![]() |
| မြို့နယ်သံဃဂိုဏ်းပေါင်းစုံအဖွဲ့နှင့် တိုင်းဒေသကြီးတာဝန်ရှိသူများလိုက်လံစစ်ဆေးနေစဉ် ဓာတ်ပုံ−သန့်ဇင် |
ဆေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရ ရှိသည်။
စက်တင်ဘာ ၁၄ ရက်တွင်ပဲခူးမြို့ရှိ သံဃဂိုဏ်းပေါင်းစုံအဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့က ဈေး၊ ဘူတာရုံနှင့် မြို့နေရာအများအ ပြားတွင် လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ စက်တင် ဘာ ၁၂ ရက်က ပဲခူး မြို့ဘူတာရုံ ၌ သံဃာအတုအယောင်နှစ်ပါး သည် နေ့ဘက်တွင် အရက်များ သောက်၍ ပိုက်ဆံတောင်းမှု များ ပြုလုပ်နေပြီး ညဘက်တွင် လူဝတ်လဲကာ နေထိုင်နေကြသည်။ ထိုသို့ နေထိုင်နေသောကြောင့် တစ်ပါး ကို လူဝတ်လဲကာ အရေးယူမှုများ ပြုလုပ်ထားပြီး ကျန်တစ်ပါးသည် စိတ်မနှံ့သူဖြစ်သောကြောင့် လူ ၀တ် လဲပေးခဲ့ကြောင်း ပဲခူးမြို့၊ သံဃနာယကဥက္ကဋ္ဌ၊ ဥဿာသီရိ ကျောင်းတိုက်ဆရာတော် ဦးဝံဏ္ဍိ တက မိန့် သည်။
‘‘မြို့အကုန်လိုက်စစ်ဆေး တယ်။ သံဃာအတုအယောင်တွေ တော့ မတွေ့ဘူး။ လိုက်ပြီးအလှူ ခံနေတဲ့ ဘုန်းကြီးတွေတွေ့တယ်။ သူတို့ကို ဘယ်ကျောင်းတိုက်က လဲ မေးတယ်။ ကျောင်းတိုက်ဆရာတော်ကို လှမ်းခေါ်ပြီး သူ့ကျောင်း က ဟုတ်၊မဟုတ်မေးတယ်။ သူ့ ကျောင်းက ဟုတ်တယ်၊ သံဃာ ဟုတ်တယ်ဆို ရင် ခေါ်သွားခိုင်းပါ တယ်’’ဟု ဆရာတော်ဦးဝံဏ္ဍိတ က မိန့်သည်။
အဆိုပါသံဃာအတုအ ယောင်များ စစ်ဆေးဖမ်းဆီးခြင်း များကို ယခုနှစ် ဇန်န၀ါရီလအ တွင်း စတင်ပြုလုပ်ခဲ့
ခြင်းဖြစ် ပြီး သံဃာအတုအယောင် ၁၀ ပါး ဖမ်းဆီးရမိကာ အရေးယူဆောင် ရွက်ထားကြောင်း ဆရာတော် က ဆက်လက်မိန့်ကြားသည်။
ငြိမ်းချမ်း | 7day

မှတ်ချက်များ