မောင်းနှင်နေတဲ့ ယာဉ်ပေါ် ထနောင်းပင်လဲပြိုကျရာမှ ခရီးသည်လေးဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း ဒေသကြီး ချောင်းဦးမြို့နယ် အပိုင်တွင် ၅/၉/၂၀၁၄ ရက်နေ့  ယနေ့  နေ့ လည် ၁၁း၃၀ အချိန် ခန့် က မုံရွာ - မန္တ လေး အဝေးပြေး ကားလမ်း မကြီးပေါ်မှာ မောင်းနှင် လာတဲ့ ကားပေါ် ထနောင်းပင်လဲပြို ကျရာ မှ ခရီးသည် လေးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သစ်ထူးလွင် မှ သတင်းရရှိပါတယ်။
ချောင်းဦးမြို့နယ် ရေပိုးစား ဇရပ်အနီး လမ်းဘေးရှိ ထနောင်းပင်သည် မြေသားအိပြီး လဲပြိုကျစဉ် မန္တလေး ဘက်မှ မုံရွာမြို့ဘက်သို့ မောင်းနှင်လာသော 7F/****ခရီးသည်တင် ဒိုင်နာယာဉ်ပေါ်သို့ လဲပြိုပိမိခဲ့တာ ဖြစ်ပါ တယ်။
အဆိုပါ ထနောင်းပင် လဲကျမှုကြောင့် ကားပေါ်တွင် လိုက်ပါလာသော ခရီးသည်လေးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာ များ ရရှိခဲ့သဖြင့် အခင်းဖြစ်ပွာရာ နေရာသို့ ချောင်းဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးအဖွဲ့ များ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ မီးသတ်တပ်ဖွဲ့ ဝင်များ လူမှုရေး အသင်းအဖွဲ့ များရောက်ရှိ ကူညီဆောင် ရွက်မှုများ ပေးခဲ့ကြောင်း သိရပါသည်။
ဇော်ရှင်း | THIT HTOO LWIN

မှတ်ချက်များ