ထိုင်းနိုင်ငံမှ ဓာတုပစ္စည်း ပါဝင်သော စားသောက်ကုန်ပစ္စည်းများ မှာယူမှု ကျဆင်း
အထက် မြန်မာပြည် စားသောက်ကုန် ဈေးကွက် အတွင်းသို့ ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများ ယခုနှစ် အတွင်း ဝင်ရောက်လာမှု များပြားလျက် ရှိပြီး ယခင်ကထက် ဈေးနှုန်းပို၍ သက်သာစွာ သုံးစွဲ လာနိုင်သဖြင့် စားသုံး သူများ အဆင်ပြေလျက် ရှိသည်ဟု အထက် မြန်မာပြည် ဈေးကွက် အတွင်းမှ သိရသည်။
သို့သော် လတ်တလော မှာယူမှု များတွင် ဓာတုပစ္စည်း ပါဝင်သော စားသောက်ကုန် မှာယူမှု သိသာစွာ ကျ ဆင်း သွားကြောင်း ဈေးချိုတော် မှ ကုန်သည်များက ပြောပြသည်။
င်္FDA မှ ထိုင်းနိုင်ငံက ဝင်ရောက်သည့် အချိုရည်ဘူး များ၊ အလှကုန် ပစ္စည်းများ နှင့် ပတ်သက်၍ သုံးစွဲရန် သင့်၊ မသင့်ကို ကြေညာချက်များ ထုတ်ပြန်လျက် ရှိသဖြင့် ကုန်သည်များ မှာယူမှုကို စိစစ် နေရကြောင်း သိရသည်။
" FDA တို့ စားသုံးသူ ကာကွယ်ရေး အဖွဲ့အစည်း တို့ကနေ အမြဲမပြတ် စစ်ဆေးတာ တွေနဲ့ သတင်း ထုတ်
ပြန်ချက်တွေ ရှိတော့ ကုန်အမှာတွေ စိစစ် နေရတယ်။ ဓာတုပစ္စည်း ပါဝင်တာနဲ့ သုံးစွဲနေကျ ပစ္စည်းတွေ မဟုတ်ရင် ကုန်လက်မခံဘူး .. '' ဟု ကုန်သည် တစ်ဦးက ပြောပြသည်။
ယခုနှစ်ပိုင်းတွင် ထိုင်းနိုင်ငံထုတ် စားသောက်ကုန် ပစ္စည်း ဝင်ရောက်မှု ရာခိုင်နှုန်း တိုးတက်လာပြီး ယခင် ကထက် ဈေးနှုန်း သက်သာမှုများ ရှိလာကြောင်း သိရသည်။ လတ်တလော ကာလများတွင် ကြက်အူ
ချောင်း၊ ငါးအူချောင်း နှင့် ပင်လယ်စာ မျိုးစုံတို့မှာ ကျန်းမာရေးနှင့် မညီညွတ် ဟူသော သတင်းများ ထွက်ပေါ်
နေသဖြင့် အရောင်းအေးပြီး မှာယူမှုလည်း နည်းပါးကြောင်း သိရသည်။ စားသုံးမှု မှာလည်း ယခင် ကထက် ၄ဝ ရာခိုင်နှုန်း
ကျဆင်း သွားသည်ဟု ကုန်သည်များက ပြောပြသည်။ ထိုင်းနိုင်ငံ မှ တင်သွင်းသော အချိုရည်ဘူးများ၊ အလှ ကုန် ပစ္စည်းများမှာ အချို့သည် FDA ၏ ခွင့်ပြုချက် မပါရှိဘဲ အောက်လိုင်းမှ ဝင်ရောက်မှုများ ဖြစ်သဖြင့်
ဈေးကွက်ထဲတွင် ရွေးချယ်မှုများ ပြုလုပ် နေရပြီး စိစစ်မှုများ ယခင်ကထက် ပြုလုပ် နေရသည်ဟု သိရသည်။
Yadanarpondaily

မှတ်ချက်များ