မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့ မှ အသက်(၂၀) အရွယ် အမျိုးသမီး တစ်ဦးအား ပြင်ဦးလွင်မြို့ တွင် အိမ်
ဖော်အလုပ်လုပ် ရမည်ဟု လိမ်လည်ပြောဆို ခေါ်ဆောင်သွားပြီး တရုတ်နိုင်ငံ ရွှေလီမြို့ သို့ ပို့ ဆောင်ကာ တရုတ်ယောက်ျားထံ ရောင်းစားရန် ဆောင်ရွက် ကြသော ဇော်ဦးပါ လေးဦးတို့ အား ယခုလ ၁၄ ရက်တွင် မူဆယ်မြို့ မ ရဲစခန်းက လူကုန်ကူးမှုဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
မင်းဘူးမြို့ မှ အသက်(၂၀) အရွယ် မ----သည် လွန်ခဲ့သော ၁၀ရက်ခန့် က မင်းဘူးမြို့ တမာတန်း ရပ်ကွက်
နေပန်းရန်ဆရာ ဇော်ဦး (ခ) အောင်ဇော်ဦးထံတွင် ပန်းရန် အလုပ်သမ အဖြစ် ၀င်ရောက် လုပ်ကိုင်ခဲ့ရာ သုံး/လေးရက်ခန့်  အကြာတွင် ဇော်ဦး၏ ဇနီး မိုးမိုးခင်က ပြင်ဦးလွင်တွင် အိမ်ဖော် အလုပ်လုပ်ရမည်၊ တစ် လငွေကျပ် ၉၀၀၀၀ ရရှိမည် ဆိုသဖြင့် အိမ်ဖော်လုပ်ရန် သဘောတူခဲ့ကြောင်း၊ မိုးမိုးခင်က တစ်နှစ်စာ လုပ်ခ လစာ ကြိုတင်ငွေဟု ပြောကာ ငွေကျပ်လေးသိန်း ထုတ်ပေးကြောင်း၊ ယခုလ ၁၀ရက် ည ၇ နာရီတွင် ဇော်ဦး တို့ လင်မယားက အလုပ်ရှိရာသို့  ပို့ ဆောင်ပေးမည်ဟု ပြောကာခေါ်၍ လိုက်ပါခဲ့ကြောင်း၊ မကွေးကားဂိတ် အရောက်တွင် အသက်(၄၀)ခန့် ရှိ မစံပယ်ဆိုသူ အမျိုးသမီးနှင့် ထပ်မံတွေ့ ရှိကြောင်း၊ ၄င်းတို့ လေးဦး
ပြင်ဦးလွင်သို့  ထွက်လာရာ နောက်နေ့ နံနက် ၄နာရီတွင် ရောက်ရှိပြီး တည်းခိုခန်း တစ်ခုတွင် တည်းခိုနေစဉ် မစံပယ်က ဖုန်းဖြင့် ဆက်သွယ်ကြောင်း၊ ဖုန်းပြောသံ အရ ၄င်းတို့ ရောက်နေ၍ လာခေါ်ရန် ပြောပြီး တစ်နာရီခန့်  အကြာတွင် အဖြူရောင် ကားတစ်စီး ရောက်ရှိလာပြီး ယာဉ်မောင်းဖြစ်သူနှင့် မစံပယ်တို့  တရုတ်ဘာသာ စကားဖြင့် ပြောဆိုကြကြောင်း၊ ထိုနောက် အဆိုပါ ကားဖြင့် ၄င်းတို့ လေးဦး ဆက်ထွက်ခဲ့ရာ ယခုလ ၁၂ ရက် နံနက် ၃ နာရီတွင် မူဆယ်သို့  ရောက်ရှိခဲ့ကြောင်း၊ ဆက်လက်၍ သံတိုင်များ ကာရံထား
သော ခိုးပေါက်ဟု ပြောသည့် နေရာမှ ၄င်းတို့ လေးဦး ၀င်ရောက် ခဲ့ကြောင်း၊ မစံပယ်က အမိုးအကာ မပါသည့် သုံးဘီးတစ်စီး ငှားကာ တံတား တစ်ခုကို ဖြတ်သန်း၍ နာရီဝက်ခန့် စီးရပြီးနောက် တည်းခိုခန်း တစ်ခုသို့ ရောက်ရှိခဲ့ကြောင်း၊ တည်းခိုခန်းတွင် အမျိုးသမီးကြီး တဦးနှင့် အမျိုးသမီးငယ် နှစ်ဦးတို့ အား
တွေ့ ရကြောင်း၊ အမျိုးသမီးကြီး တစ်ဦးမှာ မိုးမိုးခင်၏ ညီမဟု သိရကြောင်း၊ နောက်တစ်နေ့  ဇော်ဦးတို့  လင်မယားနှင့် အမျိုးသမီးကြီးတို့ မရှိခိုက် အမျိုးသမီးငယ် နှစ်ဦး၏ ပြောပြချက်အရ တရုတ်ယောက်ျား ယူရမည်၊ ကလေးတစ်ယောက် မွေးပေးရမည်၊ ငွေတစ်ပုံခွဲ ရမည်ဟု ပြော၍ သိရှိရကြောင်း၊ ယခုလ ၁၄ရက် နံနက် ၈ နာရီခန့် တွင် ဇော်ဦးတို့  လင်မယား ပြန်သွားကြောင်း၊ နေ့ လည် ထမင်းစားပြီး အားလုံး အိပ်ပျော်
နေချိန်တွင် တည်းခိုခန်းမှ ထွက်ပြေးခဲ့ပြီး ဗမာလူမျိုး တစ်ဦး၏ အကူအညီဖြင့် ခိုးပေါက်မှ တစ်ဆင့် မြန်မာနိုင် ငံ ဘက်သို့  ပြန်လာခဲ့ကြောင်း၊ ထိုနောက် မူဆယ် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ ထံသွားရောက်
တိုင်တန်းခဲ့ကြေင်း သိရသည်။
လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့  အမှတ်(၁၇) တပ်ဖွဲ့ စု မူဆယ်၏ တွေ့ ဆုံ မေးမြန်း ချက်များအရ
ပြင်ဦးလွင်မြို့ တွင် အိမ်ဖော် အလုပ်လုပ် ရမည်ဟု လိမ်လည်ပြောဆို ခေါ်ဆောင် သွားပြီး တရုတ်နိုင်ငံ
ရွှေလီမြို့ သို့  ပို့ ဆောင်ကာ တရုတ် ယောက်ျားထံ ရောင်းစား၍ ခေါင်းပုံဖြတ်ရန် ဆောင်ရွက် ခဲ့ကြောင်း စိစစ်တွေ့ ရှိရသဖြင့် ဇော်ဦးပါ လေးဦးတို့ အပေါ် ဥပဒေအရ အရေးယူပေးရန် တပ်ဖွဲ့ စု (မူဆယ်)က တရားလို ပြုလုပ် တိုင်တန်း သဖြင့် မူဆယ်မြို့ မ ရဲစခန်းက ယခုလ ၁၄ ရက် ညတွင် (ပ) ၂၂၉/၂၀၁၄၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၈(က)/ ၃၂ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
အမှုမှ တရားခံ လေးဦးအနက် ဇော်ဦးတို့ လင်မယားအား ဖမ်းဆီးရမိပြီး ကျန်တရားခံ နှစ်ဦးမှာ တရုတ်နိုင်ငံ သားများနှင့် အိမ်ထောင်ကျကာ တရုတ်နိုင်ငံတွင် နေထိုင်သဖြင့် ဖမ်းဆီးရမိရေး တပ်ဖွဲ့ စု (မူဆယ်)က တရုတ်နိုင်ငံ ရွှေလီနယ်စပ် ဆက်ဆံရေးရုံးနှင့် ဆက်သွယ်ဆောင်ရွက် လျက်ရှိသည်။
လူကုန်ကူးခံရသူ မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့ မှ မ---- အား မူဆယ်မြို့  လူကုန်ကူးခံရသူများ ယာယီ စောင့်ရှောက်ရေး ဂေဟာသို့ အပ်နှံထားရှိပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည် အပ်နှံရန် စီစဉ် ဆောင်ရွက်နေကြောင်း သိရသည်။
မင်းမင်းလတ် (မန်းတက္ကသိုလ်)
ပင်မ
/
တရုတ် ယောက်ျားနှင့် ပေးစားရန် တည်းခိုခန်း၌ ခေတ္တထားစဉ် အမျိုးသမီး တစ်ဦး ထွက်ပြေး လွတ်မြောက်လာ

မှတ်ချက်များ