင့်ပြုရန်လျာ ထားခဲ့သောဦးရေမှာ ၂၅,၄၆ဝ ဦးဖြစ်ပြီး တက်ရောက်ခွင့်ရခဲ့သည့် ဦးရေမှာ ၂၂,၉၉၃ ဦးသာ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အရေအတွက်သည် ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းအောင်ချက် ၃၄ ရာခိုင်နှုန်း ထဲမှ တက်ရောက်ခွင့်ရသူ ဦးရေဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ လေးသိန်းမှ ခြောက်သိန်းဝန်းကျင်ရှိနေပြီးအောင်
ချက်ရာခိုင်နှုန်းမှာ၃ဝ မှ ၃၆ ကြား ရှိနေသည်။

၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် တစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁,၂၇၈ ခု၊ နိုင်ငံခြား စာစစ်ဌာန ၁၈ ခုနှင့် စုစုပေါင်းစာစစ်ဌာန ၁,၂၉၆ ခု ရှိခဲ့ပြီး မျက်မမြင်ကျောင်းသူ၊ ကျောင်းသား ၂၃ ဦး၊ ဆွံ့အနားမကြား ကျောင်း သား၊ ကျောင်းသူ၂၂ ဦးတို့နှင့် ဆေးကုသမှုခံယူနေရသူများအတွက် သက်ဆိုင်ရာ ဆေးရုံစာဖြေဌာန များ၊ အကျဉ်းကျခံရသူများအတွက် အင်းစိန်အကျဉ်းဦးစီးဌာနရှိ စာဖြေဌာနခွဲများ အပါအဝင် ဝင်ရောက် ဖြေဆို ခဲ့သူ စုစုပေါင်း ၄၈၇,ဝဝဝ ကျော်ရှိခဲ့ကြောင်း သိရသည်။

ထိုအထဲမှ ဝန်ကြီးဌာန ၁၂ ခုတွင်တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်း ၁၆၉ ကျောင်းရှိပြီး (သာသ နာရေးဝန်ကြီးဌာနမှ တက္ကသိုလ် သုံးကျောင်းနှင့်ကာကွယ်ရေးဝန်ကြီးဌာနမှ တက္ကသိုလ်ခြောက်ကျောင်း စုစုပေါင်း ကိုးကျောင်းမှအပ)တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူများသည် တက္ကသိုလ်၊ ဒီဂရီကော လိပ်၊ ကောလိပ်ပေါင်း ၁၆ဝ သို့ တက်ရောက်ကြကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနမှ သိရသည်။

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် သက်ဆိုင်ရာပညာရပ်များကို ဆည်းပူးသင်ယူကြမည့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ။
အများစုမှာ ရိုးရိုး မေဂျာဘာသာရပ်များကို တက်ရောက်နေကြပြီး တိုက်ရိုက်အသုံးချနိုင်သည့် ပညာရပ်မ ဟုတ်သည့်တိုင် ဘွဲ့တစ်ခု ရှိထားမှသာ အလုပ်အကိုင် လျှောက်ထားနိုင်မည်ဖြစ်သောကြောင့် လက်မှတ် ရရှိထားရန်ဖြစ်ကြောင်း သိရသည်။

ထို့အတူ အခြားသော အသက်မွေးဝမ်းကျောင်းမှု ဘာသာရပ်များကို သင်ယူခဲ့သည့်တိုင် သက်ဆိုင် သည့် လုပ်ငန်းခွင်များတွင် အသုံးချလုပ်ကိုင်ခွင့်ရရန်နှင့် ရပ်တည်နိုင်ရန် အခက်အခဲ အတားအဆီးများရှိ ကြောင်း လည်း သိရသည်။

စံတော်ချိန် သတင်းစာတွင် သတင်းထောက်အဖြစ် လုပ်ကိုင်နေပြီး ဥပဒေ(မဟာ)ဘွဲ့ရရှိထားသူ မအိပြည့်
ပြည့်ထွန်းက ”ဒီဘွဲ့က တရားသူကြီးဖြစ်နိုင်တယ်။ ရှေ့နေဖြစ်နိုင်တယ်။ ကျူတာပြန်လုပ်လို့ရတယ်။

ကျူတာကလည်း နှစ်တိုင်းခေါ်တာမဟုတ်ဘူး။ ကိုယ်စောင့်နေတဲ့ အချိန်တုန်းက မခေါ်ခဲ့ဘူး။ နောက် တရား သူကြီးတို့၊ အစိုးရရှေ့နေတို့၊ ဥပဒေအရာရှိတို့ အစိုးရစာမေးပွဲတွေကို ဝင်ဖြေခဲ့ပါတယ်။ တကယ်တမ်းကျ
တော့ ရေးဖြေမှာ အောင်မြင်ခဲ့ပေမယ့် နှုတ်ဖြေကျတော့ အရင်အစိုးရလက်ထက်မှာက နှုတ်ဖြေဆိုရင် နည်း နည်းလိုက် ရတာ ရှိတယ်။

”အဲဒီလိုမျိုးလည်း မလိုက်နိုင်ခဲ့လို့ယူထားတဲ့ပညာရပ်နဲ့ မဆိုင်တဲ့အလုပ်ကိုရွေးချယ်ခဲ့ရတယ်။ အခုအလုပ်က ကိုယ်သင်ထားတဲ့ ပညာနဲ့တော့ သက်ဆိုင်မှု မရှိဘူး။ ဂျီတီစီ(civil) လိုချင်တာပေါ့။ အမှတ် မမီလို့ မယူခဲ့ရ ဘူး။ တခြား ဂျီတီစီမေဂျာတွေကိုလည်း မယူချင်လို့ ဥပဒေကို ယူခဲ့တာ”ဟု ပြောသည်။

သာမန်ဘာသာရပ်များဖြင့် အသက်မွေးဝမ်းကျောင်းမှု အလုပ်အကိုင်ကောင်းရရန် မလွယ်ကူသဖြင့် ဥပဒေ ဘွဲ့ကို ခြောက်နှစ်ကြာသင်ယူခဲ့သည့်တိုင် ဘဝရပ်တည်မှုအတွက် အသုံးချခွင့် မရရှိခဲ့ကြောင်းလည်း ၎င်း က ပြောသည်။

ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်တွင်ပထမနှစ် ဘူမိဗေဒ တက်ရောက်သင်ယူနေသည့် ကိုကျော်သူရ က ”ကျွန်တော်ကစီးပွားရေးတက္ကသိုလ်တက်ချင်တာ။ အမှတ်မမီလို့ မယူရတာပါ။ ၃၃၇­ မှတ်နဲ့ အောင် ထား တယ်။ ဒီမေဂျာက ပြည်တွင်းမှာအလုပ်မရှိတာတော့ မဟုတ်ပါဘူး။ ရိုးရိုး­ BSc နဲ့ပြီးရင်တော့ အလုပ် နည်း နည်းရှားတယ်။ MSc ဆိုရင်တော့ အလုပ်ကောင်းတယ်။ နောက် ပြည်ပမှာ အလုပ်သွားလုပ်လို့လည်း ရ တယ်။ မေဂျာမှာ ကျောင်းသားအရေအတွက်က များပါတယ်။ ဒီနှစ်မှာမိန်းကလေးတွေပါ တက်တာများ လာတယ်။

”ကျွန်တော့အနေနဲ့ MSc နဲ့ ကျောင်းပြီးအောင်လုပ်ပြီး စင်ကာပူမှာ အလုပ်လုပ်ချင်တယ်။ ပြည်တွင်းမှာ အဆင်ပြေရင်လည်း လုပ်ချင်ပါတယ်။ ကျောင်းမှာ ဆရာမတွေ ပြောတာတော့ ရေနံကုမ္ပဏီတွေ၊ နောက်
ဆောက်လုပ်ရေးလုပ်ငန်းတွေမှာအလုပ်ရနိုင်တယ် ပြောပါတယ်။

ပြောရရင်အဆောက်အအုံတွေ မဆောက်ခင် မြေကြီးရဲ့ ခံနိုင်ရည်အားကို ကြိုတင်တွက်ချက်တာမျိုးပေါ့။ တချို့ကျတော့လည်း ရိုးရိုးဘွဲ့နဲ့ပြီးပြီး အလုပ်အကိုင်က ပြည်ပမှာ ထွက်လုပ်နေတာတော့ ရှိပါတယ်”ဟု
ပြောသည်။

ဘဝရပ်တည်ရန် အသက်မွေးဝမ်းကျောင်းမှုအဖြစ် အထည်ချုပ်လုပ်ငန်းတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေ သူများ။
၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် နှစ်စဉ် လူဦးရေ ၁ ဒသမ ၁ ရာခိုင်နှုန်းတိုးတိုင်း နှစ်စဉ် အလုပ်လက်မဲ့တစ်သန်းကျော် တိုးပွားနေကြောင်း ယခင်အလုပ်သမား ဝန်ကြီး ဌာန ဒုတိယဝန်ကြီးဦးမြင့်သိန်းက ပြောကြားသည်။

ရန်ကုန်မြို့၌ပင် တစ်နှစ်လျှင် အလုပ်အကိုင်ပေါင်း ၂ဝ,ဝဝဝ ခန့် လိုအပ်လျက်ရှိကြောင်း မြို့ပြစီမံကိန်း အကြံပေးပညာရှင်ဒေါက်တာကျော်လတ်က မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းနှင့် သက် ဆိုင် သည့် ပြည်သူများနှင့် ပထမအကြိမ် တွေ့ဆုံညှိနှိုင်းအစည်းအဝေးတွင်ထုတ်ဖော်ပြောကြားသည်။


အထည်ချုပ်လုပ်ငန်းတွင် လုပ်ကိုင်နေကြသူအများစုမှာ ပညာရပ်အမျိုးမျိုးကိုကျောင်းအသီးသီးမှ သင်ယူ တတ်မြောက်လာကြသူများဖြစ်သည်။

၂ဝဝ၉-၂ဝ၁ဝ စာရင်းများအရ သန်း ၆ဝ နီးပါးရှိပြီး ၆၁ ရာခိုင်နှုန်း အလုပ်လုပ်နိုင်သော လူဦးရေဖြစ်ပြီး အမှန် တကယ် အလုပ်လုပ်သူ ဦးရေ သန်း ၃ဝ ကျော်သာ ရှိကြောင်း သိရသည်။

ထိုအထဲတွင် သုံးသန်းကျော်မှာရွှေ့ပြောင်းလုပ်သားအဖြစ် နိုင်ငံခြားတွင်သွားရောက် အလုပ်လုပ်ကိုင် နေပြီး ခုနစ်သိန်းခန့်သာ တရားဝင် သွားရောက်ခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံ၌ အလုပ်သမားရုံး ၇၇ ရုံးတွင် အလုပ်အကိုင် အခွင့်အလမ်းကြော်ငြာများ ကပ်ထားပေး သွားမည် ဟုဆိုပြီး အဆိုပါရုံးများ၌ အလုပ်အကိုင် လျှောက်ထားနိုင်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။



ရဲလင်းထွဋ်၊ ဟန်နီ | The trade times

မှတ်ချက်များ