အလောင်းမင်းတရားပေးခဲ့သည့်ရွှေပေလွှာ မိတ္ထူ ကို မြန်မာသို့ ဂျာမနီမှ ပြန်လည်ပေးအပ်

၁၇၅၆ ခုနှစ်က ဗြိတိန်အင်ပါယာ၏ ဂျော့ဘုရင်(၂)သို့ အလောင်း မင်းတရားကြီးကပေးအပ်ခဲ့သည့် ရွှေပေ လွှာကို ဂျာမနီနိုင်ငံ ခြားရေးဝန်ကြီးဌာနနှင့် ဂျာမနီနိုင်ငံ၊စာကြည့်တိုက်တစ်ခုဖြစ်
သော Gottfried Wilhelm Leibniz တို့က 3D ဒီဂျစ်တယ်
နည်းပညာဖြင့် မိတ္ထူ ကူးပြီးမြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် ထံ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး စတိုင်းလိုင်က ပေးအပ်လိုက်သည်။

မြန်မာနှင့် ဂျာမနီသံတမန်ဆက်ဆံရေးနှစ် ၆၀ အထိမ်းအမှတ်ပြပွဲတစ်ခုကိုစက်တင်ဘာ ၃ ရက်က ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဌာနခန်းမဆောင် တွင်ကျင်းပပြု လုပ်ခဲ့သည့်အခမ်းအနားတွင် အဆို ပါရွှေပေလွှာ မိတ္ထူ ကိုပေးအပ်ခဲ့ခြင်းဖြစ်သည်။ စတိုင်းလိုင်က မြန်မာနှင့် ဂျာမနီနိုင်ငံတို့ အကြား ၂၀၁၃ ခုနှစ်ကရေးထိုး ခဲ့သည့်ယဉ်ကျေးမှု အပြန် အလှန် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ ညီချက် သည်တိုး တက်အောင်မြင်နေကြောင်း၊ တက္ကသိုလ် များအကြား ပူးပေါင်းဆောင်ရွက်မှုသည်
လည်း များပြားလာကာ ဂျာနယ်လစ်များ အပြန်အလှန် သွားရောက်မှုများလည်း
ရှိနေကြောင်း၊ Goethe-Institut ၏ ရုံးခန်းကိုလည်း ရန်ကုန်မြို့တွင် မကြာမီဖွင့်လှစ်
သွားမည်ဖြစ် ကြောင်း ပြောကြားသည်။

ဟန်နိုးဘာမြို့၊ ဂေါ့သ်ဖရီးဗီဟန်းလိုက်ဘနစ်စာကြည့်တိုက်တွင် သိမ်းဆည်းထားသည့် အဆိုပါရွှေပေလွှာအား ဒီဂျစ်တယ်နည်း ပညာဖြင့် ကူးထားသည့်မိတ္ထူ အားပေးအပ်လိုက်ခြင်း သည် နှစ်နိုင်ငံယဉ်ကျေးမှု ဆက် ဆံရေးအတွက် မျက်နှာစာသစ်
ဖြစ်လာကြောင်း စတိုင်းလိုင်က ပြောကြားသည်။

အဆိုပါ ရွှေပေလွှာမိတ္ထူ ကို ရန်ကုန်မြို့တွင် ပထမဆုံးပြသပြီး နေပြည်တော်ရှိအမျိုးသားပြတိုက်တွင် ထားရှိ သွားမည်ဖြစ်ကြောင်း သိရသည်။ (ရည်ညွှန်း- ဂျာမနီ နိုင်ငံခြားရေး ၀န်ကြီးဌာန)

Mizzima

မှတ်ချက်များ