![]() |
| ထူးကုမ္ပဏီအုပ်စုဥက္ကဋ္ဌဦးတေဇက တပ်နယ်အားကစားကွင်းအား လွှဲပြောင်းပေးအပ်နေစဉ် (ဓာတ်ပုံ−Htoo FB) |
‘‘တရုတ်နိုင်ငံGDZRကုမ္ပဏီ နဲ့ ပူးပေါင်းလှူဒါန်းခဲ့ခြင်းက ကောင်းမွန်တဲ့ နှစ်နိုင်ငံဆက်ဆံရေးတည်ဆောက်
ရာမှာ အ ထောက်အပံ့ဖြစ်စေနိုင်သလို ပ ညာရေး၊ ကျန်းမာရေးကဏ္ဍများ တိုးတက်လာစေရန် တစ်ဖက်က တတ်နိုင်သမျှဆောင်ရွက်နေသ ကဲ့သို့ အားကစားကဏ္ဍကိုတိုး တက်လာစေရန်အတွက်လည်း ယခုလိုလှူ ဒါန်းရခြင်းဖြစ်ပါ တယ်’’ဟု ထူးကုမ္ပဏီများအုပ်စုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အားကစားဖွံ့ဖြိုးတိုးတက် စေရန်အခြေခံအဆောက်အအုံ မြှင့်တင်လိုသည့်ရည်ရွယ်ချက်နှင့် တရုတ်-မြန် မာနှစ်နိုင်ငံချစ်ကြည် ရေးရင်းနှီးမြှုပ်နှံမှုကို ပြသရန်ရည် ရွယ်၍ အဆိုပါတပ်နယ်အားက စားကွင်းကိုတည်
ဆောက်ခဲ့ခြင်း ဖြစ်ပြီး အားကစားကွင်း၌ အလျား ၁၀၅ မီတာ၊ အနံ ၈၆မီတာရှိ ဘောလုံးကွင်းတစ်ကွင်း၊ မီတာ ၄၀၀ပြေးလမ်း ရှစ်လမ်းပါနိုင်ငံတ ကာအဆင့်မီရော်ဘာပြေးလမ်း၊ မီးလင်းတိုင် ၁၀တိုင်၊ အ၀ီစိတွင်း၊ ပတ်လည်ရေနုတ်မြောင်း၊ မြက် ခင်းရေဖျန်းစနစ်၊ ခြံစည်းရိုး၊ရေ စင်တို့ပါဝင်ပြီးအမေရိကန်ဒေါ် လာနှစ်သန်း ခန့်အကုန်အကျခံ ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ် သည်။
ထူးကုမ္ပဏီအုပ်စုဥက္ကဋ္ဌဦး တေဇက အားကစားကွင်းဆက် လက်မွမ်းမံထိန်းသိမ်းနိုင်ရန် ကျပ်သိန်းတစ်ရာနှင့် တပ်နယ်အား ကစားကွင်းလွှဲပြောင်းခြင်း အခမ်းအနားကို စက်တင်ဘာ ၅ရက်တွင်ကျင်းပခဲ့ပြီး ပန်းပွားအက
ဖြင့် လာရောက်ဖျော်ဖြေသည့် ကျောင်းသားကျောင်းသူများအတွက် ငွေကျပ်သိန်းငါးဆယ် လှူဒါန်းခဲ့
ကြောင်း သတင်းရရှိသည်။
7day

မှတ်ချက်များ